Spots news
ဟာဇက်ကို ပရီးမီးယားလိဂ်ဆီသို့ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ချဲလ်ဆီး
Unicode Version
ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ ကြယ်ပွင့် ကစားသမားဟောင်း ဟာဇက်ကို ပြန်လည်ခေါ်ယူရန်အတွက် တရားဝင် မဟုတ်သော်လည်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဆွေးနွေး ညှိနှိုင်းမှုအချို့ ရှိခဲ့ကြောင်း စပိန်‌ အခြေစိုက် သတင်း မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။
ချဲလ်ဆီး အသင်းပိုင်ရှင် အဘရာမိုဗစ်ချ်က အသင်းရဲ့ အဓိက ကစားသမားဟောင်း ဟာဇက်အနေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ သူ့ရဲ့ အရင်ခြေစွမ်းကို ပြန်လည်ရရှိနိုင်မည်ဟု ယုံကြည်နေပြီး ပြန်ခေါ်လိုနေခြင်း ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်နှင့် ဟာဇက်ကို ပြန်ခေါ်ရေး ဆွေးနွေးခဲ့သလို ဟာဇက် ကိုယ်တိုင်ကလည်း လန်ဒန်သို့ ပြန်လာလိုကြောင်း မီဒီယာများက ဖော်ပြထားပါတယ်။ ၂၀၁၉ မှာ ပြောင်းရွှေ့ကြေး ပေါင် ၉၈ သန်းဖြင့်
ချဲလ်ဆီးမှ ရီးရဲလ်သို့ ပြောင်းရွှေ့ခဲ့တဲ့ ဟာဇက်ဟာ စပိန်မှာ ရီးရဲမက်ဒရစ်အသင်းအတွက် ၅၁ ပွဲ ကစားပေးနိုင်ခဲ့ပြီး ၅၇ ပွဲ လွဲချော်ခဲ့သည်။ ထို့ကြောင့် ပွဲကစားနိုင်တာထက် နားရသည့် ပွဲအရေအတွက် က ပိုများခဲ့ပါတယ်။
ထို့ကြောင့် ရီးရဲမက်ဒရစ်အသင်းဟာ ပိုလျှံကစားသမား ဖြစ်နေတဲ့ ဟာဇက်ကို ရောင်းထုတ်လိုပြီး ဟာဇက်အတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၉၈ သန်းအနက် အချို့ကို ကာမိရန် ပြန်လည် ရယူလိုနေပေမယ့် ချဲလ်ဆီးက ဟာဇက်အတွက်
ပြောင်းရွှေ့ကြေးကို ပေါင် ၃၃ သန်းထက် ပိုပေးရန် ဆန္ဒမရှိကြောင်း ဖော်ပြထားပါတယ်။ ချဲလ်ဆီးအသင်း နည်းပြ တူချယ်ကလဲ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲမက်ဒရစ်နှင့် ကစားခဲ့တုန်းက ဟာဇက်ကို နှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ဟာဇက်က ထိပ်တန်း ကစားသမားပါ။ ဒီကလပ်အသင်းမှာ နှစ်ပေါင်းများစွာ ကစားသွားပါတယ်။ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး ပြိုင်ပွဲကြီးတစ်ခုမှာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ကစားနိုင်တဲ့အတွက် သူဟာ ကြီးကျယ်တဲ့ ကစားသမားဖြစ်သလို ကျွန်တော် အများကြီးလည်း လေးစားပါတယ်”ဟု တူချယ်က ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
Zawgyi Version
ချဲလ်ဆီး အသင်းပိုင်ရှင် အဘရာမိုဗစ်ခ်ျက အသင်းရဲ့ အဓိက ကစားသမားဟောင်း ဟာဇက်အနေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ သူ့ရဲ့ အရင်ခြေစွမ်းကို ပြန်လည်ရရှိနိုင်မည်ဟု ယုံကြည်နေပြီး ပြန်ခေါ်လိုနေခြင်း ဖြစ်ပါတယ်။