Spots news

ရိုမာနို အတည်ပြုထားတဲ့ ယူနိုက်တက်ရဲ့ နောက်ဆုံးရ အပြောင်းအရွေ့ သတင်းများ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာလရှည် ဒုက္ခပေးနေပေမယ့် အင်အားဖြည့်တင်းခြင်း မရှိခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်ခံစစ် နေရာအတွက် စတင်ပြင်ဆင် လာတော့မှာ ဖြစ်ပြီး ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးကို ဇန်နဝါရီ သို့မဟုတ် လာမယ့် နွေရာသီ ဈေးကွက်မှာ အရခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ  ပြီးခဲ့သည့် အပြောင်းအရွှေ့ ဈေးကွက်က ကွင်းလယ်နေရာအတွက် ရီးရဲလ်ကို ရောက်နေတဲ့ ကာမာဗင်ဂါနှင့် ချယ်လ်ဆီးကို ရောက်နေပြီ ဖြစ်တဲ့ ဆာအူးလ်တို့ကို အလိုရှိခဲ့ ပေမယ့် ရော်နယ်ဒိုကို ခေါ်ယူနိုင်မည့် အခွင့်အရေးအား မငြင်းပယ်နိုင်ခဲ့တဲ့ အတွက် ဈေးကွက်ဗျူဟာအား ပြောင်းလဲခဲ့ရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက် အသင်းဟာ အသင်းရဲ့ အပြောင်းအရွေ့ မူဝါဒ တချို့ကို ပြောင်းလဲဖွယ်ရှိနေပြီး အခွင့်အရေးကြီးကြီးမားမား ရမည်ဆိုပါက လာမည့်ရာသီတွင် စာချုပ်ကုန်ဆုံးမည့် ကစားသမားများထဲမှလည်း အလွတ်ခေါ်ယူဖို့ ပြိုင်ဘက်အသင်းများနဲ့ အပြိုင် ဝင်ရောက်ကြိုးစား လာမယ်လို့ သိရပါတယ်။

အတည်မပြုနိုင်သော သတင်များအရ နယူးကာဆယ် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွေ့မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းမှ တိုက်စစ်ကစားသမား မာရှယ် ၊ ကွင်းလယ် ကစားသမား လင်ဂတ် နဲ့ နောက်ခံလူ ဘိုင်လီ တို့ကို ခေါ်ယူရန် ကြံစည်နေကြောင်း သိရပါတယ်။

ဗန်ဒီဘိခ် ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အဲဗာတန် ၊ ဘာစီလိုနာ နှင့် ဂျူဗင်တပ် အသင်းတို့ဟာ ဇန်နဝါရီအပြောင်းအရွေ့မှာ ခေါ်ယူဖို့ကြိုးပမ်းမှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဂျူဗင်တပ် အသင်းရဲ့ ငွေကြေးပြသနာများကြောင့် အသင်းရှိ ကစားသမားတွေဖြစ်တဲ့ Weston McKennie, Ramsey တို့ကိုအသင်းကနေထွက်ခွာခွင့် ပြုပြီးမှ ဗန်ဒီဘိခ် ကို ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ကာလရွည္ ဒုကၡေပးေနေပမယ့္ အင္အားျဖည့္တင္းျခင္း မရွိခဲ့တဲ့ အသင္းရဲ႕ ကြင္းလယ္ခံစစ္ ေနရာအတြက္ စတင္ျပင္ဆင္ လာေတာ့မွာ ျဖစ္ၿပီး ထိပ္တန္း ကြင္းလယ္ခံစစ္ ကစားသမားတစ္ဦးကို ဇန္နဝါရီ သို႔မဟုတ္ လာမယ့္ ေႏြရာသီ ေဈးကြက္မွာ အရေခၚယူဖို႔ ေစာင့္ၾကည့္လ်က္ ရွိေၾကာင္း သိရပါတယ္။

ယူနိုက္တက္အသင္းဟာ  ၿပီးခဲ့သည့္ အေျပာင္းအေ႐ႊ႕ ေဈးကြက္က ကြင္းလယ္ေနရာအတြက္ ရီးရဲလ္ကို ေရာက္ေနတဲ့ ကာမာဗင္ဂါႏွင့္ ခ်ယ္လ္ဆီးကို ေရာက္ေနၿပီ ျဖစ္တဲ့ ဆာအူးလ္တို႔ကို အလိုရွိခဲ့ ေပမယ့္ ေရာ္နယ္ဒိုကို ေခၚယူနိုင္မည့္ အခြင့္အေရးအား မျငင္းပယ္နိုင္ခဲ့တဲ့ အတြက္ ေဈးကြက္ဗ်ဴဟာအား ေျပာင္းလဲခဲ့ရျခင္း ျဖစ္ပါတယ္။

ဒါ့အျပင္ မန္ယူနိုက္တက္ အသင္းဟာ အသင္းရဲ႕ အေျပာင္းအေ႐ြ႕ မူဝါဒ တခ်ိဳ႕ကို ေျပာင္းလဲဖြယ္ရွိေနၿပီး အခြင့္အေရးႀကီးႀကီးမားမား ရမည္ဆိုပါက လာမည့္ရာသီတြင္ စာခ်ဳပ္ကုန္ဆုံးမည့္ ကစားသမားမ်ားထဲမွလည္း အလြတ္ေခၚယူဖို႔ ၿပိဳင္ဘက္အသင္းမ်ားနဲ႕ အၿပိဳင္ ဝင္ေရာက္ႀကိဳးစား လာမယ္လို႔ သိရပါတယ္။

အတည္မျပဳနိုင္ေသာ သတင္မ်ားအရ နယူးကာဆယ္ အသင္းဟာ ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာပဲ မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွ တိုက္စစ္ကစားသမား မာရွယ္ ၊ ကြင္းလယ္ ကစားသမား လင္ဂတ္ နဲ႕ ေနာက္ခံလူ ဘိုင္လီ တို႔ကို ေခၚယူရန္ ႀကံစည္ေနေၾကာင္း သိရပါတယ္။

ဗန္ဒီဘိခ္ ေခၚယူရန္ စိတ္ဝင္စားေနတဲ့ အဲဗာတန္ ၊ ဘာစီလိုနာ ႏွင့္ ဂ်ဴဗင္တပ္ အသင္းတို႔ဟာ ဇန္နဝါရီအေျပာင္းအေ႐ြ႕မွာ ေခၚယူဖို႔ႀကိဳးပမ္းမွာ ျဖစ္ေၾကာင္း သိရပါတယ္။ သို႔ေပမယ့္ ဂ်ဴဗင္တပ္ အသင္းရဲ႕ ေငြေၾကးျပသနာမ်ားေၾကာင့္ အသင္းရွိ ကစားသမားေတြျဖစ္တဲ့ Weston McKennie, Ramsey တို႔ကိုအသင္းကေနထြက္ခြာခြင့္ ျပဳၿပီးမွ ဗန္ဒီဘိခ္ ကို ေခၚယူနိုင္ဖြယ္ရွိေနပါတယ္။