Spots news

ဟာလန်းကို အပိုင်ကိုင်ထားဖို့ အရင်ဆုံးစတင် ဆွေးနွေးနေပြီဖြစ်တဲ့ မန်စီးတီး

Unicode Version

မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ အားနည်းချက် ဖြစ်နေတဲ့ တိုက်စစ်အတွက် ပီးခဲ့တဲ့ အပြောင်းအရွေ့က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အဓိကပစ်မှတ်ထားခဲ့ပေမယ့် စပါးရဲ့

မတန်မဆ တောင်းဆိုမှုတွေ ကြောင့် မန်စီးတီးဟာ လက်ရှောင်ခဲ့ရပြီး ယခုအခါမှာတော့ တိုက်စစ်မှူး စစ်စစ်မရှိပဲ ပရီးမီးယားလိဂ် ခရီးကြမ်းကို ဖြတ်သန်း နေရပါပြီ။

မန်ချက်စတာ စီးတီးအသင်းဟာ တိုက်စစ်မှူး စစ်စစ် မရှိတာကြောင့် စတာလင်းကို အထောင်တိုက်စစ်နေရာမှာ ထားကာ အသုံးပြုနေတာကြောင့်ပဲ တချို့ပွဲစဉ်တွေမှာ အနိုင်ရဖို့ ခက်ခဲခဲ့ပြီး

ပီအက်စ်ဂျီအသင်း ၊ စပါးအသင်းတို့ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ ဆိုရင် အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ်ပေးမယ့် တိုက်စစ်မှူး မရှိတာကြောင့် အရှုံးရလဒ်သာ ရခဲ့ပါတယ်။

ထို့ကြောင့် မန်စီးတီးအသင်းဟာ လာမယ့် နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်းနဲ့ ခေါ်ယူနိုင်မယ့် ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး

အပြောင်းအရွှေ့ အတွက် ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာနများက ဖော်ပြသွားကြပါတယ်။

သတင်း‌ တွေအရ လက်ရှိမှာ ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ နည်းပြဂွာဒီယိုလာ အပါအဝင် မန်စီးတီးအသင်းတို့ ကြားမှာ ဆွေးနွေးမှုတွေ ရှိနေပြီး လာမယ့်

ဇန်နဝါရီလ အပြောင်းအရွှေ့မှာတော့ ဒေါ့မွန် ၊ ဟာလန်းနဲ့ မန်ချက်စတာ စီးတီးတို့ဟာ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်ဖွယ် ရှိကြောင်းလည်း သိရပါတယ်။

ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတာကြောင့် သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်းအသင်းတွေက စိတ်ဝင်စား နေကြပြီး ဟာလန်းရဲ့ ဖခင်ဖြစ်သူဟာ

မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်တာကြောင့် မန်ချက်စတာ စီးတီးအသင်းက ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Zawgyi Version




