Spots news

မက်ဂွိုင်းယားနဲ့ ဗာရန်းမပါပဲ ဆိုးလ်ရှား ဖြတ်သန်းရမယ့် ပွဲကြပ် ခရီးကြမ်း

Unicode Version

ရလဒ်ပိုင်းတွေ ဆိုးရွားနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားအတွက် ထိုင်ခုံလှုပ်စေမယ့် ကိစ္စတစ်ခုတော့ ပေါ်လာနေပါပြီ။ အဲ့တာကတော့

အသင်း၏ အဓိက ခံစစ်မှူး ၂ ဦး ဖြစ်တဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားနှင့် ပြင်သစ်နောက်ခံလူ ဗာရန်းတို့မှာ ဒဏ်ရာပြဿနာများ  ကြုံတွေ့နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် လက်စတာ၊ လီဗာပူး၊ စပါး၊ မန်စီးတီး အစရှိသည့် အသင်းများနှင့် ဆက်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး ပွဲကျပ်ကာလမတိုင်မီ

အားထားရသော နောက်တန်းကစားသမားများ ဒဏ်ရာရရှိနေခြင်း ကြောင့် အသင်းတာဝန်ရှိသူများကို စိတ်ပျက်စရာဖြစ်စေခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းမှာ အဓိက အသင်းခေါင်းဆောင် မက်ဂွိုင်းရားမှာ ခြေချင်းဝတ်ဒဏ်ရာ ပြဿနာရှိနေပြီး မန်ယူအသင်း၏ နောက်ဆုံးပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့တဲ့အပြင် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ် ပွဲစဉ်များ၌လည်း ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

မက်ဂွိုင်းယားရဲ့ တွဲဖက် ခံစစ်မှူး ဖြစ်တဲ့ ဗာရန်းဟာလည်း UEFA Nations League ဗိုလ်လုပွဲဖြစ်သည့် ပြင်သစ် နဲ့ စပိန်ပွဲတွင် ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီး စမ်းသပ်စစ်ဆေးမှုများအရ ရက်သတ္တပတ်အနည်းငယ် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလက မန်ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းဖြင့် ရောက်ရှိလာခဲ့သူ ဗာရန်းအနေနဲ့ ရက်သတ္တပတ် ၃ ပတ်အတွင်း

ကစားရမယ့် ပရီးမီးယားလိဂ် ပွဲကျပ် ၄ ပွဲနှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အတ္တလန်တာနှင့် (အိမ်ကွင်း/အဝေးကွင်း)ပွဲတို့ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရှိပါတယ်။

Zawgyi Version

ရလဒ္ပိုင္းေတြ ဆိုး႐ြားေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွားအတြက္ ထိုင္ခုံလႈပ္ေစမယ့္ ကိစၥတစ္ခုေတာ့ ေပၚလာေနပါၿပီ။

အဲ့တာကေတာ့ အသင္း၏ အဓိက ခံစစ္မႉး ၂ ဦး ျဖစ္တဲ့ အဂၤလန္ေနာက္ခံလူ မက္ဂြိုင္းရားႏွင့္ ျပင္သစ္ေနာက္ခံလူ ဗာရန္းတို႔မွာ ဒဏ္ရာျပႆနာမ်ား  ႀကဳံေတြ႕ေနတာ ျဖစ္ပါတယ္။

ယူနိုက္တက္ အေနနဲ႕ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲတြင္ လက္စတာ၊ လီဗာပူး၊ စပါး၊ မန္စီးတီး အစရွိသည့္ အသင္းမ်ားႏွင့္ ဆက္တိုက္ ရင္ဆိုင္ရေတာ့မွာ ျဖစ္ၿပီး ပြဲက်ပ္ကာလမတိုင္မီ အားထားရေသာ

ေနာက္တန္းကစားသမားမ်ား ဒဏ္ရာရရွိေနျခင္း ေၾကာင့္ အသင္းတာဝန္ရွိသူမ်ားကို စိတ္ပ်က္စရာျဖစ္ေစခဲ့ေၾကာင္း ၿဗိတိန္သတင္းစာ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

မန္ယူနိုက္တက္အသင္းမွာ အဓိက အသင္းေခါင္းေဆာင္ မက္ဂြိုင္းရားမွာ ေျခခ်င္းဝတ္ဒဏ္ရာ ျပႆနာရွိေနၿပီး မန္ယူအသင္း၏ ေနာက္ဆုံးပြဲစဥ္ ၂ ပြဲကို လြဲေခ်ာ္ခဲ့တဲ့အျပင္ အဂၤလန္ လက္ေ႐ြးစင္ အသင္းရဲ႕ ကမာၻ႔ဖလားေျခစစ္ ပြဲစဥ္မ်ား၌လည္း ပါဝင္ကစားနိုင္ျခင္း မရွိခဲ့ပါဘူး။

မက္ဂြိုင္းယားရဲ႕ တြဲဖက္ ခံစစ္မႉး ျဖစ္တဲ့ ဗာရန္းဟာလည္း UEFA Nations League ဗိုလ္လုပြဲျဖစ္သည့္ ျပင္သစ္ နဲ႕ စပိန္ပြဲတြင္ ေပါင္ၿခံဒဏ္ရာ ရရွိခဲ့ၿပီး စမ္းသပ္စစ္ေဆးမႈမ်ားအရ ရက္သတၱပတ္အနည္းငယ္ အနားယူရဖြယ္ရွိေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလက မန္ယူနိုက္တက္ အသင္းသို႔ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၃ သန္းျဖင့္ ေရာက္ရွိလာခဲ့သူ ဗာရန္းအေနနဲ႕ ရက္သတၱပတ္ ၃ ပတ္အတြင္း

ကစားရမယ့္ ပရီးမီးယားလိဂ္ ပြဲက်ပ္ ၄ ပြဲႏွင့္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ အတၱလန္တာႏွင့္ (အိမ္ကြင္း/အေဝးကြင္း)ပြဲတို႔ကို လြဲေခ်ာ္ဖြယ္ရွိေနေၾကာင္း သိရွိပါတယ္။