Spots news

အင်္ဂလန်ကို ပြန်ရောက်တဲ့လမှာပဲ အကောင်းဆုံးဆုတွေ သိမ်းပိုက်ပြတဲ့ ရော်နယ်ဒို

Unicode Version

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာအတွက် ယူနိုက်တက်ရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တယ်လို့ အသင်းက တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စက်တင်ဘာ ၁၁ မှာ ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ

ယူနိုက်တက်အတွက် တစ်ကျော့ပြန် ပွဲထွက်ခဲ့ပြီး အဲ့ဒီပွဲမှာတင် သွင်းဂိုး ၂ ဂိုးသွင်းယူ နိုင်ခဲ့တာပါ။ အဲ့ဒီနောက် ယန်းဘွိုင်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲ၊ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ ပွဲတွေမှာလည်း ရော်နယ်ဒိုက အသင်းအတွက် တစ်ဂိုးစီ သွင်းယူပေးနိုင် ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဗီလာရီးရဲယ်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာလည်း အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူပေးနိုင် ခဲ့သေးတာပါ။ အဲ့ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ စက်တင်ဘာအတွင်း ယူနိုက်တက်အတွက် ၅ ပွဲမှာ ၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဒီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း ရော်နယ်ဒိုက စက်တင်ဘာအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ လက်ရှိ ယူနိုက်တက်က ကစားပုံနဲ့ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရှိနေပေမယ့် ရော်နယ်ဒိုကတော့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ဆဲလို့ဆိုရမှာပါ။

ယူနိုက်တက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုက အသင်းရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ လက်ခံရယူခဲ့ပြီး “တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ကျွန်တော့်ကိုမဲပေးခဲ့တဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဗီဒီယိုဖိုင်နဲ့တကွ ပရိသတ်တွေကို ပြောကြားခဲ့ ပါသေးတယ်။

 

Zawgyi Version

ယူနိုက္တက္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ စက္တင္ဘာအတြက္ ယူနိုက္တက္ရဲ႕ တစ္လတာအေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့တယ္လို႔ အသင္းက တရားဝင္ ထုတ္ျပန္ေၾကညာ ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ စက္တင္ဘာ ၁၁ မွာ ကစားခဲ့တဲ့ နယူးကာဆယ္နဲ႕ပြဲမွာ

ယူနိုက္တက္အတြက္ တစ္ေက်ာ့ျပန္ ပြဲထြက္ခဲ့ၿပီး အဲ့ဒီပြဲမွာတင္ သြင္းဂိုး ၂ ဂိုးသြင္းယူ နိုင္ခဲ့တာပါ။ အဲ့ဒီေနာက္ ယန္းဘြိုင္းစ္ကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ အဖြင့္ပြဲ၊ ဝက္စ္ဟမ္းကို အနိုင္ရရွိခဲ့တဲ့ ပြဲေတြမွာလည္း ေရာ္နယ္ဒိုက အသင္းအတြက္ တစ္ဂိုးစီ သြင္းယူေပးနိုင္ ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ဗီလာရီးရဲယ္ကို အနိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲမွာလည္း အသင္းအတြက္ အဖိုးတန္ အနိုင္ဂိုးကို ေနာက္ဆုံးမိနစ္မွာ သြင္းယူေပးနိုင္ ခဲ့ေသးတာပါ။ အဲ့ဒါေၾကာင့္ ေရာ္နယ္ဒိုအေနနဲ႕ စက္တင္ဘာအတြင္း ယူနိုက္တက္အတြက္ ၅ ပြဲမွာ ၅ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ၿပီး ဒီဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးနိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီမတိုင္ခင္ကလည္း ေရာ္နယ္ဒိုက စက္တင္ဘာအတြက္ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို ဆြတ္ခူးနိုင္ခဲ့ပါေသးတယ္။ လက္ရွိ ယူနိုက္တက္က ကစားပုံနဲ႕ရလဒ္ပိုင္း မတည္ၿငိမ္မႈေတြ ရွိေနေပမယ့္ ေရာ္နယ္ဒိုကေတာ့ သူ႕ရဲ႕ ဂိုးသြင္းစြမ္းရည္ကို ထိန္းသိမ္းထားနိုင္ဆဲလို႔ဆိုရမွာပါ။

ယူနိုက္တက္ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ေရာ္နယ္ဒိုက အသင္းရဲ႕ေလ့က်င့္ေရးကြင္း ကာရင္တန္မွာ လက္ခံရယူခဲ့ၿပီး “တစ္လတာအေကာင္းဆုံးကစားသမားဆုအတြက္ ကြၽန္ေတာ့္ကိုမဲေပးခဲ့တဲ့ ပရိသတ္အားလုံးကို ေက်းဇူးတင္ပါတယ္” လို႔ ဗီဒီယိုဖိုင္နဲ႕တကြ ပရိသတ္ေတြကို ေျပာၾကားခဲ့ ပါေသးတယ္။