Spots news

စံချိန်သစ်တွေ ထပ်တင်ပြီး အကြိမ်ကြိမ်သက်သေပြနေဆဲ ရော်နယ်ဒို

Unicode Version

ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လူဇင်ဘတ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ် သွင်းယူကာ ခြေစွမ်းပြ သွားခဲ့ပါတယ်။ နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်ထားတဲ့ ရော်နယ်ဒိုဟာ ပွဲချိန် ၈ မိနစ် နဲ့ ၁၃ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီတွေကို အဆုံးသတ်ခဲ့ပြီး

၈၇ မိနစ်မှာ ပွဲသိမ်းဂိုး သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာရရှိခဲ့တဲ့ ဟက်ထရစ်ကြောင့် ရော်နယ်ဒိုဟာ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဟက်ထရစ် ၁၀ ကြိမ်ရရှိခဲ့ပြီး ဘယ်ကစားသမား ထက်မဆို ပိုမိုများပြားတဲ့ အရေအတွက်ကို ပိုင်ဆိုင်ကာ စံချိန်သစ် ထပ်မံတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကစားသမားဘဝမှာ ရော်နယ်ဒိုက လူဇင်ဘတ်၊ လစ်သူယေးနီးယား (၂)ကြိမ်၊ ဆွစ်ဇာလန်၊ စပိန်၊ ဖာရိုးကျွန်းစု၊ အန်ဒိုရာ၊ အာမေးနီးယား၊ ဆွီဒင်၊ မြောက်အိုင်ယာလန်တို့ကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။  ရော်နယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုး စုစုပေါင်းကလည်း ၁၁၅ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ကာ

အလီဒါယေးကို ကျော်ဖြတ် ပြီးနောက် ၆ ဂိုးအထိ အသာစီး ရရှိခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နည်းပြဆိုးလ်ရှားက အနားပေးမှုတွေ ရှိနေခဲ့ပေမယ့် ပေါ်တူဂီမှာတော့ ကာတာနဲ့ လူဇင်ဘတ်တို့ ပွဲတွေကို ပါဝင်ကစား ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါနှစ်ပွဲမှာ ၄ ဂိုးအထိ ရော်နယ်ဒိုက သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသခဲ့ပါတယ်။ သူ့ကို အနားပေးဖို့ထက် ဝင်ရောက်ကစားစေဖို့သာရှိတယ်လို့ ဆိုးလ်ရှားကို သတိပေးလိုက်တာလည်းဖြစ်ပြီး ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကတော့ သူ့ကစားသမားကို ပွဲစဉ်တိုင်း အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

Zawgyi Version

ေပၚတူဂီ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ လူဇင္ဘတ္ကို ၅-၀ နဲ႕ အနိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဟက္ထရစ္ သြင္းယူကာ ေျခစြမ္းျပ သြားခဲ့ပါတယ္။ နိုင္ငံတကာ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ စံခ်ိန္သစ္ တင္ထားတဲ့ ေရာ္နယ္ဒိုဟာ ပြဲခ်ိန္ ၈ မိနစ္ နဲ႕ ၁၃ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီေတြကို အဆုံးသတ္ခဲ့ၿပီး

၈၇ မိနစ္မွာ ပြဲသိမ္းဂိုး သြင္းယူခဲ့တာလည္း ျဖစ္ပါတယ္။ ဒီပြဲမွာရရွိခဲ့တဲ့ ဟက္ထရစ္ေၾကာင့္ ေရာ္နယ္ဒိုဟာ နိုင္ငံတကာ ၿပိဳင္ပြဲေတြမွာ ဟက္ထရစ္ ၁၀ ႀကိမ္ရရွိခဲ့ၿပီး ဘယ္ကစားသမား ထက္မဆို ပိုမိုမ်ားျပားတဲ့ အေရအတြက္ကို ပိုင္ဆိုင္ကာ စံခ်ိန္သစ္ ထပ္မံတင္နိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ကစားသမားဘဝမွာ ေရာ္နယ္ဒိုက လူဇင္ဘတ္၊ လစ္သူေယးနီးယား (၂)ႀကိမ္၊ ဆြစ္ဇာလန္၊ စပိန္၊ ဖာရိုးကြၽန္းစု၊ အန္ဒိုရာ၊ အာေမးနီးယား၊ ဆြီဒင္၊ ေျမာက္အိုင္ယာလန္တို႔ကို သြင္းယူခဲ့တာ ျဖစ္ပါတယ္။  ေရာ္နယ္ဒိုရဲ႕ နိုင္ငံတကာသြင္းဂိုး စုစုေပါင္းကလည္း ၁၁၅ ဂိုးအထိ ရွိလာခဲ့ၿပီ ျဖစ္ကာ

အလီဒါေယးကို ေက်ာ္ျဖတ္ ၿပီးေနာက္ ၆ ဂိုးအထိ အသာစီး ရရွိခဲ့ၿပီျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ နည္းျပဆိုးလ္ရွားက အနားေပးမႈေတြ ရွိေနခဲ့ေပမယ့္ ေပၚတူဂီမွာေတာ့ ကာတာနဲ႕ လူဇင္ဘတ္တို႔ ပြဲေတြကို ပါဝင္ကစား ေပးခဲ့တာျဖစ္ပါတယ္။

အဆိုပါႏွစ္ပြဲမွာ ၄ ဂိုးအထိ ေရာ္နယ္ဒိုက သြင္းယူနိုင္ခဲ့ၿပီး သူ႕ရဲ႕ ဂိုးသြင္းစြမ္းရည္ကို ျပသခဲ့ပါတယ္။ သူ႕ကို အနားေပးဖို႔ထက္ ဝင္ေရာက္ကစားေစဖို႔သာရွိတယ္လို႔ ဆိုးလ္ရွားကို သတိေပးလိုက္တာလည္းျဖစ္ၿပီး ေပၚတူဂီနည္းျပ ဖာနန္ဒိုဆန္းတို႔စ္ကေတာ့ သူ႕ကစားသမားကို ပြဲစဥ္တိုင္း အသုံးျပဳေနတာလည္း ျဖစ္ပါတယ္။