Spots news

မန်ယူနိုက်တက်မှထွက်ခွာရန် ဗန်ဒီဘိခ်တိုက်တွန်းခဲ့တဲ့ အာဆင်နယ် ဂန္တဝင်

Unicode Version

အာဆင်နယ် အသင်းဂန္ထဝင် တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ယူနိုက်တက်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို အသင်းမှထွက်ခွာရန် တိုက်တွန်း လိုက်ပါတယ်။ ဗန်ဒီဘိခ်ရဲ့ ကစားပုံဟာလည်း လက်ရှ်ိ ယူနိုက်တက်ရဲ့ ကစားကွက်နဲ့ကိုက်ညီမှု ရှိလိမ့်မည်မဟုတ်ဟု အီရန်ရိုက်က ယုံကြည် နေတာလည်း ဖြစ်ပါတယ်။

အေဂျက်စ် ကွင်းလယ်လူဟောင်း ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီ အပြောင်းအရွှေ့က မန်ချက်စတာ အသင်းသို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ သို့ပေမယ့် ဗန်ဒီဘိခ်ဟာ နည်းပြဆိုးလ်ရှားလက်အောက်မှာ ပုံမှန်ပွဲကစားခွင့်ရရန်ရုန်းကန်ခဲ့ရပြီး လာမည့်ဇန်နဝါရီမှာ အသင်းမှထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ အေးဂျင့်က ဝန်ခံထားသူ ဖြစ်ပါတယ်။

အီရန်ရိုက်က “ဒွန်နီဟာ အိုင်းယက်စ်အကယ်ဒမီကနေ ထွက်ပေါ်လာတယ် ။ အိုင်းယက်စ်လိုဘောလုံးပိုင်ဆိုင်မှုနဲ့ တချက်ထိ အမြန်ပေးကစားတဲ့ အသင်းမှာ ကစားလာခဲ့တာပါ။ဒါဟာ လက်ရှိယူနိုက်တက်ရဲ့ ကစားပုံနဲ့ ကွဲပြားပါတယ်။ သူကစားနေကျ ကစားပုံမျိုးမဟုတ်တဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လာခြင်းဟာ ကျနော့်ကိုဝေခွဲမရဖြစ်စေပါတယ်။

ပြောင်းရွေ့ခဲ့တာ မှားတယ်လို့ပဲ ဆိုရတော့မှာပါ။ ယူနိုက်တက်မှာ သုံးပွဲဆက် ကစားတယ်ဆိုပြီး သူ့ကို မတွေ့မိပါဘူး။ဒါဟာ အရမ်းမှားပါတယ်။သူ့လို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတယောက်အနေနဲ့ ပွဲထွက်ခွင့်ရသင့်ပါတယ်။ ယူနိုက်တက်မှာက သူ့ဖို့ ဘာမှလုပ်စရာမရှိပါဘူး။ ဒါကြောင့် အသင်းကနေ ထွက်ခွာသင့်ပါတယ်။ “လို့ ပြောဆိုခဲ့ပါတယ်။

အီရနိရိုက်ရဲ့ အသင်းဟောင်း အာဆင်နယ်ကတော့ ယူနိုက်တက် အသင်းက‌နေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ဇန်နဝါရီ အပြောင်းအရွေ့မှာ ပြောင်းရွေ့ကြေး ပေါင် ၂၅ သန်းခန့်ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း ဗြိတိန်အခြေစိုက် သတင်း မီဒိယာများက ဖော်ပြထားပါတယ်။

Zawgyi Version

အာဆင္နယ္ အသင္းဂႏၳဝင္ တိုက္စစ္မႉးေဟာင္း အီရန္ရိုက္က ယူနိုက္တက္ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို အသင္းမွထြက္ခြာရန္ တိုက္တြန္း လိုက္ပါတယ္။ ဗန္ဒီဘိခ္ရဲ႕ ကစားပုံဟာလည္း လက္ရွ္ိ ယူနိုက္တက္ရဲ႕ ကစားကြက္နဲ႕ကိုက္ညီမႈ ရွိလိမ့္မည္မဟုတ္ဟု အီရန္ရိုက္က ယုံၾကည္ ေနတာလည္း ျဖစ္ပါတယ္။

ေအဂ်က္စ္ ကြင္းလယ္လူေဟာင္း ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ေႏြရာသီ အေျပာင္းအေ႐ႊ႕က မန္ခ်က္စတာ အသင္းသို႔ ေရာက္ရွိလာခဲ့သူ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဗန္ဒီဘိခ္ဟာ နည္းျပဆိုးလ္ရွားလက္ေအာက္မွာ ပုံမွန္ပြဲကစားခြင့္ရရန္႐ုန္းကန္ခဲ့ရၿပီး လာမည့္ဇန္နဝါရီမွာ အသင္းမွထြက္ခြာဖို႔ ျပင္ဆင္ေနတယ္လို႔ ေအးဂ်င့္က ဝန္ခံထားသူ ျဖစ္ပါတယ္။

အီရန္ရိုက္က “ဒြန္နီဟာ အိုင္းယက္စ္အကယ္ဒမီကေန ထြက္ေပၚလာတယ္ ။ အိုင္းယက္စ္လိုေဘာလုံးပိုင္ဆိုင္မႈနဲ႕ တခ်က္ထိ အျမန္ေပးကစားတဲ့ အသင္းမွာ ကစားလာခဲ့တာပါ။ဒါဟာ လက္ရွိယူနိုက္တက္ရဲ႕ ကစားပုံနဲ႕ ကြဲျပားပါတယ္။ သူကစားေနက် ကစားပုံမ်ိဳးမဟုတ္တဲ့ ယူနိုက္တက္ကို ေျပာင္းေ႐ႊ႕လာျခင္းဟာ က်ေနာ့္ကိုေဝခြဲမရျဖစ္ေစပါတယ္။

ေျပာင္းေ႐ြ႕ခဲ့တာ မွားတယ္လို႔ပဲ ဆိုရေတာ့မွာပါ။ ယူနိုက္တက္မွာ သုံးပြဲဆက္ ကစားတယ္ဆိုၿပီး သူ႕ကို မေတြ႕မိပါဘူး။ဒါဟာ အရမ္းမွားပါတယ္။သူ႕လို စိတ္လႈပ္ရွားစရာေကာင္းတဲ့ ကစားသမားတေယာက္အေနနဲ႕ ပြဲထြက္ခြင့္ရသင့္ပါတယ္။ ယူနိုက္တက္မွာက သူ႕ဖို႔ ဘာမွလုပ္စရာမရွိပါဘူး။ ဒါေၾကာင့္ အသင္းကေန ထြက္ခြာသင့္ပါတယ္။ “လို႔ ေျပာဆိုခဲ့ပါတယ္။

အီရနိရိုက္ရဲ႕ အသင္းေဟာင္း အာဆင္နယ္ကေတာ့ ယူနိုက္တက္ အသင္းက‌ေန ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ နယ္သာလန္ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၂၅ သန္းခန႔္ျဖင့္ ေခၚယူရန္ ျပင္ဆင္ေနေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္း မီဒိယာမ်ားက ေဖာ္ျပထားပါတယ္။