Spots news

ပြီးပြည့်စုံသူတစ်ယောက်ရဲ့ မပြည့်စုံနိုင်သေးတဲ့ ဆန္ဒ

Unicode Version

အီတလီ စီးရီးအေ ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်း နဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်း တို့ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လက်ရှိ အချိန်မှာ သူ အလိုချင်ဆုံး ဆုဖလားဟာ ၂၀၂၂ ခုနှစ် မှာ ယှဉ်ပြိုင် ကစားရမယ့် ကမ္ဘာ့ဖလား ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ်။

လာမယ့် ဖေဖော်ဝါရီ လ ၅ရက် နေ့မှာ အသက် ၃၆ နှစ် ပြည့်မယ့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ  ဘောလုံးသမား တစ်ဦး အတွက် မီးစာကုန် ဆီခမ်း တဲ့ အသက် အရွယ်ကို ရောက်ရှိ နေပေမယ့် လက်ရှိ အချိန် အထိ ကမ္ဘာ့ အကောင်းဆုံး  ကစားသမား စာရင်းမှာ ပါဝင် နေသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ သွင်းဂိုး တွေဟာ ကလပ်အသင် းဖြစ်တဲ့ ဂျူဗင်တပ် အသင်း နဲ့ နိုင်ငံအသင်း ဖြစ်တဲ့ ပေါ်တူဂီ အသင်းတို့ အတွက် ပင်မ အသက် သွေးကြော တွေလည်း ဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်  ကစားသမား ဘဝမှာ ကလပ် အသင်းတွေနဲ့ ချန်ပီယံလိဂ် ဖလား အပါအဝင် အောင်မြင်မှုပေါင်း များစွာကို ရရှိ ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ် သလို နိုင်ငံအသင်း ဖြစ်တဲ့ ပေါ်တူဂီ  လက်ရွေးစင် အသင်း နဲ့လည်း ယူရိုဖလား ၊ နေးရှင်းလိဂ် ဖလား တို့ကို ရယူ နိုင်ခဲ့တဲ့ ကစားသမား  တစ်ဦးပါ။

ဒါပေမယ့် ရော်နယ်ဒို ကတော့ အခု ချိန် အထိ အောင်မြင်မှု တွေကို ဆာလောင် နေဆဲ ဖြစ်ပြီး သူဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ကစားဦးမှာ ဖြစ်သလို အဆိုပါ ပြိုင်ပွဲ မှာလည်း အောင်မြင်မှု ရရှိဖို့ အိမ်မက် မက် ထားကြောင်း ဆိုပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ကိုတော့ ကာတာနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပြီး အဆိုပါ ကမ္ဘာ့ဖလား ကျင်းပ တဲ့ ၂၀၂၂ခုနှစ် နွေရာသီ ကို ရောက်ရင်တော့ ရော်နယ်ဒိုဟာ အသက် ၃၇ နှစ်ကို ကျော်လွန်ကာ ၃၈ နှစ်ထဲကို ရောက်ရှိ တော့မှာပါ။

ရော်နယ်ဒိုက “ကျွန်တော်တို့ဟာ (ပေါ်တူဂီ  လက်ရွေးစင် အသင်း) အရမ်း ကို ထူးခြားတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ ယူရိုဖလားကို ရယူ နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ယူရို ၂၀၁၆ ကို အနိုင် ရခဲ့တာကြောင့် အခုချိန်မှာ ကျွန်တော်တို့ရဲ့ ခြေလှမ်း တွေကို နောက်ထပ် ပြိုင်ပွဲကြီး တစ်ခုဆီ လှမ်းသင့် ပါပြီ။

ကျွန်တော်တို့ အသင်းဟာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲ ချင်ပါတယ်။ အဲ့ဒါက ဖြစ်နိုင် မလား ဆိုရင် ဖြစ်နိုင်တဲ့ အရာ တစ်ခုလို့ ကျွန်တော် ရဲရဲကြီး ပြောမိ မှာပါ။ အရာရာတိုင်း ဟာ ဖြစ်နိုင်ပါတယ်။

“ ဒါပေမယ့် ခင်ဗျားက ယုတ္ထိ ကျကျ စဉ်းစားတတ်ဖို့ လည်း လိုအပ် တာပေါ့။ ကျွန်တော်ဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ ဆုဖလားတွေ  ရယူ ချင်တဲ့ အကြောင်း ကို အကြိမ်ပေါင်း များစွာ ပြောပြ ခဲ့ ပြီးပါပြီ။

အခု ကျွန်တော် ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ ဆုဖလား နှစ်လုံး ရယူ နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော့်ကို အရမ်း ပျော်ရွှင် စေပါတယ်။ ကျွန်တော်က ကျွန်တော် ကစားခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလားတွေ ရယူ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလား ကတော့ ကျွန်တော့်ရဲ့ အိမ်မက်ပါ” လို့ ပြောကြား သွားပါတယ်။