Spots news

ကာဗာနီ အပြစ် မရှိကြောင်း လက်ခံပေမယ့် မန်ယူကို ရှက်ရမ်း ရမ်း သွားပြန်တဲ့ အက်ဖ်အေ

Unicode Version

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ( FA ) က ကာဗာနီ  မှာ အပြစ် မရှိတာ ကို ဝန်ခံ ခဲ့ပေမယ့် ကာဗာနီရဲ့ ပြသ်ဒဏ် ကို ပယ်ဖျက် မပေးပဲ မန်ချက်စတာ  ယူနိုက်တက် ကိုပါ ပြောင်းလဲ အပြစ်တင် သွားခဲ့ ပြန် ပါပြီ။

လက်ရှိ ချိန်မှာ ကာဗာနီဟာ အပြစ်မရှိကြောင်း တွေ့ရှိ ခဲ့ ပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားသမား အပေါ် သတင်း မီဒီယာ သင်ပြ မှု အားနည်း နေတယ် လို့ ပြစ်တင် ဝေဖန် သွားတာပါ ။

ကာဗာနီ ဟာ ပြီးခဲ့တဲ့ လက ဆောက်သမ်တန် အသင်း ကို 3-2 ဖြင့် အနိုင် ရခဲ့တဲ့ ပွဲစဉ် အပြီး လူမှု ကွန်ရက် မှ ပိုစ့် ကြောင့် အဆိုပါ ပြစ်ဒဏ်  ချမှတ်ခြင်း ခံခဲ့ ရတာ ဖြစ်ပြီး ကာဗာနီ  ကိုယ်တိုင် က အယူခံ ဝင်သွားဖို့ အစီအစဉ် မရှိ ကြောင်း သိရ ပါတယ်။

ဥရုဂွေး တိုက်စစ်မှူး ကာဗာနီ ဟာ အနိုင်ဂိုး သွင်းနိုင် ခဲ့တဲ့ ပုံကို အင်စတာ ဂရမ် မှာ တင်ထား ခဲ့ချိန်မှာ သူငယ်ချင်း တစ်ယောက် က postမှာ Asi te quiero , Matador ရေးခဲ့ ရာမှာ သူက ပြန်လည် ပြီး” Gracias negrito ” လို့ ရေးပြီး သူ့ရဲ့ အင်စတာဂရမ် story မှာ တင် ခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီ ကတော့ သူ့အနေ နဲ့ ဒီ အသုံး အနှုန်း ဟာ အင်္ဂလန် မှာ ပြစ်မှု မြောက်တယ် ဆိုတာကို မသိ ရှိ ခဲ့ကြောင်း နဲ့ အဆို ပါ စကားလုံးဟာ တောင်အမေရိက မှာ ပြောဆိုလေ့ ရှိတဲ့ နှုတ်ဆက် ဗန်းစကား တစ်ခုသာ ဖြစ်ကြောင်း ပြောဆို ရှင်းပြ ခဲ့ ပြီး မှန်ကန် တဲ့လုပ်ရပ် တစ်ခုအတွက် အယူခံ မဝင်ပါဘူးဟု ငြင်းဆို ခဲ့ရာမှ ဒဏ်ကြေး ပေါင် တစ်သိန်းနဲ့  သုံးပွဲ ပယ် ပြစ်ဒဏ် ချမှတ် ခံခဲ့ ရတာပါ။

တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် အပါအဝင် ဥရုဂွေး ကစား သမားများ ဖြစ်တဲ့ ဆွာရက်ဇ် ၊ ဂိုဒင် အစရှိတဲ့ တောင်အမေရိက သား ဘောလုံးသမား များကပါ ကာဗာနီ ရဲ့ စကားလုံးဟာ တောင်အမေရိက ရဲ့ မိတ်ဆွေ အချင်းချင်း  နောက်ပြောင် တဲ့ နေရာမှာ သုံးတဲ့ ဗန်းစကား တစ်ခု ဖြစ်ကြောင်း ထောက်ခံ ခဲ့ပါတယ်။

သို့ပေမယ့် FA ဟာ ကာဗာနီ ၌ အပြစ်မရှိကြောင်းကို လက်ခံ ပေမယ့် ပြစ်ဒဏ်ကို ပယ်ဖျက်မပေးပဲ မန်ချက်စတာ ယူနိုက်တက် ကိုပါ အပြစ်တင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်လို လူမှု ကွန်ရက် စာ မျက်နှာပေါ် မှာ ပရိတ်သတ် သန်းပေါင်းများ စွာ ရှိတဲ့ အသင်း တစ်သင်း အနေနဲ့ ကစား သမား သစ် တစ်ဦး ရောက်ရှိ လာလျှင် ဗြိတိန် ရဲ့ စောင့်ထိန်း သင့်တဲ့ စကားအသုံး အသုံးအနှုန်း တွေကို သင်ပြ ပေးထား သင့် တယ် ဆိုပြီး အပြစ် တင် ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိတ်သတ် များစွာ ဟာ ဘာသာစကား များစွာ ပြော ဆိုကြပြီး  အသား အရောင် ခွဲ ခြားတဲ့ အသုံး အနှုန်း တွေကို ကစား သမား များ မသုံး မိစေဖို့ သင်တန်း ပေးထား သင့်တယ် ဆိုပြီး တုံ့ပြန်ပြောဆို သွားခဲ့ ပြန် ပါတယ်။