Spots news

ချဲလ်ဆီးတိုက်စစ်မှူး ဝါနာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ နယူးကာဆယ်နဲ့ သတင်းတိုများ

Unicode Version

လက်စတာ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာဟာ နနယူးကာဆယ်ရဲ့ နည်းပြသစ်ဘနေရာအတွက် ထိပ်တန်း နံပါတ်တစ် ပစ်မှတ်ဖြစ်ကြောင်း အီတလီမှလာသော Sky သတင်းများအရ သိရပါတယ်။

နယူးကာဆယ် အနေနဲ့ နည်းပြ ‌ရော်ဂျာကို ခေါ်ယူလိုပါက လက်စတာထံ ယူရို ၁၆ သန်း လျော်ကြေးပေးရမည် ဖြစ်သော်လည်း နယူးကာဆယ်အတွက် ပြဿနာမရှိကြောင်း သိရပါတယ်။

ယူနိုက်တက် လူငယ် ကစားသမားလေး အီလန်ဂါဟာ ဆွီဒင် U-21 အသင်းနဲ့ အီတလီ U-21 တို့ကစားတဲ့ပွဲစဉ်အတွင်း တစ်ဖက် အီတလီအသင်းဘက်က ကစားသမားတစ်ဦးက သူ့ကို လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ ပြောဆိုခဲ့တယ်လို့ ဆွီဒင် FA ကို

တိုင်ကြားလာခဲ့ပါတယ်။ ဆွီဒင် FA ဘက်က လည်း အီလန်ဂါရဲ့ တိုင်ကြားမှုကို ပွဲဒိုင်လူကြီး ၊ ကွင်းတာဝန်ရှိသူတွေ ဆီကို စစ်ဆေးပေးဖို့တောင်းဆိုထားပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေကြပြီလို့ သိရပါတယ်။

ပိုင်ရှင်သစ် လက်ထက်မှာ အင်အားဖြည့်တင်းမယ့် နယူးကာဆယ်အသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး ဝါနာ၊ ဘာစီလိုနာ တောင်ပံကစားသမား ကော်တင်ဟို နဲ့ နောက်နွေရာသီမှာ Free Agent ဖြစ်တော့မယ့် ဘိုင်ယန် နောက်ခံလူ နီကိုလပ်စ် ဆူလေး ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒီရာသီမှာ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာပြသာနာကြောင့် အသင်းအတွက် အခုထိ တစ်ပွဲမှကို မကစားနိုင်သေးတဲ့ ဝါရင့်တိုက်စစ်မှူး

ဆာဂျီယိုအဂွဲရိုးက လက်ရှိမှုာ ဒဏ်ရာကနေ သက်သာနေပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းနေတဲ့အပြင် လေ့ကျင့်ရေးကွင်းအတွင်း ပြုလုပ်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာပါ ပါဝင် ကစားသွားခဲ့ပါတယ်

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ပီဒရီကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုနိုင်ဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။ အသက် ၁၈နှစ် အရွယ် ပီဒရီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့

စပိန်အသင်းတို့ အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပြီး ယခုနှစ်ရဲ့ ရွှေဘောလုံးဆု အတွက် စကာတင် ကစားသမား ၃၀ဦး စာရင်းမှာ ပါဝင်ခဲ့သလို Golden Boy ဆုကိုလည်း ရရှိဖို့ ရေပန်းစားနေသူပါ။

Zawgyi Version

လက္စတာနည္းျပျဖစ္သူ ဘရန္ဒန္ေရာ္ဂ်ာဟာ နနယူးကာဆယ္ရဲ႕ နည္းျပသစ္ေနရာအတြက္ ထိပ္တန္း နံပါတ္တစ္ ပစ္မွတ္ျဖစ္ေၾကာင္း အီတလီမွလာေသာ Sky သတင္းမ်ားအရ သိရပါတယ္။

နယူးကာဆယ္အေနနဲ႕ နည္းျပ ‌ေရာ္ဂ်ာကို ေခၚယူလိုပါက လက္စတာထံ ယူရို ၁၆ သန္း ေလ်ာ္ေၾကးေပးရမည္ျဖစ္ေသာ္လည္း နယူးကာဆယ္အတြက္ ျပႆနာမရွိေၾကာင္း သိရပါတယ္။

ယူနိုက္တက္ လူငယ္ကစားသမားေလး အီလန္ဂါဟာ ဆြီဒင္ U-21 အသင္းနဲ႕ အီတလီ U-21 တို႔ကစားတဲ့ပြဲစဥ္အတြင္း တစ္ဖက္အီတလီအသင္းဘက္က ကစားသမားတစ္ဦးက သူ႕ကို လူမ်ိဳးေရးခြဲျခားတဲ့စကားလုံးေတြေျပာဆိုခဲ့တယ္လို႔ ဆြီဒင္ FA ကို

တိုင္ၾကားလာခဲ့ပါတယ္။ ဆြီဒင္ FA ဘက္က လည္း အီလန္ဂါရဲ႕ တိုင္ၾကားမႈကို ပြဲဒိုင္လူႀကီး ၊ ကြင္းတာဝန္ရွိသူေတြဆီကို စစ္ေဆးေပးဖို႔ေတာင္းဆိုထားၿပီး စုံစမ္းစစ္ေဆးမႈေတြစတင္ေနၾကၿပီလို႔သိရပါတယ္။

ပိုင္ရွင္သစ္ လက္ထက္မွာ အင္အားျဖည့္တင္းမယ့္ နယူးကာဆယ္အသင္းဟာ ခ်ဲလ္ဆီးတိုက္စစ္မႉး ဝါနာ၊ ဘာစီလိုနာ ေတာင္ပံကစားသမား ေကာ္တင္ဟို နဲ႕ ေနာက္ေႏြရာသီမွာ Free Agent ျဖစ္ေတာ့မယ့္ ဘိုင္ယန္ေနာက္ခံလူ နီကိုလပ္စ္ ဆူေလး ကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြလုပ္ေနတယ္လို႔ သိရပါတယ္။

ဒီရာသီမွာ မန္စီးတီးအသင္းကေန ဘာစီလိုနာအသင္းဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေရာက္ရွိလာခဲ့ၿပီး ဒဏ္ရာျပသာနာေၾကာင့္ အသင္းအတြက္ အခုထိ တစ္ပြဲမွကို မကစားနိုင္ေသးတဲ့ ဝါရင့္တိုက္စစ္မႉး

ဆာဂ်ီယိုအဂြဲရိုးက လက္ရွိမႈာ ဒဏ္ရာကေန သက္သာေနၿပီျဖစ္လို႔ အသင္းနဲ႕ ေလ့က်င့္ခန္း ဆင္းေနတဲ့အျပင္ ေလ့က်င့္ေရးကြင္းအတြင္း ျပဳလုပ္ခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာပါ ပါဝင္ ကစားသြားခဲ့ပါတယ္

ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ပီဒရီကို ၅ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုနိုင္ဖို႔ သေဘာတူညီမႈ ရခဲ့ေၾကာင္း သိရပါတယ္။ အသက္ ၁၈ႏွစ္ အ႐ြယ္ ပီဒရီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဘာစီလိုနာအသင္းနဲ႕

စပိန္အသင္းတို႔ အတြက္ အေကာင္းဆုံး ေျခစြမ္းျပနိုင္ခဲ့သူ ျဖစ္ၿပီး ယခုႏွစ္ရဲ႕ ေ႐ႊေဘာလုံးဆု အတြက္ စကာတင္ ကစားသမား ၃၀ဦး စာရင္းမွာ ပါဝင္ခဲ့သလို Golden Boyဆုကိုလည္း ရရွိဖို႔ ေရပန္းစားေနသူပါ။