Spots news

သူယူထားတဲ့ ဆုတွေကြောင့် ရွှေဘောလုံးဆုရဖို့ မျှော်လင့်နေတဲ့ လီဝမ်ဒေါစကီး

Unicode Version

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီး ကတော့ လာမယ့် နိုဝင်ဘာလ ၂၉ရက်နေ့မှာ ပေးအပ် ချီးမြှင့်မယ့် Ballon D’Or ဆု ရွှေဘောလုံးဆုပေးပွဲမှာ ကစားသမား ဘဝ ပထမဦးဆုံး အကြိမ် ရွှေဘောလုံးဆုကို ရရှိလိမ့်မယ်လို့ ယုံကြည်နေကြောင်း ပြောဆို လိုက်ပါတယ်။

လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခု အတွင်းမှာ ၈၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၃ဂိုး ဂိုးဖန်တီးမှု ၁၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ စုစုပေါင်း ဂိုးပါဝင်ပတ်သတ်မှု ၁၂၂ဂိုး အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ FIFA ကနေ ပေးအပ် ချီးမြှင့်တဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သူပါ။

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့် ရွှေဘောလုံးဆုပေးပွဲကို ယမန်နှစ်မှာ ပြုလုပ်ခဲ့ခြင်း မရှိပဲ ယခုနှစ်မှသာ ပြန်လည် ကျင်းပခဲ့တာ ဖြစ်ပြီး ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမားတွေ ကတော့ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ၊ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီးတို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်မယ့် ကစားသမား အဖြစ် လီဝမ်ဒေါစကီးက ရေပန်းစားနေတာ ဖြစ်ပြီး လီဝမ်ဒေါစကီးကလည်း သူ့ရဲ့ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း စွမ်းဆောင်ရည်တွေကြောင့် သူဟာ ရွှေဘောလုံးဆုကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လီဝမ်ဒေါစကီးက “ ရွှေဘောလုံးဆုကို ရယူနိုင်ချေ ရှိနေတာက ကျွန်တော့် အတွက် အဓိပ္ပါယ် အများကြီး ရှိပါတယ်။ ပြီးတော့ ဒီလိုအခြေအနေ အထိ ရောက်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ တကယ်လို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ တခုထဲ မဟုတ်ပဲ ရှေ့တနှစ်ကိုပါ ချိန်ထိုးကြည့်ရင် ကျွန်တော်က ဆုဖလားတွေ အများကြီး ရထားသလို သွင်းဂိုးတွေလည်း အများကြီး သွင်းထားနိုင်တာကို မြင်ရမှာပါ။ ”

“ ချန်ပီယံလိဂ် ရတယ်။ စူပါဖလား ရတယ်။ ကမ္ဘာ့ကလပ်ဖလား ရထားတယ်။ ဂတ်မူလာရဲ့ ၄၁ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေက ရွှေဘောလုံးဆုနဲ့ ထိုက်တန်လား ၊ မထိုက်တန်ဘူးလား ဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာ ကျွန်တော် ရခဲ့တဲ့ အောင်မြင်မှုတွေက ထိပ်တန်းအဆင့် ကစားသမားတွေပဲ ရနိုင်တာမို့လို့ပါ” ဆိုပြီး ဖွင့်ဟ ပြောကြားခဲ့တာပါ။

Zawgyi Version

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး လီဝမ္ေဒါစကီး ကေတာ့ လာမယ့္ နိုဝင္ဘာလ ၂၉ရက္ေန႕မွာ ေပးအပ္ ခ်ီးျမႇင့္မယ့္ Ballon D’Or ဆု ေ႐ႊေဘာလုံးဆုေပးပြဲမွာ ကစားသမား ဘဝ ပထမဦးဆုံး အႀကိမ္ ေ႐ႊေဘာလုံးဆုကို ရရွိလိမ့္မယ္လို႔ ယုံၾကည္ေနေၾကာင္း ေျပာဆို လိုက္ပါတယ္။

လီဝမ္ေဒါစကီးဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ႏွစ္ခု အတြင္းမွာ ၈၇ပြဲ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၁၀၃ဂိုး ဂိုးဖန္တီးမႈ ၁၉ႀကိမ္ အထိ ျပဳလုပ္နိုင္ခဲ့ကာ စုစုေပါင္း ဂိုးပါဝင္ပတ္သတ္မႈ ၁၂၂ဂိုး အထိ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီမွာ FIFA ကေန ေပးအပ္ ခ်ီးျမႇင့္တဲ့ အေကာင္းဆုံး ကစားသမားဆုကိုလည္း ရရွိခဲ့သူပါ။

ကိုရိုနာဗိုင္းရပ္စ္ ပ်ံ့ပြားမႈေၾကာင့္ ေ႐ႊေဘာလုံးဆုေပးပြဲကို ယမန္ႏွစ္မွာ ျပဳလုပ္ခဲ့ျခင္း မရွိပဲ ယခုႏွစ္မွသာ ျပန္လည္ က်င္းပခဲ့တာ ျဖစ္ၿပီး ယခုႏွစ္ရဲ႕ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းအစားဆုံး ျဖစ္ေနတဲ့ ကစားသမားေတြ ကေတာ့ ခ်ယ္လ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ၊ ပီအက္စ္ဂ်ီ တိုက္စစ္မႉး မက္ဆီ ၊ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉး ဘန္ဇီမာနဲ႕ လီဝမ္ေဒါစကီးတို႔ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ယခုႏွစ္ရဲ႕ ေ႐ႊေဘာလုံးဆုကို ရယူနိုင္မယ့္ ကစားသမား အျဖစ္ လီဝမ္ေဒါစကီးက ေရပန္းစားေနတာ ျဖစ္ၿပီး လီဝမ္ေဒါစကီးကလည္း သူ႕ရဲ႕ ၿပီးခဲ့တဲ့ ႏွစ္ရာသီ အတြင္း စြမ္းေဆာင္ရည္ေတြေၾကာင့္ သူဟာ ေ႐ႊေဘာလုံးဆုကို ရယူနိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

လီဝမ္ေဒါစကီးက “ ေ႐ႊေဘာလုံးဆုကို ရယူနိုင္ေခ် ရွိေနတာက ကြၽန္ေတာ့္ အတြက္ အဓိပၸါယ္ အမ်ားႀကီး ရွိပါတယ္။ ၿပီးေတာ့ ဒီလိုအေျခအေန အထိ ေရာက္ခဲ့လို႔ ဂုဏ္ယူမိပါတယ္။ တကယ္လို႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ တခုထဲ မဟုတ္ပဲ ေရွ႕တႏွစ္ကိုပါ ခ်ိန္ထိုးၾကည့္ရင္ ကြၽန္ေတာ္က ဆုဖလားေတြ အမ်ားႀကီး ရထားသလို သြင္းဂိုးေတြလည္း အမ်ားႀကီး သြင္းထားနိုင္တာကို ျမင္ရမွာပါ။ ”

“ ခ်န္ပီယံလိဂ္ ရတယ္။ စူပါဖလား ရတယ္။ ကမာၻ႔ကလပ္ဖလား ရထားတယ္။ ဂတ္မူလာရဲ႕ ၄၁ဂိုး စံခ်ိန္ကို ေက်ာ္ျဖတ္နိုင္ခဲ့တယ္။ ကြၽန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္ေတြက ေ႐ႊေဘာလုံးဆုနဲ႕ ထိုက္တန္လား ၊ မထိုက္တန္ဘူးလား ဆိုတာကို ဆုံးျဖတ္ေပးနိုင္ပါတယ္။ ၿပီးခဲ့တဲ့ ၂ႏွစ္ အတြင္းမွာ ကြၽန္ေတာ္ ရခဲ့တဲ့ ေအာင္ျမင္မႈေတြက ထိပ္တန္းအဆင့္ ကစားသမားေတြပဲ ရနိုင္တာမို႔လို႔ပါ” ဆိုၿပီး ဖြင့္ဟ ေျပာၾကားခဲ့တာပါ။