Unicode Version
အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မက်ဆီကိုခေါ်ယူနိုင်မယ့် အခွင့်အရေးန ည်းနည်းလေးကို မျှော်လင့်ခဲ့ဖူးတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ဘာစီလိုနာနဲ့ လမ်းခွဲပြီးနောက်ပိုင်း မက်ဆီကို ခေါ်ယူချင်တဲ့အသင်းတွေ အများအပြားရှိခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း အများအပြားရခဲ့တယ်လို့ မက်ဆီကိုယ်တိုင်က France Football နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ဖူးပါတယ်။
ဒီလို တရားဝင်ကမ်းလှမ်းမှုတွေထဲမှာ အက်သလက်တီကိုတော့ မပါဝင်နိုင်ပေမယ့် နည်းပြဆီမြွန်နီကတော့ မက်ဆီနဲ့ ရင်းနှီးတဲ့ ဆွာရက်ဇ်ဆီက တစ်ဆင့် မက်ဆီအကြောင်းတွေကို မေးမြန်းခဲ့တယ်လို့
ကာယကံရှင်ကိုယ်တိုင်က ဖွင့်ဟပြောကြားလာပါတယ်။ ဆီမြွန်နီဟာ မက်ဆီကို ချစ်ခင်အားပေးသူတစ်ယောက်ဖြစ်ပြီး သူနဲ့အလုပ်တွဲလုပ်ဖို့ အမြဲတမ်းမျှော်လင့်ခဲ့ရပုံပါပဲ။
ဒါပေမယ့် အခုချိန်မှာတော့ ဆီမြွန်နီက “ကျွန်တော် မက်ဆီကိုတော့ တိုက်ရိုက်မဆက်သွယ်ခဲ့ပါဘူး။ ဒါပေမယ့် ဆွာရက်ဇ်ဆီ ဖုန်းဆက်ပြီး မက်ဆီတွေ
ဘယ်အသင်းကိုပြောင်းနိုင်မလဲ မေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်အသင်းကို လာနိုင်ခြေနည်းနည်းလေးပဲရှိတယ်ဆိုပေမယ့် သူစိတ်ဝင်စားမလားဆိုပြီး မေးခဲ့ပါသေးတယ်”
“ဒါပေမယ့် ဒီမျှော်လင့်ချက်တွေက (၃) နာရီလောက်ပဲ ကြာခဲ့ပါတယ်။ PSG က မက်ဆီကို အရခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့်ပါ။ သူ ဒီလိုအပြောင်းအလဲတွေမဖြစ်ခင် ဘာစီလိုနာမှာပဲရှိခဲ့သလို
ကျွန်တော်ကလည်း အက်သလက်တီကိုမှာပဲ နည်းပြလုပ်နေခဲ့တာပါ။ အာဂျင်တီးနားလက်ရွေးစင်မှာတောင် ကျွန်တော်တို့ နှစ်ယောက် အသင်းဖော်တွေဖြစ်ခွင့်မရလိုက်ပါဘူး” လို့ မချိတင်ကဲ ပြောကြားသွားခဲ့ပါတယ်။
Zawgyi Version
အက္သလက္တီကိုနည္းျပ ဆီႁမြန္နီက ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ မက္ဆီကိုေခၚယူနိုင္မယ့္ အခြင့္အေရးန ည္းနည္းေလးကို ေမွ်ာ္လင့္ခဲ့ဖူးတယ္လို႔ ဝန္ခံေျပာၾကားလိုက္ပါတယ္။
ဘာစီလိုနာနဲ႕ လမ္းခြဲၿပီးေနာက္ပိုင္း အသင္းလက္မဲ့ျဖစ္ေနတဲ့ မက္ဆီကို ေခၚယူခ်င္တဲ့အသင္းေတြ အမ်ားအျပားရွိခဲ့ၿပီး ကမ္းလွမ္းမႈေတြလည္း အမ်ားအျပားရခဲ့တယ္လို႔ မက္ဆီကိုယ္တိုင္က France Football နဲ႕ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ဖူးပါတယ္။
ဒီလို တရားဝင္ကမ္းလွမ္းမႈေတြထဲမွာ အက္သလက္တီကိုေတာ့ မပါဝင္နိုင္ေပမယ့္ နည္းျပဆီႁမြန္နီကေတာ့ မက္ဆီနဲ႕ ရင္းႏွီးတဲ့ ဆြာရက္ဇ္ဆီက တစ္ဆင့္ မက္ဆီအေၾကာင္းေတြကို ေမးျမန္းခဲ့တယ္လို႔
ကာယကံရွင္ကိုယ္တိုင္က ဖြင့္ဟေျပာၾကားလာပါတယ္။ ဆီႁမြန္နီဟာ မက္ဆီကို ခ်စ္ခင္အားေပးသူတစ္ေယာက္ျဖစ္ၿပီး သူနဲ႕အလုပ္တြဲလုပ္ဖို႔ အၿမဲတမ္းေမွ်ာ္လင့္ခဲ့ရပုံပါပဲ။
ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ဆီႁမြန္နီက “ကြၽန္ေတာ္ မက္ဆီကိုေတာ့ တိုက္ရိုက္မဆက္သြယ္ခဲ့ပါဘူး။ ဒါေပမယ့္ ဆြာရက္ဇ္ဆီ ဖုန္းဆက္ၿပီး မက္ဆီေတြ
ဘယ္အသင္းကိုေျပာင္းနိုင္မလဲ ေမးခဲ့ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္အသင္းကို လာနိုင္ေျခနည္းနည္းေလးပဲရွိတယ္ဆိုေပမယ့္ သူစိတ္ဝင္စားမလားဆိုၿပီး ေမးခဲ့ပါေသးတယ္”
“ဒါေပမယ့္ ဒီေမွ်ာ္လင့္ခ်က္ေတြက (၃) နာရီေလာက္ပဲ ၾကာခဲ့ပါတယ္။ PSG က မက္ဆီကို အရေခၚယူဖို႔ စိတ္ပိုင္းျဖတ္ထားတာေၾကာင့္ပါ။ သူ ဒီလိုအေျပာင္းအလဲေတြမျဖစ္ခင္ ဘာစီလိုနာမွာပဲရွိခဲ့သလို
ကြၽန္ေတာ္ကလည္း အက္သလက္တီကိုမွာပဲ နည္းျပလုပ္ေနခဲ့တာပါ။ အာဂ်င္တီးနားလက္ေ႐ြးစင္မွာေတာင္ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ အသင္းေဖာ္ေတြျဖစ္ခြင့္မရလိုက္ပါဘူး” လို႔ မခ်ိတင္ကဲ ေျပာၾကားသြားခဲ့ပါတယ္။