Spots news

မန်ယူနိုက်တက်ကို ပြောင်းရွေ့ဖို့ အေးဂျင့်အဖွဲ့ကို ပြောကြားထားတဲ့ အင်ဆစ်ဂ်နီ

Unicode Version

အီတလီ စီးရီးအေကလပ် နာပိုလီအသင်းခေါင်းဆောင် အင်ဆစ်ဂ်နီဟာ တချိန်က သူ့ကို စိတ်ဝင်စားခဲ့ဘူးတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားခွင့် ရအောင်ကြိုးပမ်းဖို့ သူ့အေးဂျင့်ကို တိုက်တွန်းပြောဆို ခဲ့တယ်လို့ သတင်းထွက် နေပါတယ်။

လက်ရှိအချိန်မှာ အသက် ၃၀ နှစ်အရွယ်ရှိပြီဖြစ်သူ အီတလီလက်ရွေးစင် တိုက်စစ်ကစားသမားအင်ဆစ်ဂ်နီနဲ့ နာပိုလီအသင်းတို့ရဲ့ လက်ရှိစာချုပ်သက်တမ်းက မကြာခင် ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားက အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိဖြစ်နေတာပါ။

အီတလီနာမည်ကျော် အားကစား သတင်းစာတစ်စောင်ဖြစ်တဲ့ La Gazzetta dello Sport က အင်ဆစ်ဂ်နီဟာ လာမယ့်နှစ်ကျရင် ယူနိုက်တက် ဒါမှမဟုတ် အင်တာမီလန် အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့ပြီး အခုလောလောဆယ်တော့ အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ယူနိုက်တက် အပါအဝင် အင်္ဂလိပ်ကလပ်တစ်သင်းကမှ စိတ်မဝင်စားသေးပါဘူး။

ဒါပေမဲ့လည်း အင်ဆစ်ဂ်နီဟာ ရာသီကုန်ကျရင် နာပိုလီ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တာကြောင့် အရည်အသွေးမြင့် ကစားသမားတစ်ဦးကို အလွတ်နဲ့ ခေါ်ယူနိုင်မယ့် အနေအထားဖြစ်လို့ ယူနိုက်တက် အသင်းအနေနဲ့ လာမယ့်နှစ်၊ နွေရာသီကျရင် အင်ဆစ်ဂ်နီအတွက် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

နာပိုလီ အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ အင်ဆစ်ဂ်နီဟာ အသင်းအတွက် ဆယ်စုနှစ် တစ်ခုကျော်ကစားခဲ့ပြီး ကိုပါအီတာလီယာ၊ အီတလီစူပါဖလားတွေ ရယူခဲ့သလို အခုနှစ်အတွင်းမှာလည်း အီတလီ အသင်းနဲ့အတူ ယူရိုချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Zawgyi Version

အီတလီ စီးရီးေအကလပ္ နာပိုလီအသင္းေခါင္းေဆာင္ အင္ဆစ္ဂ္နီဟာ တခ်ိန္က သူ႕ကို စိတ္ဝင္စားခဲ့ဘူးတဲ့ အဂၤလန္ ပရီးမီးယားလိဂ္ ကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ကစားခြင့္ ရေအာင္ႀကိဳးပမ္းဖို႔ သူ႕ေအးဂ်င့္ကို တိုက္တြန္းေျပာဆို ခဲ့တယ္လို႔ သတင္းထြက္ ေနပါတယ္။

လက္ရွိအခ်ိန္မွာ အသက္ ၃၀ ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အီတလီလက္ေ႐ြးစင္ တိုက္စစ္ကစားသမားအင္ဆစ္ဂ္နီနဲ႕ နာပိုလီအသင္းတို႔ရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက မၾကာခင္ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ကစားသမားက အသင္းနဲ႕ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆႏၵမရွိျဖစ္ေနတာပါ။

အီတလီနာမည္ေက်ာ္ အားကစား သတင္းစာတစ္ေစာင္ျဖစ္တဲ့ La Gazzetta dello Sport က အင္ဆစ္ဂ္နီဟာ လာမယ့္ႏွစ္က်ရင္ ယူနိုက္တက္ ဒါမွမဟုတ္ အင္တာမီလန္ အသင္းဆီ ေျပာင္းေ႐ႊ႕ကစားဖို႔ ဆႏၵရွိေနတယ္လို႔ ေဖာ္ျပခဲ့ၿပီး အခုေလာေလာဆယ္ေတာ့ အင္ဆစ္ဂ္နီကို ေခၚယူဖို႔ ယူနိုက္တက္ အပါအဝင္ အဂၤလိပ္ကလပ္တစ္သင္းကမွ စိတ္မဝင္စားေသးပါဘူး။

ဒါေပမဲ့လည္း အင္ဆစ္ဂ္နီဟာ ရာသီကုန္က်ရင္ နာပိုလီ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္တာေၾကာင့္ အရည္အေသြးျမင့္ ကစားသမားတစ္ဦးကို အလြတ္နဲ႕ ေခၚယူနိုင္မယ့္ အေနအထားျဖစ္လို႔ ယူနိုက္တက္ အသင္းအေနနဲ႕ လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ အင္ဆစ္ဂ္နီအတြက္ ႀကိဳးပမ္းသြားဖို႔ ရွိေနပါတယ္။

နာပိုလီ အကယ္ဒမီကေန ထြက္ေပၚခဲ့တဲ့ အင္ဆစ္ဂ္နီဟာ အသင္းအတြက္ ဆယ္စုႏွစ္ တစ္ခုေက်ာ္ကစားခဲ့ၿပီး ကိုပါအီတာလီယာ၊ အီတလီစူပါဖလားေတြ ရယူခဲ့သလို အခုႏွစ္အတြင္းမွာလည္း အီတလီ အသင္းနဲ႕အတူ ယူရိုခ်န္ပီယံဆု ဆြတ္ခူးနိုင္ခဲ့သူ ျဖစ္ပါတယ္။