Spots news

တိုက်စစ်မှူးလိုနေတဲ့ မန်စီးတီးအသင်းကို ပြောင်းဖို့ လီဝမ်ဒေါစကီး စိတ်ဝင်စားနေ

Unicode Version

တိုက်စစ်မှူး အလိုရှိနေတဲ့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အသင်းဟာ လီဝမ်ဒေါ့စကီး ပြောင်းရွေ့ကစားဖို့ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း ကစားသမားရဲ့ အအေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ရှေ့တန်းအထောင် တိုက်စစ်မှူး တစ်ဦးကို ရှာဖွေနေပြီး ပြီးခဲ့တဲ့နွေရာသီက စပါးမှ ဟယ်ရီကိန်းကို ခေါ်ယူရေး မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ တိုက်စစ်မှူး စစ်စစ် မရှိတာကြောင့် စတာလင်းကို အထောင်တိုက်စစ်နေရာမှာ ထားကာ အသုံးပြုနေတာကြောင့်ပဲ တချို့ပွဲစဉ်တွေမှာ အနိုင်ရဖို့ ခက်ခဲခဲ့ပြီး

ပီအက်စ်ဂျီ အသင်း ၊ စပါး အသင်းတို့ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ ဆိုရင် အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ်ပေးမယ့် တိုက်စစ်မှူး မရှိတာကြောင့် အရှုံးရလဒ်သာ ရခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ အဓိက ပစ်မှတ်ထားနေသော တိုက်စစ်မှူးတစ်ဦး ဖြစ်ပြီး အေးဂျင့်ဖြစ်သူက

စီးတီးနဲ့ လီဝမ်ဒေါစကီး ရဲ့ အခြေအနေကို ပြောဆိုလိုက်တဲ့ အတွက် မန်စီးတီးသို့ လီဝမ်ဒေါ့စကီး ရောက်ရှိရေးမှာ ပို၍ နီးစပ်လာခဲ့ပါတယ်။

လက်ရှိ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဘိုင်ယန်မှာ လီဝမ်ဒေါ့စကီးကို ကိုင်တွယ်ခဲ့ပြီး ပိုလန်တိုက်စစ်မှူးဟာ မန်စီးတီး တိုက်စစ်ကို အကောင်းဆုံး အားဖြည့် ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဘောလုံးဝေဖန်ရေးများက

သုံးသပ် ဖော်ပြထားပါတယ်။ ၂၀၂၃ တွင် ကလပ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လီဝမ်ဒေါ့စကီးသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားကြောင်း ပြောဆိုထားသူ ဖြစ်ပါတယ်။

လီဝမ်ဒေါ့စကီးဟာ လက်ရှိမှာ ဘလွန်းဒီအောရရန် ရေပန်းစားနေသော ကစားသမား ၅ ဦးစာရင်းတွင် ပါဝင်နေပါတယ်။ မက်ဆီ၊ ဂျော်ဂျင်ဟို၊ လီဝမ်ဒေါ့စကီး၊ ရော်နယ်ဒိုနှင့် ဘန်ဇီမာတို့မှာ

ဘလွန်းဒီအောအတွက် ရေပန်းအစားဆုံး ကစားသမား ၅ ဦး ဖြစ်ပါတယ်။ ယခုနှစ်ရာသီတွင် လီဝမ်ဒေါ့စကီးဟာ ၁၀ ပွဲကစား ၁၃ ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးထားနိုင်ပါတယ်။