Spots news

အလွတ်နဲ့ရရင် အကုန်ကြိတ်မယ့် ရီးရဲလ်နဲ့ ဘာစီလိုနာရဲ့ ပစ်မှတ် ပေါ့ဘာ

Unicode Version

စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမည့်နွေရာသီ အပြောင်းအရွေ့ကာလမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို ပြောင်းရွှေ့ကြေး အလွတ်ဖြင့်ခေါ်ယူရန် စောင့်ကြည့်နေကြောင်း AS သတင်းစာက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်း နှင့် ချုပ်ဆိုထားတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာရဲ့ လက်ရှိစာချုပ်မှာ ယခုရာသီကုန်မှာ ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ဆွေးနွေးမှု များမှာလဲ တိုးတက်ခြင်းမရှိသေးတာကြောင့် ရီးရဲလ် မက်ဒရစ် အသင်းက ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ပါတယ်။

Nation League မှာ အကောင်းဆုံးခြေစွမ်းပြကစားခဲ့တဲ့ ပေါ့ဘာကို ရီးရဲလ်က တဖန်ပြန်လည်စိတ်ဝင်စား လာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းက သူတို့ အသင်းမှာ ကစားချင်တယ်လို့ ဖွင့်ဟ လာတဲ့ ကစားသမားတစ်ယောက်ကို ဈေးကွက်မှာအပြိုင်ခေါ်ယူမှာ မဟုတ်ပဲအလွတ်ပြောင်းရွေ့ကြေးနဲ့

ခေါ်ယူနိုင်တဲ့ ကစားသမားတွေကို အဓိကထားခေါ်ယူဖို့ ပြင်ဆင်လာတာကိုတွေ့ရပါတယ်။ ရီးရဲလ်အသင်းဟာ ပေါ့ဘာကို ခေါ်ယူခြင်းဖြင့် ပေါ့ဘာရဲ့ ပြင်သစ် လက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ အမ်ဘာပေကို ခေါ်ယူရန် ကြိုးပမ်းရာတွင် အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်နေကြောင်း AS က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိသတင်းတွေအရ ဘာစီလိုနာ အသင်းဟာလဲ လာမယ့်နှစ် နွေရာသီမှာ ပေါလ်ပေါ့ဘာကို အလွတ်နဲ့ခေါ်ယူဖို့ ကြိုးပမ်းလာမည် ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ထားတာကြောင့်လည်း အေးဂျင့်ဖြစ်သူ မီနိုရွိုင်အိုလာက ပေါ့ဘာအတွက် ဥရောပကလပ်အသင်းကြီးတစ်သင်းကို ရှာဖွေနေလျှက်ရှိ နေပါတယ်။

Zawgyi Version

စပိန္လာလီဂါ အင္အားႀကီးကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းဟာ လာမည့္ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ အဓိက ကြင္းလယ္လူ ေပါ့ဘာကို ေျပာင္းေ႐ႊ႕ေၾကး အလြတ္ျဖင့္ေခၚယူရန္ ေစာင့္ၾကည့္ေနေၾကာင္း AS သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ယူနိုက္တက္အသင္း ႏွင့္ ခ်ဳပ္ဆိုထားတဲ့ ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာရဲ႕ လက္ရွိစာခ်ဳပ္မွာ ယခုရာသီကုန္မွာ ကုန္ဆုံးမည္ျဖစ္ၿပီး စာခ်ဳပ္သစ္ေဆြးေႏြးမႈ မ်ားမွာလဲ တိုးတက္ျခင္းမရွိေသးတာေၾကာင့္ ရီးရဲလ္ မက္ဒရစ္ အသင္းက ကစားသမားရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနျခင္းျဖစ္ပါတယ္။

Nation League မွာ အေကာင္းဆုံးေျခစြမ္းျပကစားခဲ့တဲ့ ေပါ့ဘာကို ရီးရဲလ္က တဖန္ျပန္လည္စိတ္ဝင္စား လာခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္အသင္းက သူတို႔ အသင္းမွာ ကစားခ်င္တယ္လို႔ ဖြင့္ဟ လာတဲ့ ကစားသမားတစ္ေယာက္ကို ေဈးကြက္မွာအၿပိဳင္ေခၚယူမွာ မဟုတ္ပဲအလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕

ေခၚယူနိုင္တဲ့ ကစားသမားေတြကို အဓိကထားေခၚယူဖို႔ ျပင္ဆင္လာတာကိုေတြ႕ရပါတယ္။ ရီးရဲလ္အသင္းဟာ ေပါ့ဘာကို ေခၚယူျခင္းျဖင့္ ေပါ့ဘာရဲ႕ ျပင္သစ္ လက္ေ႐ြးစင္ အသင္းေဖာ္ျဖစ္တဲ့ အမ္ဘာေပကို ေခၚယူရန္ ႀကိဳးပမ္းရာတြင္ အေထာက္အကူျဖစ္လိမ့္မည္ဟု ယုံၾကည္ေနေၾကာင္း AS က ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ လက္ရွိသတင္းေတြအရ ဘာစီလိုနာ အသင္းဟာလဲ လာမယ့္ႏွစ္ ေႏြရာသီမွာ ေပါလ္ေပါ့ဘာကို အလြတ္နဲ႕ေခၚယူဖို႔ ႀကိဳးပမ္းလာမည္ ျဖစ္ပါတယ္။ ယူနိုက္တက္ရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းပယ္ထားတာေၾကာင့္လည္း ေအးဂ်င့္ျဖစ္သူ မီနို႐ြိုင္အိုလာက ေပါ့ဘာအတြက္ ဥေရာပကလပ္အသင္းႀကီးတစ္သင္းကို ရွာေဖြေနလွ်က္ရွိ ေနပါတယ္။