Spots news

ရေနံဘောစိတွေဆီ ရောင်းချဖို့ လင်ဂတ်ကို ဈေးနှုန်းသတ်မှတ်လိုက်တဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်နိုင်ခြေ နည်းပါးလာတဲ့ ကွင်းလယ် တိုက်စစ်ကစားသမား လင်ဂတ်ကို ဇန်နဝါရီမှာ ရောင်းချနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးတစ်ရပ် သတ်မှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ ပြီးခဲ့တဲ့နှစ် ရာသီဝက်ကို ဝက်စ်ဟမ်းအသင်းမှာ အငှားထွက်ကစားခဲ့ပြီး အထူးခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်ကို ပြန်လာပြီး ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

လင်ဂတ်ရဲ့ စာချုပ်ကလည်း လာမယ့်နွေရာသီဆိုရင် သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဆုံးရှုံးရနိုင်ခြေလည်း ရှိနေပါတယ်။ လင်ဂတ်ကိုယ်တိုင်ကလည်း လာမယ့်လပိုင်းအတွင်း ပွဲထွက်ရရှိမှု အခြေအနေပေါ် မူတည်ပြီး စာချုပ်သစ် ချုပ်မချုပ်ကို

ဆုံးဖြတ်သွားမှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်က မြင့်မားတဲ့ လစာတစ်ရပ်ဖြစ်တဲ့ တစ်ပတ်ပေါင် ၁၃၅၀၀၀ ထိပေးပြီး ကမ်းလှမ်းထားပေမယ့် လာမယ့်ကမ္ဘာ့ဖလားကို ဝင်ကစားချင်တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ပဲ လိုချင်နေတဲ့ လင်ဂတ်က ဒီကမ်းလှမ်းမှုကို ငြင်းပယ်ဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက လန်ဒန်ကလပ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဒီနွေရာသီမှာ ယူနိုက်တက်က လင်ဂတ်ရဲ့ တန်ဖိုးပို ပေါင်သန်း ၃၀ သတ်မှတ်ခဲ့ပေမယ့် စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့တာကြောင့် ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းရင်တောင်

လက်ခံသွားဖွယ် ရှိနေပါတယ်။ ဇန်နဝါရီရောက်တာနဲ့ ၂၈ နှစ်အရွယ် ကစားသမားဟာ နိုင်ငံခြားကလပ်တွေနဲ့ စတင်ဆွေးနွေးနိုင်ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေကတော့ ယူနိုက်တက်နဲ့ ဆွေးနွေးရမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းကတော့ သူတို့ရဲ့အငှားကစားသမားဟောင်းကို စိတ်ဝင်စားနေဆဲဖြစ်ပြီး အသင်းပိုင်ရှင်သစ်နဲ့ နယူးကာဆယ်ကလည်း လင်ဂတ်ကိုလာမယ့် အပြောင်းအရွှေ့တွေမှာ အဓိကပစ်မှတ်အဖြစ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။ လင်ဂတ်က မကြာသေးမီကပဲ ယူနိုက်တက်မှာ

နေရာရဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပေမယ့် အရန်ခုံမှာပဲ ဆက်လက်ဖြတ်သန်းနေရသလို အဓိကကစားသမားတစ်ယောက်ဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကလည်း ဒဏ်ရာကပြန်သက်သာလာပြီဖြစ်လို့ အသင်းကနေ ထွက်ခွာနိုင်ခြေ ပိုများလာခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အသင္းနဲ႕ စာခ်ဳပ္သစ္ခ်ဳပ္နိုင္ေျခ နည္းပါးလာတဲ့ ကြင္းလယ္လူ လင္ဂတ္ကို ဇန္နဝါရီမွာ ေရာင္းခ်နိဳင္ဖို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ သတ္မွတ္လိုက္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

အဂၤလန္လက္ေ႐ြးစင္ ကြင္းလယ္တိုက္စစ္ ကစားသမား လင္ဂတ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ရာသီဝက္ကို ဝက္စ္ဟမ္းအသင္းမွာ အငွားထြက္ကစားခဲ့ၿပီး အထူးေျခစြမ္းျပသနိုင္ခဲ့တာေၾကာင့္ ယူနိုက္တက္ကို ျပန္လာၿပီး ပြဲထြက္ခြင့္တစ္ေနရာအတြက္ တိုက္ပြဲဝင္ဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

လင္ဂတ္ရဲ႕ စာခ်ဳပ္ကလည္း လာမယ့္ေႏြရာသီဆိုရင္ သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္လို႔ ေျပာင္းေ႐ႊ႕ေၾကး အလြတ္နဲ႕ ဆုံးရႈံးရနိုင္ေျခလည္း ရွိေနပါတယ္။ လင္ဂတ္ကိုယ္တိုင္ကလည္း လာမယ့္လပိုင္းအတြင္း ပြဲထြက္ရရွိမႈ အေျခအေနေပၚ မူတည္ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္မခ်ဳပ္ကို

ဆုံးျဖတ္သြားမွာလည္း ျဖစ္ပါတယ္။ ယူနိုက္တက္က ျမင့္မားတဲ့ လစာတစ္ရပ္ျဖစ္တဲ့ တစ္ပတ္ေပါင္ ၁၃၅၀၀၀ ထိေပးၿပီး ကမ္းလွမ္းထားေပမယ့္ လာမယ့္ကမာၻ႔ဖလားကို ဝင္ကစားခ်င္တာေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ပဲ လိုခ်င္ေနတဲ့ လင္ဂတ္က ဒီကမ္းလွမ္းမႈကို ျငင္းပယ္ဖြယ္ရွိေနပါတယ္။

ၿပီးခဲ့တဲ့ရာသီက လန္ဒန္ကလပ္မွာ ေျခစြမ္းျပသနိုင္ခဲ့ၿပီးေနာက္ ဒီေႏြရာသီမွာ ယူနိုက္တက္က လင္ဂတ္ရဲ႕ တန္ဖိုးပို ေပါင္သန္း ၃၀ သတ္မွတ္ခဲ့ေပမယ့္ စာခ်ဳပ္သက္တမ္း ၆ လသာ က်န္ရွိေတာ့တာေၾကာင့္ ေပါင္ ၁၅ သန္းနဲ႕ ကမ္းလွမ္းရင္ေတာင္

လက္ခံသြားဖြယ္ ရွိေနပါတယ္။ ဇန္နဝါရီေရာက္တာနဲ႕ ၂၈ ႏွစ္အ႐ြယ္ ကစားသမားဟာ နိုင္ငံျခားကလပ္ေတြနဲ႕ စတင္ေဆြးေႏြးနိုင္ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္ေတြကေတာ့ ယူနိုက္တက္နဲ႕ ေဆြးေႏြးရမွာျဖစ္ပါတယ္။

ဝက္စ္ဟမ္းကေတာ့ သူတို႔ရဲ႕အငွားကစားသမားေဟာင္းကို စိတ္ဝင္စားေနဆဲျဖစ္ၿပီး အသင္းပိုင္ရွင္သစ္နဲ႕ နယူးကာဆယ္ကလည္း လင္ဂတ္ကိုလာမယ့္ အေျပာင္းအေ႐ႊ႕ေတြမွာ အဓိကပစ္မွတ္အျဖစ္နဲ႕ ေခၚယူသြားဖို႔ စိတ္ဝင္စားေနၾကပါတယ္။ လင္ဂတ္က မၾကာေသးမီကပဲ ယူနိုက္တက္မွာ

ေနရာရဖို႔ ဆက္လက္တိုက္ပြဲဝင္သြားမယ္လို႔ ေျပာခဲ့ေပမယ့္ အရန္ခုံမွာပဲ ဆက္လက္ျဖတ္သန္းေနရသလို အဓိကကစားသမားတစ္ေယာက္ျဖစ္တဲ့ မားကပ္စ္ရက္ရွ္ဖို႔ဒ္ကလည္း ဒဏ္ရာကျပန္သက္သာလာၿပီျဖစ္လို႔ အသင္းကေန ထြက္ခြာနိုင္ေျခ ပိုမ်ားလာခဲ့ပါတယ္။