Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အေစီမီလန် ကွင်းလယ်လူ ကက်ဆီး အား လာမယ့်အပြောင်း အရွေ့ရာသီမှာ ခေါ်ယူရန် ဦးစားပေးရွေးချယ်ထားသော စားရင်း၌ ပါ၀င်နေပြီးလာမယ့်ရာသီတွင်လည်း အသင်းအတွက် အကျိုးအမြတ် ရှိနိုင်ပါက အလွတ် အပြောင်းအရွေ့ဖြင့် ရရှိနိုင်မယ့် ဈေးကွက်ထဲသို့ ၀င်ရောက်ရန် ယူနိုက်တက် ဘက်မှလည်း ဆန္ဒရှိနေပါတယ်။
ယူနိုက်တက် အနေနဲ့လာမယ့် ၂ရာသီအတွင်း ကစားကွက် တစ်ခုလုံးကို ပြောင်းလဲနိုင်မယ့် ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးကို ခေါ်ယူရန် ပစ်မှတ်ထားလာ ကြောင်းသိရပါတယ်။သို့သော် ယခုလက်ရှိအချိန်မှာ ပထမပွဲထွက်လူစားရင်း အတွက် အသင့်သုံးနိုင်မယ့် ကွင်းလယ် ခံစစ်မှူးတစ်ဦးအား အရခေါ်ယူရန် ဆန္ဒရှိနေပါတယ်။
ကွင်းလယ်လူ ကက်ဆီး အနေနဲ့ အေစီမီလန်အသင်းနှင့် ၂၀၂၂ ဇွန် ၃၀ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သက်တမ်း ၈ လသာကျန်ရှိတော့တာ ဖြစ်ပါတယ်။ ထို့ကြောင့် လာမယ့် ရာသီကုန် အပြောင်းအရွေ့မှာ ကက်ဆိးဟာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမား တစ်ဦး ဖြစ်ပါတယ်။
ကက်ဆီးရဲ့ အေးဂျင့် ဖြစ်သူက စာချုပ်ကိစ္စနဲ့ ပတ်သတ်ပြီး “သူဟာ အသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားပါ ဒါကြောင့် ကက်ဆီး ဟာ လုံး၀ကို အရေးပါအရာရောက်တဲ့ သက်တမ်းတိုး စာချုပ်မျိုး ချုပ်ဆိုဖို့ ထိုက်တန်ပါတယ် သူရဲ့သက်တမ်းတိုးခြင်းနဲ့ ပက်သက်ပြီး တော့လည်းကောလဟာလ ပေါင်းစုံရှိနေပါတယ် ။
ကက်ဆီးအတွက် ယူရို 6.5 သန်းနဲ့ အသင်းနဲ့ညှိုနှိုင်း ဆွေးနွေးနေတယ် ဆိုတာဟုတ်လား။ ဒါဟာကျွန်တော်တို့ မျှော်လင့်တဲ့ အနေအထားနဲ့ လုံး၀ ဝေးကွာလွန်း နေပါတယ်။ ကျွန်တော်တို့ ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ် “ဟု ပြောကြား ခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ေအစီမီလန္ ကြင္းလယ္လူ ကက္ဆီး အား လာမယ့္အေျပာင္း အေ႐ြ႕ရာသီမွာ ေခၚယူရန္ ဦးစားေပးေ႐ြးခ်ယ္ထားေသာ စားရင္း၌ ပါ၀င္ေနၿပီးလာမယ့္ရာသီတြင္လည္း အသင္းအတြက္ အက်ိဳးအျမတ္ ရွိနိုင္ပါက အလြတ္ အေျပာင္းအေ႐ြ႕ျဖင့္ ရရွိနိုင္မယ့္ ေဈးကြက္ထဲသို႔ ၀င္ေရာက္ရန္ ယူနိုက္တက္ ဘက္မွလည္း ဆႏၵရွိေနပါတယ္။
ယူနိုက္တက္ အေနနဲ႕လာမယ့္ ၂ရာသီအတြင္း ကစားကြက္ တစ္ခုလုံးကို ေျပာင္းလဲနိုင္မယ့္ ကြင္းလယ္ခံစစ္ ကစားသမားတစ္ဦးကို ေခၚယူရန္ ပစ္မွတ္ထားလာ ေၾကာင္းသိရပါတယ္။သို႔ေသာ္ ယခုလက္ရွိအခ်ိန္မွာ ပထမပြဲထြက္လူစားရင္း အတြက္ အသင့္သုံးနိုင္မယ့္ ကြင္းလယ္ ခံစစ္မႉးတစ္ဦးအား အရေခၚယူရန္ ဆႏၵရွိေနပါတယ္။
ကြင္းလယ္လူ ကက္ဆီး အေနနဲ႕ ေအစီမီလန္အသင္းႏွင့္ ၂၀၂၂ ဇြန္ ၃၀ မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ ျဖစ္ၿပီး စာခ်ဳပ္သက္တမ္း ၈ လသာက်န္ရွိေတာ့တာ ျဖစ္ပါတယ္။ ထို႔ေၾကာင့္ လာမယ့္ ရာသီကုန္ အေျပာင္းအေ႐ြ႕မွာ ကက္ဆိးဟာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ေခၚယူနိုင္မယ့္ ကစားသမား တစ္ဦး ျဖစ္ပါတယ္။
ကက္ဆီးရဲ႕ ေအးဂ်င့္ ျဖစ္သူက စာခ်ဳပ္ကိစၥနဲ႕ ပတ္သတ္ၿပီး “သူဟာ အသင္းအတြက္ အရမ္းအေရးပါတဲ့ ကစားသမားပါ ဒါေၾကာင့္ ကက္ဆီး ဟာ လုံး၀ကို အေရးပါအရာေရာက္တဲ့ သက္တမ္းတိုး စာခ်ဳပ္မ်ိဳး ခ်ဳပ္ဆိုဖို႔ ထိုက္တန္ပါတယ္ သူရဲ႕သက္တမ္းတိုးျခင္းနဲ႕ ပက္သက္ၿပီး ေတာ့လည္းေကာလဟာလ ေပါင္းစုံရွိေနပါတယ္ ။
ကက္ဆီးအတြက္ ယူရို 6.5 သန္းနဲ႕ အသင္းနဲ႕ညွိုႏွိုင္း ေဆြးေႏြးေနတယ္ ဆိုတာဟုတ္လား။ ဒါဟာကြၽန္ေတာ္တို႔ ေမွ်ာ္လင့္တဲ့ အေနအထားနဲ႕ လုံး၀ ေဝးကြာလြန္း ေနပါတယ္။ ကြၽန္ေတာ္တို႔ ဆက္လက္ၿပီး ညွိႏွိုင္းေဆြးေႏြးမႈေတြ ဆက္လက္ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္ “ဟု ေျပာၾကား ခဲ့ပါတယ္။