Spots news

ဆိုးလ်ရှားကို သောကတွေ ပေးလိုက်တဲ့ ဗာရန်း ၊မက်ဂွိုင်းယား နဲ့ ယူနိုက်တက် သတင်းတိုများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ UEFA Nation League မှာ ရရှိခဲ့တဲ့ ပေါင်ခြံ ကြွက်သား ဒါဏ်ရာကြောင့် အသင်း နှင့် မပူးပေါင်းနိုင်ပဲ ရက်သတ္တပတ် အနည်းငယ်ခန့် ယူနိုက်တက် အသင်းရဲ့ ပွဲတွေကို လွဲချော်မှာဖြစ်ကြောင်း ယူနိုက်တက်မှ တရားဝင် ထုတ်ပြန်ကြေငြာသွားပါတယ်

အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာလဲ ခြေချင်းဝတ် ဒဏ်ရာကြောင့် ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် လက်စတာ နဲ့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနိုင်တာမို့ ယူနိုက်တက်ရဲ့ နောက်တန်းဟာ အနည်းငယ် သောက ဝေနိုင်ပြီး လက်ရှိအနေအထားအရ လင်ဒီလော့ နဲ့ အဲရစ်ဘိုင်လီ အတွဲကိုသာ ပွဲထုတ်ရဖွယ်ရှိပါတယ်။

ယူနိုက်တက် တာဝန်ရှိသူများဟာ အသင်းရဲ့ စွမ်းဆောင်ရည်နှင့် ရလဒ်များ တိုးတက်ရန် ဆန္ဒရှိနေပြီး ယခုချိန်ထိ နည်းပြဆိုးလ်ရှား အပေါ်ယုံကြည်လျက်ရှိကြောင်း သိရပါတယ်။ အ၀တ်လဲခန်းအတွင်း စကားသံများအရ ယူနိုက်တက် ကစားသမားများဟာလဲ နည်းပြ ဆိုးလ်ရှားနဲ့အတူ အောင်မြင်မှုများ ရယူလိုနေကြောင်း သိရပါတယ်။

နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့ ဝါရင့် ကွင်းလယ် ကစားသမား မာတာကို ယူနိုက်တက် မှာပဲ ဆက်ရှိနေရန် အလိုရှိနေကြောင်း သိရပါတယ်။ မာတာ အနေနဲ့ လက်ရှိမှာ ပွဲထွက်ခွင့်များ နည်း ပါးနေပေမယ့် ဆိုးလ်ရှားက မာတာကို လူငယ်ကစားသမားများအား သူ့ရဲ့ ပရော်ဖက်ရှင်နယ်စံမှုများကို လွမ်းမိုးစေချင်သည်ဟု သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းဟာ UEFA Nation League မွာ ရရွိခဲ့တဲ့ ေပါင္ၿခံ ႂကြက္သား ဒါဏ္ရာေၾကာင့္ အသင္း ႏွင့္ မပူးေပါင္းနိုင္ပဲ ရက္သတၱပတ္ အနည္းငယ္ခန႔္ ယူနိုက္တက္ အသင္းရဲ႕ ပြဲေတြကို လြဲေခ်ာ္မွာျဖစ္ေၾကာင္း ယူနိုက္တက္မွ တရားဝင္ ထုတ္ျပန္ေၾကျငာသြားပါ

အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားဟာလဲ ေျခခ်င္းဝတ္ ဒဏ္ရာေၾကာင့္ ၁၆ ရက္ေန႕မွာ ယွဥ္ၿပိဳင္မယ့္ လက္စတာ နဲ႕ပြဲစဥ္ကို လြဲေခ်ာ္ဖြယ္ရွိနိုင္တာမို႔ ယူနိုက္တက္ရဲ႕ ေနာက္တန္းဟာ အနည္းငယ္ ေသာက ေဝနိုင္ၿပီး လက္ရွိအေနအထားအရ လင္ဒီေလာ့ နဲ႕ အဲရစ္ဘိုင္လီ အတြဲကိုသာ ပြဲထုတ္ရဖြယ္ရွိပါတယ္။

ယူနိုက္တက္ တာဝန္ရွိသူမ်ားဟာ အသင္းရဲ႕ စြမ္းေဆာင္ရည္ႏွင့္ ရလဒ္မ်ား တိုးတက္ရန္ ဆႏၵရွိေနၿပီး ယခုခ်ိန္ထိ နည္းျပဆိုးလ္ရွား အေပၚယုံၾကည္လ်က္ရွိေၾကာင္း သိရပါတယ္။ အ၀တ္လဲခန္းအတြင္း စကားသံမ်ားအရ ယူနိုက္တက္ ကစားသမားမ်ားဟာလဲ နည္းျပ ဆိုးလ္ရွားနဲ႕အတူ ေအာင္ျမင္မႈမ်ား ရယူလိုေနေၾကာင္း သိရပါတယ္။

နည္းျပဆိုးလ္ရွားဟာ အသင္းရဲ႕ ဝါရင့္ ကြင္းလယ္ ကစားသမား မာတာကို ယူနိုက္တက္ မွာပဲ ဆက္ရွိေနရန္ အလိုရွိေနေၾကာင္း သိရပါတယ္။ မာတာ အေနနဲ႕ လက္ရွိမွာ ပြဲထြက္ခြင့္မ်ား နည္း ပါးေနေပမယ့္ ဆိုးလ္ရွားက မာတာကို လူငယ္ကစားသမားမ်ားအား သူ႕ရဲ႕ ပေရာ္ဖက္ရွင္နယ္စံမႈမ်ားကို လြမ္းမိုးေစခ်င္သည္ဟု သိရပါတယ္။