Spots news

ကွင်းလယ် လိုအပ်ချက်အတွက် ချိန်ဘာလိန်ကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ အာဆင်နယ်

Unicode Version

လီဗာပူးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ချိန်ဘာလိန် ကို အသင်းဟောင်း အာဆင်နယ်က အံ့အားသင့်ဖွယ် ခေါ်ယူမှု ပြုလုပ်ဖွယ် ရှိနေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။ အင်္ဂလန်သားဟာ အမ်းမရိတ်မှာ ၆ နှစ်တာ ကစားပြီးမှ

၂၀၁၇ မှာ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ လီဗာပူး အသင်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒါပေမယ့် အန်းဖီးမှာလည်း ချိန်ဘာလိန်ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး အစွမ်းပြနိုငခြင်း မရှိပါဘူး။ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ ၂ ပွဲသာ ပါဝင် ကစားထားရပါသေးတယ်။

အာဆင်နယ်ဟာ ဇာခါ ကို နယူးရီးယား ကာလထိ လက်လွှတ်ထားရတဲ့ အပြင် သောမတ်စ် ပါတေးကလည်း သူ့ ဒဏ်ရာနဲ့ သူ ရှိနေပါတယ်။ ဒါကြောင့် ဂန်းနားတွေဟာ အစားထိုးနိုင်မယ့် သူ ရှာဖွေနေပြီး ချိန်ဘာလိန်ကို ကနဦး အငှား ၆ လနဲ့ ခေါ်ယူဖို့ ကြံရွယ်နေကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။

သဘောတူညီမှုထဲမှာ နောက်နှစ်နွေကျ ချိန်ဘာလိန်ကို အပြီး ခေါ်ယူခွင့်ပါ ထည့်သွင်းဖွယ် ရှိပြီး လီဗာပူးကလည်း ချိန်ဘာလိန်ကို လက်လွှတ်လိုတဲ့ အနေအထားတော့ ရှိနေပါတယ်။ ချိန်ဘာလိန်ဟာ အာဆင်နယ် နည်းပြ အာတီတာနဲ့ မြောက်လန်ဒန်ကလပ်မှာ အတူ ကစားခဲ့ဖူးသူ ဖြစ်ပြီး စပိန်သားကလည်း

အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ သူ့ လက်ရှိ အာဆင်နယ် လူစာရင်း ကွင်းလယ်မှာ ဟန်ချက်ညီအောင် ထိန်းပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လီဗာပူးအသင်းနဲ့ ချိန်ဘာလိန်တို့ရဲ့ လက်ရှိ စာချုပ်က နှစ်နှစ် ကျန်သေးတာကြောင့် နောက်နှစ် နွေဟာ ချိန်ဘာလိန် ကို ရောင်းချနိုင်ဖို့ နောက်ဆုံး အခွင့်အရေးလည်း ဖြစ်သွားနိုင်ပါတယ်။

Zawgyi Version

လီဗာပူးအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ၾကယ္ပြင့္ ခ်ိန္ဘာလိန္ ကို အသင္းေဟာင္း အာဆင္နယ္က အံ့အားသင့္ဖြယ္ ေခၚယူမႈ ျပဳလုပ္ဖြယ္ ရွိေနေၾကာင္း အဂၤလန္သတင္းေတြက ေဖာ္ျပလာပါတယ္။ အဂၤလန္သားဟာ အမ္းမရိတ္မွာ ၆ ႏွစ္တာ ကစားၿပီးမွ

၂၀၁၇ မွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႕ လီဗာပူး အသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။ ဒါေပမယ့္ အန္းဖီးမွာလည္း ခ်ိန္ဘာလိန္ဟာ ဒဏ္ရာေတြနဲ႕ ႐ုန္းကန္ေနရၿပီး အစြမ္းျပနိုငျခင္း မရွိပါဘူး။ ဒီရာသီမွာလည္း ၿပိဳင္ပြဲစုံ ၂ ပြဲသာ ပါဝင္ကစားထားရပါေသးတယ္။

အာဆင္နယ္ဟာ ဇာခါ ကို နယူးရီးယား ကာလထိ လက္လႊတ္ထားရတဲ့ အျပင္ ေသာမတ္စ္ ပါေတးကလည္း သူ႕ ဒဏ္ရာနဲ႕ သူ ရွိေနပါတယ္။ ဒါေၾကာင့္ ဂန္းနားေတြဟာ အစားထိုးနိုင္မယ့္ သူ ရွာေဖြေနၿပီး ခ်ိန္ဘာလိန္ကို ကနဦး အငွား ၆ လနဲ႕ ေခၚယူဖို႔ ႀကံ႐ြယ္ေနေၾကာင္း သတင္းထြက္ေပၚလာခဲ့တာပါ။

သေဘာတူညီမႈထဲမွာ ေနာက္ႏွစ္ေႏြက် ခ်ိန္ဘာလိန္ကို အၿပီး ေခၚယူခြင့္ပါ ထည့္သြင္းဖြယ္ ရွိၿပီး လီဗာပူးကလည္း ခ်ိန္ဘာလိန္ကို လက္လႊတ္လိုတဲ့ အေနအထားေတာ့ ရွိေနပါတယ္။ ခ်ိန္ဘာလိန္ဟာ အာဆင္နယ္ နည္းျပ အာတီတာနဲ႕ ေျမာက္လန္ဒန္ကလပ္မွာ အတူ ကစားခဲ့ဖူးသူ ျဖစ္ၿပီး စပိန္သားကလည္း

အသက္ ၂၈ ႏွစ္ အ႐ြယ္ ကစားသမားဟာ သူ႕ လက္ရွိ အာဆင္နယ္ လူစာရင္း ကြင္းလယ္မွာ ဟန္ခ်က္ညီေအာင္ ထိန္းေပးနိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ လီဗာပူးအသင္းနဲ႕ ခ်ိန္ဘာလိန္တို႔ရဲ႕ လက္ရွိ စာခ်ဳပ္က ႏွစ္ႏွစ္ က်န္ေသးတာေၾကာင့္ ေနာက္ႏွစ္ ေႏြဟာ ခ်ိန္ဘာလိန္ ကို ေရာင္းခ်နိဳင္ဖို႔ ေနာက္ဆုံး အခြင့္အေရးလည္း ျဖစ္သြားနိုင္ပါတယ္။