Spots news

ဆေးရုံ‌ပေါ်က မဆင်းတဲ့ ဒမ်ဘီလီကို ခေါ်ယူဖို့ အေးဂျင့်နဲ့ စတင်ဆွေးနွေးနေတဲ့ မန်ယူ

Unicode Version

ဘာစီလိုနာအသင်းနှင့် ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် တောင်ပံကစားသမား ဒမ်ဘီလီရဲ့ အေးဂျင့်ဖြစ်သူဟာ ယူနိုက်တက်အား ကစားသမားကို ရာသီကုန်မှာ အလွတ်ခေါ်ယူနိုင်ရန် ကမ်းလှမ်းထားပြီး ယူနိုက်တက် ဘက်မှ အပြောင်းအရွှေ့အတွက် စတင်ဆွေးနွေးလျက် ရှိပြီဖြစ်ကြောင်း သိရပါတယ်။

ဒမ်ဘီလီဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီကို မြောက်များစွာသော ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင် ၁၃၈ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးဖို့ထက် ဒဏ်ရာတွေကြောင့်သာ အသင်းမှာ ဆေးကုသနေချိန်က ပိုများနေရတာ ဖြစ်ပါတယ်။

အခုဆိုရင် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ပါ စာချုပ်သက်တမ်းက သိပ်မကျန်ရှိတော့သလို ဒမ်ဘီလီလို လစာမြင့်မားပြီး ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ ကစားသမားမျိုးကိုလည်း ဘာစီလိုနာဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ တွန့်ဆုတ်နေတာကြောင့် ဈေးနှုန်း သက်သာစွာ ရမယ့် ဒမ်ဘီလီကို ယူနိုက်တက်တို့က ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီကို လီဗာပူးအသင်းကလဲ အတော်လေးကို စိတ်ဝင်စားလျက်ရှိနေပြီး နည်းပြ ယာဂန်ကလော့ပ်ကိုယ်တိုင် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒမ်ဘီလီကို ထည့်သွင်းချင်နေတာ ဖြစ်ပါတယ်။ ထို့ကြောင့် ဒမ်ဘီလီကို ယူနိုက်တက်အသင်းနဲ့ အပြိုင် လီဗာပူးကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူနိုင်မယ်ဆိုရင် ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းႏွင့္ ရာသီကုန္တြင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မည့္ ေတာင္ပံကစားသမား ဒဒမ္ဘီလီရဲ႕ ေအးဂ်င့္ျဖစ္သူဟာ ယူနိုက္တက္အား ကစားသမားကို ရာသီကုန္မွာ အလြတ္ေခၚယူနိုင္ရန္ ကမ္းလွမ္းထားၿပီး ယူနိုက္တက္ ဘက္မွ အေျပာင္းအေ႐ႊ႕အတြက္ စတင္ေဆြးေႏြးလ်က္ ရွိၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဒမ္ဘီလီဟာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကတည္းက ေဒါ့မြန္ကေန ဘာစီလိုနာအသင္းဆီကို ေျမာက္မ်ားစြာေသာ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ျဖစ္တဲ့ ေပါင္ ၁၃၈ သန္းနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းအတြက္ အေကာင္းဆုံး စြမ္းေဆာင္ေပးဖို႔ထက္ ဒဏ္ရာေတြေၾကာင့္သာ အသင္းမွာ ေဆးကုသေနခ်ိန္က ပိုမ်ားေနရတာ ျဖစ္ပါတယ္။

အခုဆိုရင္ ဒမ္ဘီလီဟာ ဘာစီလိုနာအသင္းနဲ႕ပါ စာခ်ဳပ္သက္တမ္းက သိပ္မက်န္ရွိေတာ့သလို ဒမ္ဘီလီလို လစာျမင့္မားၿပီး ဒဏ္ရာေတြနဲ႕ လုံးပန္းေနရတဲ့ ကစားသမားမ်ိဳးကိုလည္း ဘာစီလိုနာဘက္ကေန စာခ်ဳပ္သက္တမ္းတိုးဖို႔ တြန႔္ဆုတ္ေနတာေၾကာင့္ ေဈးႏႈန္း သက္သာစြာ ရမယ့္ ဒမ္ဘီလီကို ယူနိုက္တက္တို႔က ပစ္မွတ္ထားလာခဲ့တာ ျဖစ္ပါတယ္။

ဒမ္ဘီလီကို လီဗာပူးအသင္းကလဲ အေတာ္ေလးကို စိတ္ဝင္စားလ်က္ရွိေနၿပီး နည္းျပ ယာဂန္ကေလာ့ပ္ကိုယ္တိုင္ အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ဒမ္ဘီလီကို ထည့္သြင္းခ်င္ေနတာ ျဖစ္ပါတယ္။ ထို႔ေၾကာင့္ ဒမ္ဘီလီကို ယူနိုက္တက္အသင္းနဲ႕ အၿပိဳင္ လီဗာပူးကလည္း အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕သာ ေခၚယူနိုင္မယ္ဆိုရင္ ကမ္းလွမ္းလာဖြယ္ ရွိေနပါတယ္။