Spots news

ရွှေဘောလုံးဆုအတွက် ချစ်တပည့်ကြီးကိုပဲ ထောက်ခံလိုက်တဲ့ နည်းပြကြီး ဖာဂူဆန်

Unicode Version

မန်ချက်စတာ ယူနိူက်တက် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ သူ့ရဲ့ တပည့်ရင်းကြီး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ်ချီးမြှင့်မယ့် ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ထောက်ခံစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ပြောင်းရွှေ့လာကာ ခြေစွမ်းကောင်းတွေ ထုတ်ဖော် ပြသထားနိုင်သူပါ။

ရော်နယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၃၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရော်နယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ်ချီးမြှင့်မယ့် ရွှေဘောလုံးဆုရဲ့ စကာတင် ကစားသမား ၃၀ဦး စာရင်းမှာ ပါဝင်ခဲ့သလို ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမား ၁၀ဦးစာရင်းထဲမှာလည်း ပါဝင်နေပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အဓိက ဆုဖလားတွေ ရယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အခွင့်အလမ်း နည်းပါးနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ သူ့ရဲ့ တပည့်ဟောင်းဟာ ယခုနှစ်အတွင်းမှာ

စံချိန်ပေါင်း များစွာကို ချိုးဖျက်နိုင်ခဲ့တာကြောင့် ရွှေဘောလုံးဆုနဲ့ ထိုက်တန်တယ်လို့ သုံးသပ် ချီးကျူးသွားခဲ့ပါတယ်။ ဖာဂူဆန်က – “ ခရစ္စတီယာနိုက ရွှေဘောလုံးဆုနဲ့ ထိုက်တန်မှု ရှိပါတယ်။ ဒီနှစ်မှာ သူက စံချိန်တွေ အများကြီးကို ချိုးဖြတ်ထားနိုင်တယ်လေ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိူက္တက္ ဂႏၲဝင္ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ ကေတာ့ သူ႕ရဲ႕ တပည့္ရင္းႀကီး ခရစၥတီယာနို ေရာ္နယ္ဒိုဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္ ေပးအပ္ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုနဲ႕ ထိုက္တန္တဲ့ ကစားသမား တဦး ျဖစ္ေၾကာင္း ေထာက္ခံစကား ေျပာၾကားသြားခဲ့ပါတယ္။

အသက္ ၃၆ႏွစ္ အ႐ြယ္ ေပၚတူဂီ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ အတြင္းမွာ စီးရီးေအ အင္အားႀကီးကလပ္ ဂ်ဴဗင္တပ္အသင္း ကေန အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ျပန္လည္ ေျပာင္းေ႐ႊ႕လာကာ ေျခစြမ္းေကာင္းေတြ ထုတ္ေဖာ္ ျပသထားနိုင္သူပါ။

ေရာ္နယ္ဒိုဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ေပၚတူဂီအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၉ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁၁ဂိုး သြင္းယူထားနိုင္သလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း ဂ်ဴဗင္တပ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၄၄ပြဲ ပါဝင္ ကစားေပးခဲ့ကာ သြင္းဂိုး ၃၆ဂိုး သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ေရာ္နယ္ဒိုဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္ ေပးအပ္ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုရဲ႕ စကာတင္ ကစားသမား ၃၀ဦး စာရင္းမွာ ပါဝင္ခဲ့သလို ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းအစားဆုံး ျဖစ္ေနတဲ့ ကစားသမား ၁၀ဦးစာရင္းထဲမွာလည္း ပါဝင္ေနပါတယ္။

ဒါေပမယ့္ ေရာ္နယ္ဒိုဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီမွာ အဓိက ဆုဖလားေတြ ရယူနိုင္ခဲ့ျခင္း မရွိတာေၾကာင့္ ေ႐ႊေဘာလုံးဆုကို ရယူနိုင္ဖို႔ အခြင့္အလမ္း နည္းပါးေနၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဂႏၲဝင္ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ ကေတာ့ သူ႕ရဲ႕ တပည့္ေဟာင္းဟာ ယခုႏွစ္အတြင္းမွာ

စံခ်ိန္ေပါင္း မ်ားစြာကို ခ်ိဳးဖ်က္နိုင္ခဲ့တာေၾကာင့္ ေ႐ႊေဘာလုံးဆုနဲ႕ ထိုက္တန္တယ္လို႔ သုံးသပ္ ခ်ီးက်ဴးသြားခဲ့ပါတယ္။ ဖာဂူဆန္က – “ ခရစၥတီယာနိုက ေ႐ႊေဘာလုံးဆုနဲ႕ ထိုက္တန္မႈ ရွိပါတယ္။ ဒီႏွစ္မွာ သူက စံခ်ိန္ေတြ အမ်ားႀကီးကို ခ်ိဳးျဖတ္ထားနိုင္တယ္ေလ” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။