Unicode Version
ချယ်လ်ဆီးအသင်းရဲ့ ကစာသမား ဟောင်းလဲ ဖြစ် နည်းပြဟောင်းလည်း ဖြစ်တဲ့ ကွင်းလယ်လူ လမ်းပတ် ကတော့ ပိုင်ရှင်သစ်လက်ထက်မှာ ငွေအလုံးအရင်းနဲ့ အင်းအားဖြည့်ပြီး ပရီးမီးယားလိဂ်မှာ ရွှေခေတ်ပြန်လည် ဖော်ဆောင်မယ့် နယူးကာဆယ် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝချမ်းသာတဲ့ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ လုပ်ငန်းစုက မိုက်အက်ရှ်လေ ဆီကနေ ပေါင် သန်း ၃၀၀ ကျော် နဲ့ ဝယ်ယူအပြီးမှာ ကမ္ဘာ့ အချမ်းသာဆုံး ကလပ် ဖြစ်လာတဲ့ နယူးကာဆယ် ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့က စတင်ပြီး ထိပ်တန်း ကလပ် တခု ဖြစ်လာဖို့ အတွက် ကြိုတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
ထို့ကြောင့် နယူးကာဆယ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းကို အောင်မြင်မှု အဆင့်အတန်းတစ်ခု အထိ လတ်တလော တွန်းတင်ပေးနိုင်မယ့် ထိပ်တန်း နည်းပြတဦးကို ရှာဖွေနေကာ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ဟာ နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် စာရင်းမှာ ပါဝင်နေပါတယ်။
လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းမှာ ဆုဖလား အောင်မြင်မှုတွေ မရခဲ့ပေမယ့် မေဆန်မောင့် ၊ ရစ်စီဂျိမ်းစ် ၊ အေဗရာဟမ် ၊ ဂေးလ်မာ စတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ လက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကလည်း အဆင့်အတန်း တခု ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ နယူးကာဆယ်အသင်းဟာ လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး လမ်းပတ်ကလည်း အောင်မြင်မှုတွေ ရရှိဖို့ တာစူနေတဲ့ နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကာ နှစ်ဖက်ကြားမှာ တရားဝင် ဆွေးနွေးမှုတွေ ရှိနေကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း လမ်းပတ်နဲ့ နယူးကာဆယ်အသင်းရဲ့ သတင်းတွေကို အတည်ပြုပေးထားပြီး ဆွေးနွေးမှုတွေသာ အောင်မြင်ခဲ့ပါက လမ်းပတ်ဟာ ရက်ပိုင်းအတွင်း နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ကြောင်း သိရပါတယ်။
Zawgyi Version
ခ်ယ္လ္ဆီးအသင္းရဲ႕ ကစာသမား ေဟာင္းလဲ ျဖစ္ နည္းျပေဟာင္းလည္း ျဖစ္တဲ့ ကြင္းလယ္လူ လမ္းပတ္ ကေတာ့ ပိုင္ရွင္သစ္လက္ထက္မွာ ေငြအလုံးအရင္းနဲ႕ အင္းအားျဖည့္ၿပီး ပရီးမီးယားလိဂ္မွာ ေ႐ႊေခတ္ျပန္လည္ ေဖာ္ေဆာင္မယ့္ နယူးကာဆယ္ အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။
ေပါင္ ၃၂၀ ဘီလီယံ အထိ ႂကြယ္ဝခ်မ္းသာတဲ့ ေဆာ္ဒီအိမ္ေရွ႕မင္းသားရဲ႕ လုပ္ငန္းစုက မိုက္အက္ရွ္ေလ ဆီကေန ေပါင္ သန္း ၃၀၀ ေက်ာ္ နဲ႕ ဝယ္ယူအၿပီးမွာ ကမာၻ႔ အခ်မ္းသာဆုံး ကလပ္ ျဖစ္လာတဲ့ နယူးကာဆယ္ ဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕က စတင္ၿပီး ထိပ္တန္း ကလပ္ တခု ျဖစ္လာဖို႔ အတြက္ ႀကိဳတင္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။
ထို႔ေၾကာင့္ နယူးကာဆယ္အသင္းရဲ႕ တာဝန္ရွိသူေတြဟာ လက္ရွိနည္းျပ စတိဗ္ဘ႐ုစ္ကို ရာထူးကေန ထုတ္ပယ္ၿပီး အသင္းကို ေအာင္ျမင္မႈ အဆင့္အတန္းတစ္ခု အထိ လတ္တေလာ တြန္းတင္ေပးနိုင္မယ့္ ထိပ္တန္း နည္းျပတဦးကို ရွာေဖြေနကာ ခ်ယ္လ္ဆီးနည္းျပေဟာင္း လမ္းပတ္ဟာ နယူးကာဆယ္အသင္းရဲ႕ နည္းျပသစ္ စာရင္းမွာ ပါဝင္ေနပါတယ္။
လမ္းပတ္ဟာ ခ်ယ္လ္ဆီးအသင္းမွာ ဆုဖလား ေအာင္ျမင္မႈေတြ မရခဲ့ေပမယ့္ ေမဆန္ေမာင့္ ၊ ရစ္စီဂ်ိမ္းစ္ ၊ ေအဗရာဟမ္ ၊ ေဂးလ္မာ စတဲ့ လူငယ္ၾကယ္ပြင့္ ကစားသမားေတြကို ေမြးထုတ္ေပးနိုင္ခဲ့ၿပီး သူ႕ရဲ႕ လက္ထက္မွာ ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားပုံကလည္း အဆင့္အတန္း တခု ရွိခဲ့ပါတယ္။
လက္ရွိမွာေတာ့ နယူးကာဆယ္အသင္းဟာ လမ္းပတ္ကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ေနၿပီး လမ္းပတ္ကလည္း ေအာင္ျမင္မႈေတြ ရရွိဖို႔ တာစူေနတဲ့ နယူးကာဆယ္အသင္းကို ကိုင္တြယ္ဖို႔ စိတ္ဝင္စားေနကာ ႏွစ္ဖက္ၾကားမွာ တရားဝင္ ေဆြးေႏြးမႈေတြ ရွိေနေၾကာင္း လန္ဒန္ အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။
နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Sky Sports သတင္းဌာနကလည္း လမ္းပတ္နဲ႕ နယူးကာဆယ္အသင္းရဲ႕ သတင္းေတြကို အတည္ျပဳေပးထားၿပီး ေဆြးေႏြးမႈေတြသာ ေအာင္ျမင္ခဲ့ပါက လမ္းပတ္ဟာ ရက္ပိုင္းအတြင္း နယူးကာဆယ္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာနိုင္ေၾကာင္း သိရပါတယ္။