Unicode Version
အသင်းပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ပြီးနောက် ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေပါတယ်။
အသက် ၂၅နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ၂၀၂၀ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျာမန် ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇက်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။
တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းထံ ရောက်ရှိပြီးနောက် ပွဲထွက်ခွင့်တွေ ဆက်တိုက် ဆိုသလို ရခဲ့ပေမယ့် သူ့ရဲ့ အဆုံးသတ်စွမ်းရည် အားနည်းချက်ကြောင့် ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဦးစားပေး တိုက်စစ်မှူး မဖြစ်သင့်ဘူး ဆိုတဲ့ ဝေဖန်မှုတွေ ခံခဲ့ရသလို လက်ရှိမှာလည်း လူကာကူရဲ့နောက် ဒုတိယ ဦးစားပေး တိုက်စစ်မှူး အဖြစ်သာ ရှိနေပါတယ်။
ဒါကြောင့်ပဲ နယူးကာဆယ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် တီမိုဝါနာကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး တီမိုဝါနာကလည်း မှန်ကန်တဲ့ စီမံကိန်းတွေသာ ရှိမယ် ဆိုရင် နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း တီမိုဝါနာနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဂျာမဏီသတင်းတွေနဲ့ ပတ်သတ်ပြီး စိတ်ချရတဲ့ သတင်းထောက် ခရစ်ဆန်ဖော့ခ်ကလည်း နယူးကာဆယ်က တီမိုဝါနာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း အတည်ပြုပေးထားပြီး နယူးကာဆယ်က တီမိုဝါနာ အပြင် သူ့ရဲ့ အသင်းဖော် ရူဒီဂါကိုလည်း ခေါ်ယူဖို့ ကြိုးစားနေကြောင်း ရေးသား ဖော်ပြထားပါတယ်။
Zawgyi Version
အသင္းပိုင္ရွင္သစ္ အေျပာင္းအလဲ ျဖစ္ၿပီးေနာက္ ၾကယ္ပြင့္ ကစားသမားေတြကို ေခၚယူဖို႔ ႀကိဳးစားလာတဲ့ ပရီးမီးယားလိဂ္ ကလပ္ နယူးကာဆယ္အသင္းဟာ ခ်ယ္လ္ဆီးအသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ ရဖို႔ ႐ုန္းကန္ေနရတဲ့ ဂ်ာမန္ လက္ေ႐ြးစင္ တိုက္စစ္မႉး တီမိုဝါနာကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ စတင္ ျပဳလုပ္ေနပါတယ္။
အသက္ ၂၅ႏွစ္ အ႐ြယ္ ဂ်ာမဏီ လက္ေ႐ြးစင္ တိုက္စစ္မႉး တီမိုဝါနာဟာ ၂၀၂၀ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကမွ ဂ်ာမန္ ဘြန္ဒက္လီဂါကလပ္ လိုက္ပ္ဇက္အသင္း ကေန ခ်ယ္လ္ဆီးအသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၅၃သန္းနဲ႕ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး အသင္းနဲ႕ ၂၀၂၅ခုႏွစ္ အထိ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုထားသူလည္း ျဖစ္ပါတယ္။
တီမိုဝါနာဟာ ခ်ယ္လ္ဆီးအသင္းထံ ေရာက္ရွိၿပီးေနာက္ ပြဲထြက္ခြင့္ေတြ ဆက္တိုက္ ဆိုသလို ရခဲ့ေပမယ့္ သူ႕ရဲ႕ အဆုံးသတ္စြမ္းရည္ အားနည္းခ်က္ေၾကာင့္ ခ်ယ္လ္ဆီးအသင္းရဲ႕ နံပါတ္တစ္ ဦးစားေပး တိုက္စစ္မႉး မျဖစ္သင့္ဘူး ဆိုတဲ့ ေဝဖန္မႈေတြ ခံခဲ့ရသလို လက္ရွိမွာလည္း လူကာကူရဲ႕ေနာက္ ဒုတိယ ဦးစားေပး တိုက္စစ္မႉး အျဖစ္သာ ရွိေနပါတယ္။
ဒါေၾကာင့္ပဲ နယူးကာဆယ္အသင္းဟာ သူတို႔အသင္းရဲ႕ တိုက္စစ္ပိုင္း အတြက္ တီမိုဝါနာကို ေခၚယူဖို႔ မ်က္စိက်ေနတာ ျဖစ္ၿပီး တီမိုဝါနာကလည္း မွန္ကန္တဲ့ စီမံကိန္းေတြသာ ရွိမယ္ ဆိုရင္ နယူးကာဆယ္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနေၾကာင္း တီမိုဝါနာနဲ႕ နီးစပ္သူေတြက ဆိုပါတယ္။
ဂ်ာမဏီသတင္းေတြနဲ႕ ပတ္သတ္ၿပီး စိတ္ခ်ရတဲ့ သတင္းေထာက္ ခရစ္ဆန္ေဖာ့ခ္ကလည္း နယူးကာဆယ္က တီမိုဝါနာကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနေၾကာင္း အတည္ျပဳေပးထားၿပီး နယူးကာဆယ္က တီမိုဝါနာ အျပင္ သူ႕ရဲ႕ အသင္းေဖာ္ ႐ူဒီဂါကိုလည္း ေခၚယူဖို႔ ႀကိဳးစားေနေၾကာင္း ေရးသား ေဖာ္ျပထားပါတယ္။