Spots news

ဘာစီ နဲ့ အေစီသို့ ပြောင်းရွေ့ကစားဖို့ ပြင်နေတဲ့ လင်ဂတ်နဲ့ ယူနိုက်တက် သတင်းတိုများ

Unicode Version

ယူနိုက်တက်နဲ့ စာချုပ်ကုန်တော့မယ့် ကွင်းလယ်လူ လင်ဂတ်ကို ဘာစီလိုနာနဲ့ အေစီမီလန်တို့မှ စောင့်ကြည့်နေပြီး လင်ဂတ်ကလည်း စပိန်နဲ့ အီတလီသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက် ဘက်က ကနဦး စာချုပ်သစ်အား ပယ်ချထားပြီးနောက် ထပ်မံကမ်းလှမ်းထားခြင်းမျိုးမရှိ‌တော့ပဲ လင်ဂတ်ကလဲ သူ့ရဲ့ အနာဂတ်အား ပွဲထွက်ခွင့်ပုံမှန်ရသည့် အပေါ် ဆုံးဖြတ်မည်ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်စတာကွင်းလယ်လူ အမ်ဒီဒီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် အမ်ဒီဒီ ဟာ အခုနှစ်ဘောလုံးရာသီမှာ လက်စတာ အသင်းအတွက်

ပွဲထွက်ခွင့်နည်းပါးနေခဲ့ပြီး ထွက်ခွာဖို့အတွက် ရာခိုင်နှုန်းများတယ် လို့ဆိုပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့လည်း ကွင်းလယ်ခံစစ် ကစားသမား တစ်ယောက် လိုအပ်နေခဲ့တာဖြစ်လို့ အခုလို မျိုး သတင်းထွက်ပေါ် လာခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ပစ်မှတ်ထားခေါ်ယူမယ့် ကစားသမားစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။ Nation League မှာ အကောင်းဆုံးခြေစွမ်းပြကစားနေတဲ့ ပြင်သစ်ကွင်းလယ်လူကို ရီးရဲလ်က အခုတစ်ကြိမ် တဖန်ပြန်လည်စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်အသင်းက သူတို့ အသင်းမှာ ကစားချင်တယ်လို့ ဖွင့်ဟ လာတဲ့ ကစားသမား တစ်ယောက်ကို ဈေးကွက်မှာအပြိုင်ခေါ်ယူမှာ မဟုတ်ပဲ အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ ကစားသမားတွေကို အဓိကထားခေါ်ယူဖို့ ပြင်ဆင်လာတာကို တွေ့ရပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ဇန်နဝါရီ (သို့မဟုတ်) နွေရာသီတွင်ခေါ်ယူချင်တဲ့ အသင်းများထဲမှာ အဲဗာတန် ဘိုင်ယန်မြူးနစ် အပြင် ဂျူဗင်တပ်အသင်းတို့ ပါ၀င်လာကြောင်းသိရပါတယ် ။

ကစားသမားနှင့် အေးဂျင့်မှာ အသင်းမှ ထွက်ခွာရန် ကြိုးစားမှုများရှိနေ ပေမယ့် ပေါ့ဘာရဲ့ စာချုပ် အခြေအနေပေါ်တွင်သာ မူတည်ပြီး ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွေ့အားစဉ်းစားဆုံးဖြတ်မည် ဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္နဲ႕ စာခ်ဳပ္ကုန္ေတာ့မယ့္ ကြင္းလယ္လူ လင္ဂတ္ကို ဘာစီလိုနာနဲ႕ ေအစီမီလန္တို႔မွ ေစာင့္ၾကည့္ေနၿပီး လင္ဂတ္ကလည္း စပိန္နဲ႕ အီတလီသို႔ ေျပာင္းေ႐ႊ႕ရန္ စိတ္ဝင္စားေနပါတယ္။

ယူနိုက္တက္ ဘက္က ကနဦး စာခ်ဳပ္သစ္အား ပယ္ခ်ထားၿပီးေနာက္ ထပ္မံကမ္းလွမ္းထားျခင္းမ်ိဳးမရွိ‌ေတာ့ပဲ လင္ဂတ္ကလဲ သူ႕ရဲ႕ အနာဂတ္အား ပြဲထြက္ခြင့္ပုံမွန္ရသည့္ အေပၚ ဆုံးျဖတ္မည္ျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လက္စတာကြင္းလယ္လူ အမ္ဒီဒီ ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ္ဒီဒီ ဟာ အခုႏွစ္ေဘာလုံးရာသီမွာ လက္စတာ အသင္းအတြက္

ပြဲထြက္ခြင့္နည္းပါးေနခဲ့ၿပီး ထြက္ခြာဖို႔အတြက္ ရာခိုင္ႏႈန္းမ်ားတယ္ လို႔ဆိုပါတယ္။ ယူနိုက္တက္အသင္းအေနနဲ႕လည္း ကြင္းလယ္ခံစစ္ ကစားသမား တစ္ေယာက္ လိုအပ္ေနခဲ့တာျဖစ္လို႔ အခုလို မ်ိဳး သတင္းထြက္ေပၚ လာခဲ့တာပါ။

မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္လူ ေပါ့ဘာဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ပစ္မွတ္ထားေခၚယူမယ့္ ကစားသမားစာရင္းမွာ ျပန္လည္ပါဝင္လာပါတယ္။ Nation League မွာ အေကာင္းဆုံးေျခစြမ္းျပကစားေနတဲ့ ျပင္သစ္ကြင္းလယ္လူကို ရီးရဲလ္က အခုတစ္ႀကိမ္ တဖန္ျပန္လည္စိတ္ဝင္စားလာခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္အသင္းက သူတို႔ အသင္းမွာ ကစားခ်င္တယ္လို႔ ဖြင့္ဟ လာတဲ့ ကစားသမား တစ္ေယာက္ကို ေဈးကြက္မွာအၿပိဳင္ေခၚယူမွာ မဟုတ္ပဲ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ေခၚယူနိုင္တဲ့ ကစားသမားေတြကို အဓိကထားေခၚယူဖို႔ ျပင္ဆင္လာတာကို ေတြ႕ရပါတယ္။

ယူနိုက္တက္ ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ဇန္နဝါရီ (သို႔မဟုတ္) ေႏြရာသီတြင္ေခၚယူခ်င္တဲ့ အသင္းမ်ားထဲမွာ အဲဗာတန္ ဘိုင္ယန္ျမဴးနစ္ အျပင္ ဂ်ဴဗင္တပ္အသင္းတို႔ ပါ၀င္လာေၾကာင္းသိရပါတယ္ ။

ကစားသမားႏွင့္ ေအးဂ်င့္မွာ အသင္းမွ ထြက္ခြာရန္ ႀကိဳးစားမႈမ်ားရွိေန ေပမယ့္ ေပါ့ဘာရဲ႕ စာခ်ဳပ္ အေျခအေနေပၚတြင္သာ မူတည္ၿပီး ဗန္ဒီဘိခ္ရဲ႕ အေျပာင္းအေ႐ြ႕အားစဥ္းစားဆုံးျဖတ္မည္ ျဖစ္ပါတယ္။