Spots news

အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို စာချုပ်သစ် သက်တမ်းတိုးမယ့် ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ပြင်ဆင်နေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားဟာ

၂၀၁၉ခုနှစ်မှာ လက်စတာ စီးတီးအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိချိန် ကနေ ယခုအချိန် အထိ မရှိမဖြစ် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြနေသူပါ။

မက်ဂွိုင်းယားဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့လာချိန်မှာ ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ကာ အသင်းခေါင်းဆောင်ရာထူး ရယူထားပြီး ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားနေပြီး စာချုပ်သစ်မှာ လက်ရှိ ရနေတဲ့ လလစာထက် တဲ့ လုပ်ခလစာ ပမာဏတရပ်ကို ရရှိဖွယ် ရှိပါတယ်။

မက်ဂွိုင်းယားရဲ့ စာချုပ်သက်တမ်းဟာ ၄နှစ် အထိ ကျန်ရှိနေသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယားကို လုပ်ခလစာ တိုးမြှင့်ပေးချင်တာကြောင့် စာချုပ်သစ် ထပ်ချုပ်ဖို့ ပြင်ဆင်နေပြီး မက်ဂွိုင်းယားကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ခေါ်ယူထားတဲ့ ပြင်သစ်ထိပ်တန်း နောက်ခံလူ ဗာရန်းနဲ့ မက်ဂွိုင်းယားတို့ရဲ့ အတွဲအဖက်ဟာ အသင်းကို ဆုဖလားတွေ ရရှိအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ထားတာကြောင့် မက်ဂွိုင်းယားကို အခုလို စာချုပ်သစ် ကမ်းလှမ်းတာ ဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းေခါင္းေဆာင္ ျဖစ္သူ ဟယ္ရီ မက္ဂြိုင္းယားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အတြက္ ျပင္ဆင္ေနေၾကာင္း ၿဗိတိန္ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။ အဂၤလန္ လက္ေ႐ြးစင္ ေနာက္ခံလူ မက္ဂြိုင္းယားဟာ

၂၀၁၉ခုႏွစ္မွာ လက္စတာ စီးတီးအသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၈၅သန္းနဲ႕ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး အသင္းထံ ေရာက္ရွိခ်ိန္ ကေန ယခုအခ်ိန္ အထိ မရွိမျဖစ္ ေနာက္ခံလူ တဦး အျဖစ္ ေျခစြမ္းျပေနသူပါ။

မက္ဂြိုင္းယားဟာ ယူနိုက္တက္သို႔ ေျပာင္းေ႐ႊ႕လာခ်ိန္မွာ ၆ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္ခ်ဳပ္ဆိုထားသူ ျဖစ္ကာ အသင္းေခါင္းေဆာင္ရာထူး ရယူထားၿပီး ေျခစြမ္းေကာင္းေတြ ထုတ္ျပနိုင္ခဲ့တာေၾကာင့္ အသင္းက သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ စဥ္းစားေနၿပီး စာခ်ဳပ္သစ္မွာ လက္ရွိ ရေနတဲ့ လလစာထက္ တဲ့ လုပ္ခလစာ ပမာဏတရပ္ကို ရရွိဖြယ္ ရွိပါတယ္။

မက္ဂြိုင္းယားရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၄ႏွစ္ အထိ က်န္ရွိေနေသးေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ မက္ဂြိုင္းယားကို လုပ္ခလစာ တိုးျမႇင့္ေပးခ်င္တာေၾကာင့္ စာခ်ဳပ္သစ္ ထပ္ခ်ဳပ္ဖို႔ ျပင္ဆင္ေနၿပီး မက္ဂြိုင္းယားကလည္း မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနေၾကာင္း သိရပါတယ္။

ယူနိုက္တက္အသင္းဟာ ေခၚယူထားတဲ့ ျပင္သစ္ထိပ္တန္း ေနာက္ခံလူ ဗာရန္းနဲ႕ မက္ဂြိုင္းယားတို႔ရဲ႕ အတြဲအဖက္ဟာ အသင္းကို ဆုဖလားေတြ ရရွိေအာင္ ကူညီေပးနိုင္မယ္လို႔ ယုံၾကည္ထားတာေၾကာင့္ မက္ဂြိုင္းယားကို အခုလို စာခ်ဳပ္သစ္ ကမ္းလွမ္းတာ ျဖစ္ေၾကာင္း သိရပါတယ္။