Unicode Version
PSG နောက်ခံလူ ရာမို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲယ်မက်ဒရစ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ခြေသလုံး ကြွက်သားဒဏ်ရာ ကြောင့်
အနားယူနေရကာ လက်ရှိအချိန်မှာတော့ ရာမို့စ်အနေနဲ့ လက်ရှိအချိန်မှာတော့ PSG နဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝ ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အသင်းဆေးအဖွဲ့တွေကလည်း ရာမို့စ်ကို ပြန်လည်ကစားနိုင်ပြီလို့ အတည်ပြုချက်ပေးခဲ့ပြီး ပွဲထွက်ဖို့ကတော့ နည်းပြပိုချက်တီနိုသာ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။
သတင်းတွေအရတော့ ရာမို့စ်အနေနဲ့ လာမယ့်အောက်တိုဘာ ၁၅ ၊ သောကြာညမှာ ကစားမယ့် အန်ဂါစ်နဲ့ ပြင်သစ်လီဂူးပွဲမှာ ပွဲထွက်လာနိုင်တယ်လို့ သိရပါတယ်။
နိုင်ငံတကာပွဲစဥ်တွေကြောင့် လိဂ်ပွဲတွေကိုရပ်နားထားပြီး လက်ရွေးစင် ကစားသမားတွေ ပွဲပန်းလာနိုင်ချိန်မှာ ရာမို့စ် ဒဏ်ရာက အချိန်ကိုက်ပြန်ကောင်းလာတာက သူ့အတွက်
အခွင့်အရေး တစ်ခု လို့လည်းဆိုရမှာပါ။ အခြားတစ်ဖက် မှာလည်း အသင်းဘက်က ရာမို့စ်ကို အလျင်စလို အသုံးပြုသွားဖို့ ဆန္ဒမရှိဘူးလို့ သိရှိရပါတယ်။
PSG နည်းပြအဖွဲ့ဝင်တွေဟာ ရာမို့စ်ရဲ့ အသက်အရွယ်နဲ့ ကြံ့ခိုင်မှုကြောင့် နောက်တစ်ကြိမ် ဒဏ်ရာထပ်ရမှာကို စိုးရိမ်နေပြီး ဖိအားမရှိတဲ့ ပွဲစဥ်တွေမှာသာ
အချိန် အကန့်အသတ်နဲ့ စတင်ပွဲထွက် ကစားစေဖွယ်ရှိပါတယ်။ ဒါ့အပြင် ရာမို့စ်ရဲ့ ပွဲဆက်ပြတ်မှုက PSG အတွက် စဥ်းစားစရာ ဖြစ်နေမှာပါ။
ရာမို့စ်ဟာ ၂၀၂၁ တစ်လျှောက်လုံး ခက်ခဲတဲ့အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပြီး လက်ရှိအချိန်အထိ ဒီတစ်နှစ်လုံးမှာ ၇ ပွဲသာ ကစားရ သေးတာပါ။
အဲ့ဒါကြောင့်လည်း ရာမို့စ်အနေနဲ့ ဒဏ်ရာက ပြန်ကောင်းလာသည့်တိုင် သူ့ရဲ့ အသင်းသစ်နဲ့ ပထမဆုံးပွဲကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်း ရဖွယ် ရှိနေပါတယ်။
Zawgyi Version
PSG ေနာက္ခံလူ ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲယ္မက္ဒရစ္ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ေျခသလုံး ႂကြက္သားဒဏ္ရာ ေၾကာင့္ အနားယူေနရကာ လက္ရွိအခ်ိန္မွာေတာ့ ရာမို႔စ္အေနနဲ႕ လက္ရွိအခ်ိန္မွာေတာ့ PSG နဲ႕အတူ ေလ့က်င့္ခန္းအျပည့္အဝ ျပန္ဆင္းနိုင္ခဲ့ၿပီျဖစ္ပါတယ္။
အသင္းေဆးအဖြဲ႕ေတြကလည္း ရာမို႔စ္ကို ျပန္လည္ကစားနိုင္ၿပီလို႔ အတည္ျပဳခ်က္ေပးခဲ့ၿပီး ပြဲထြက္ဖို႔ကေတာ့ နည္းျပပိုခ်က္တီနိုသာ ဆုံးျဖတ္ရေတာ့မွာျဖစ္ပါတယ္။ သတင္းေတြအရေတာ့ ရာမို႔စ္အေနနဲ႕ လာမယ့္ေအာက္တိုဘာ ၁၅ ၊ ေသာၾကာညမွာ ကစားမယ့္ အန္ဂါစ္နဲ႕ ျပင္သစ္လီဂူးပြဲမွာ ပြဲထြက္လာနိုင္တယ္လို႔ သိရပါတယ္။
နိုင္ငံတကာပြဲစဥ္ေတြေၾကာင့္ လိဂ္ပြဲေတြကိုရပ္နားထားၿပီး လက္ေ႐ြးစင္ ကစားသမားေတြ ပြဲပန္းလာနိုင္ခ်ိန္မွာ ရာမို႔စ္ ဒဏ္ရာက အခ်ိန္ကိုက္ျပန္ေကာင္းလာတာက သူ႕အတြက္ အခြင့္အေရး တစ္ခု လို႔လည္းဆိုရမွာပါ။ အျခားတစ္ဖက္ မွာလည္း အသင္းဘက္က ရာမို႔စ္ကို အလ်င္စလို အသုံးျပဳသြားဖို႔ ဆႏၵမရွိဘူးလို႔ သိရွိရပါတယ္။
PSG နည္းျပအဖြဲ႕ဝင္ေတြဟာ ရာမို႔စ္ရဲ႕ အသက္အ႐ြယ္နဲ႕ ႀကံ့ခိုင္မႈေၾကာင့္ ေနာက္တစ္ႀကိမ္ ဒဏ္ရာထပ္ရမွာကို စိုးရိမ္ေနၿပီး ဖိအားမရွိတဲ့ ပြဲစဥ္ေတြမွာသာ အခ်ိန္ အကန့္အသတ္နဲ႕ စတင္ပြဲထြက္ ကစားေစဖြယ္ရွိပါတယ္။ ဒါ့အျပင္ ရာမို႔စ္ရဲ႕ ပြဲဆက္ျပတ္မႈက PSG အတြက္ စဥ္းစားစရာ ျဖစ္ေနမွာပါ။
ရာမို႔စ္ဟာ ၂၀၂၁ တစ္ေလွ်ာက္လုံး ခက္ခဲတဲ့အခ်ိန္ကာလေတြကို ျဖတ္သန္းခဲ့ရတာ ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ဒီတစ္ႏွစ္လုံးမွာ ၇ ပြဲသာ ကစားရ ေသးတာပါ။ အဲ့ဒါေၾကာင့္လည္း ရာမို႔စ္အေနနဲ႕ ဒဏ္ရာက ျပန္ေကာင္းလာသည့္တိုင္ သူ႕ရဲ႕ အသင္းသစ္နဲ႕ ပထမဆုံးပြဲကို စိတ္ရွည္ရွည္နဲ႕ ေစာင့္ဆိုင္း ရဖြယ္ ရွိေနပါတယ္။