Unicode Version
ယူနိုက်တက်အတွက် ဒဏ်ရာကြောင့် ကစားပေးနိုင်ခြင်းမရှိဘဲ အနားယူနေရတဲ့ တိုက်စစ်မှူးရက်ဖို့ဒ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရမယ့် အပေါ်မှာ စိတ်လှုပ်ရှားကြောင်း ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ကို ရော်နယ်ဒိုပြန်ရောက်လာချိန်ကတည်းက တွဲဖက် ကစားရသေးခြင်း မရှိတာဖြစ်ပြီး လာမယ့် လက်စတာနဲ့ပွဲမှာ သူတို့နှစ်ဦးကို အတူတူ မြင်တွေ့ရဖွယ် ရှိနေပါတယ်။
ပခုံးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူထားခဲ့တဲ့ ရက်ဖို့ဒ်ဟာ အသင်းရဲ့ တံခါးပိတ် ခြေစမ်းပွဲကို ပါဝင်ကစားခဲ့ပြီး နှစ်ဂိုးသွင်းယူ နိုင်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန် တိုက်စစ်မှူးက အခုအခါမှာတော့ ရော်နယ်ဒိုနဲ့
တွဲဖက်ကစားဖို့ မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေပြီး ပေါ်တူဂီ တိုက်စစ်မှူးဟာ အသင်းကို ဆုဖလားတွေ ရအောင် လမ်းညွှန်ပေးနိုင်မယ့် သူလို့လည်း ခံစားနေရကြောင်း ပြောဆိုခဲ့ပါတယ်။
“ကျွန်တော့်အတွက်တော့ ဒါက တကယ့်ခံစားမှုကြီးပါပဲ၊ ကစားသမားတစ်ဦး အနေနဲ့တင် မဟုတ်ဘဲ အသင်းပရိသတ် တစ်ဦးအနေနဲ့ပါ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ခံစားရပါတယ်၊ အသင်းဂန္ထဝင် တစ်ဦး ကလပ်ကို
ပြန်ရောက်လာတယ် ဆိုတာက အရမ်း ကောင်းပါတယ်၊ အိုးထရက်ဖို့ဒ်မှာ သူနဲ့အတူ ကစားရမယ်ဆိုတာက အံ့ချီးဖွယ်ရာဖြစ်ပြီး ဆုဖလားတွေ ရယူနိုင်ဖို့လည်း တွန်းအားဖြစ်လာမှာပါ” လို့ ရက်ဖို့ဒ်က ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
“ကျွန်တော့် ဒဏ်ရာကနေ ပြန်လည်သက်သာနေပါပြီ၊ ပြန်ကစားနိုင်ပြီလို့တော့ ကျွန်တော်မပြောနိုင်ပေမယ့် တော်တော်လေး အခြေအနေကောင်းနေပါပြီ၊ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ ဒီထက်ပိုကောင်းဖို့ ကြိုးစားရဦးမှာပါ၊ ပြိးခဲ့တဲ့နှစ်က ကျွန်တော့်အတွက်
အရမ်းရှည်လျားတဲ့ ရာသီ ဖြစ်ခဲ့ပါတယ်၊ စက်တင်ဘာကုန်မှာ ဒဏ်ရာရခဲ့ပြီးတော့ တဖြည်းဖြည်း ပိုဆိုးလာခဲ့ပေမယ့် အခုတော့ အပြည့်အဝ ကောင်းမွန်နေပါပြီ၊ အဲဒီတုန်းကထက် စိတ်ရောကိုယ်ပါ ပိုကောင်းလာပါတယ်” လို့ ရက်ဖို့ဒ်က ထပ်ပြော သွားခဲ့ပါတယ်။
Zawgyi Version
ယူနိုက္တက္အတြက္ ဒဏ္ရာေၾကာင့္ ကစားေပးနိုင္ျခင္းမရွိဘဲ အနားယူေနရတဲ့ တိုက္စစ္မႉးရက္ဖို႔ဒ္ဟာ အသင္းနဲ႕အတူ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ၿပီး ေရာ္နယ္ဒိုနဲ႕ တြဲဖက္ကစားရမယ့္ အေပၚမွာ စိတ္လႈပ္ရွားေၾကာင္း ေျပာဆိုလိုက္ပါတယ္။
ယူနိုက္တက္ကို ေရာ္နယ္ဒိုျပန္ေရာက္လာခ်ိန္ကတည္းက တြဲဖက္ ကစားရေသးျခင္း မရွိတာျဖစ္ၿပီး လာမယ့္ လက္စတာနဲ႕ပြဲမွာ သူတို႔ႏွစ္ဦးကို အတူတူ ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။
ပခုံးဒဏ္ရာ ခြဲစိတ္ကုသမႈ ခံယူထားခဲ့တဲ့ ရက္ဖို႔ဒ္ဟာ အသင္းရဲ႕ တံခါးပိတ္ ေျခစမ္းပြဲကို ပါဝင္ကစားခဲ့ၿပီး ႏွစ္ဂိုးသြင္းယူ နိုင္ခဲ့တယ္လို႔ သိရပါတယ္။ အဂၤလန္ တိုက္စစ္မႉးက အခုအခါမွာေတာ့ ေရာ္နယ္ဒိုနဲ႕
တြဲဖက္ကစားဖို႔ မေစာင့္ဆိုင္းနိုင္ေအာင္ ျဖစ္ေနၿပီး ေပၚတူဂီ တိုက္စစ္မႉးဟာ အသင္းကို ဆုဖလားေတြ ရေအာင္ လမ္းၫႊန္ေပးနိုင္မယ့္ သူလို႔လည္း ခံစားေနရေၾကာင္း ေျပာဆိုခဲ့ပါတယ္။
“ကြၽန္ေတာ့္အတြက္ေတာ့ ဒါက တကယ့္ခံစားမႈႀကီးပါပဲ၊ ကစားသမားတစ္ဦး အေနနဲ႕တင္ မဟုတ္ဘဲ အသင္းပရိသတ္ တစ္ဦးအေနနဲ႕ပါ ေရာ္နယ္ဒိုနဲ႕ပတ္သက္ၿပီး ခံစားရပါတယ္၊ အသင္းဂႏၳဝင္ တစ္ဦး ကလပ္ကို
ျပန္ေရာက္လာတယ္ ဆိုတာက အရမ္း ေကာင္းပါတယ္၊ အိုးထရက္ဖို႔ဒ္မွာ သူနဲ႕အတူ ကစားရမယ္ဆိုတာက အံ့ခ်ီးဖြယ္ရာျဖစ္ၿပီး ဆုဖလားေတြ ရယူနိုင္ဖို႔လည္း တြန္းအားျဖစ္လာမွာပါ” လို႔ ရက္ဖို႔ဒ္က ေျပာဆိုခဲ့ေၾကာင္း Metro က ေဖာ္ျပခဲ့ပါတယ္။
“ကြၽန္ေတာ့္ ဒဏ္ရာကေန ျပန္လည္သက္သာေနပါၿပီ၊ ျပန္ကစားနိုင္ၿပီလို႔ေတာ့ ကြၽန္ေတာ္မေျပာနိုင္ေပမယ့္ ေတာ္ေတာ္ေလး အေျခအေနေကာင္းေနပါၿပီ၊ ဒါေပမယ့္ ႐ုပ္ပိုင္းဆိုင္ရာအရ ဒီထက္ပိုေကာင္းဖို႔ ႀကိဳးစားရဦးမွာပါ၊ ၿပိးခဲ့တဲ့ႏွစ္က ကြၽန္ေတာ့္အတြက္
အရမ္းရွည္လ်ားတဲ့ ရာသီ ျဖစ္ခဲ့ပါတယ္၊ စက္တင္ဘာကုန္မွာ ဒဏ္ရာရခဲ့ၿပီးေတာ့ တျဖည္းျဖည္း ပိုဆိုးလာခဲ့ေပမယ့္ အခုေတာ့ အျပည့္အဝ ေကာင္းမြန္ေနပါၿပီ၊ အဲဒီတုန္းကထက္ စိတ္ေရာကိုယ္ပါ ပိုေကာင္းလာပါတယ္” လို႔ ရက္ဖို႔ဒ္က ထပ္ေျပာ သြားခဲ့ပါတယ္။