Spots news

ကတ်ဆီးကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ဘူးစကတ်ကို ရောင်းချရမယ့် ဘာစီလိုနာ

Unicode Version

ဘာစီလိုနာအသင်းဟာ နွေစျေးကွက်အတွင်းမှာ အေစီမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို အသင်းဆီ အရခေါ်ယူသွားဖွယ် ရှိနေတဲ့အပြင် အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ ဆာဂျီယိုဘူးစကတ်ကိုလည်း အသင်းကနေ ပြန်လည်ရောင်းထုတ်သွားဖို့ပါ ပြင်ဆင်နေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာ များက ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းဟာ အလွတ်ပြောင်းရွေ့ကြေး နဲ့ ရရှိမယ့် ကစားသမားတွေကို ပစ်မှတ်ထား ခေါ်ယူသွားမှာ ဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည်အင်အား ဖြည့်တင်းဖို့ ရာသီကုန် အပြောင်းအရွေ့မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို အလိုရှိနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကတ်ဆေးကို ဘာစီလိုနာအသင်းနဲ့အပြိုင် ပရီးမီးယားလိဂ်က ထိပ်တန်းကလပ်အသင်းတွေနဲ့ စီးရီးအေ နာမည်ကျော် ကလပ်အသင်းတွေကပါ စိတ်ဝင်စားနေကြပြီး ကတ်ဆေးကလည်း စာချုပ် သက်တမ်းတိုးဖို့ထက် အသင်းပြောင်းရွေ့ဖို့ကိုသာ ဆန္ဒရှိလို့နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းအနေနဲ့ကလည်း သူတို့အလိုရှိနေတဲ့ ကတ်ဆေးကို ခေါ်ယူလိုပါက အလွတ်ပြောင်းရွေ့နဲ့ ရရှိမယ်ဆိုပေမယ့် ကတ်ဆရဲ့ လုပ်ခ လစာကို ‌ပေးချေနိုင်ဖို့ လစာမြင့်ကစားသမားတွေကို ရောင်းချရမှာ ဖြစ်ပြီး ငယ်မွေးခြံပေါက် ကစားသမားတစ်ယောက်ဖြစ်တဲ့ စပိန်ကွင်းလယ်လူ ဘူးစကတ်ကို အရင်ဆုံး အသင်းကနေ ရှင်းထုတ်သွားဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနှစ် နွေစျေးကွက်အတွင်းမှာလည်း မန်ဖစ်ဒီပိုင်း ဆာဂျီယိုအဂွဲရိုးနဲ့ အဲရစ်ဂါဆီယာတို့လို ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ အန်ထရန်ဂရီးဇ်မန်းတို့ကို လက်လွတ်ထားခဲ့ပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းဟာ ေႏြေစ်းကြက္အတြင္းမွာ ေအစီမီလန္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဖရန႔္ကတ္ေဆးကို အသင္းဆီ အရေခၚယူသြားဖြယ္ ရွိေနတဲ့အျပင္ အသင္းရဲ႕ ဝါရင့္ ကြင္းလယ္လူ ဆာဂ်ီယိုဘူးစကတ္ကိုလည္း အသင္းကေန ျပန္လည္ေရာင္းထုတ္သြားဖို႔ပါ ျပင္ဆင္ေနတယ္လို႔ စပိန္အေျခစိုက္ သတင္းမီဒီယာ မ်ားက ေဖာ္ျပထားပါတယ္။

ဘာစီလိုနာအသင္းဟာ အလြတ္ေျပာင္းေ႐ြ႕ေၾကး နဲ႕ ရရွိမယ့္ ကစားသမားေတြကို ပစ္မွတ္ထား ေခၚယူသြားမွာ ျဖစ္ၿပီး အသင္းရဲ႕ ကြင္းလယ္ပိုင္းကို ျပန္လည္အင္အား ျဖည့္တင္းဖို႔ ရာသီကုန္ အေျပာင္းအေ႐ြ႕မွာ ေအစီမီလန္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ကြင္းလယ္ကစားသမား ဖရန႔္ကတ္ေဆးကို အလိုရွိေနတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ကတ္ေဆးကို ဘာစီလိုနာအသင္းနဲ႕အၿပိဳင္ ပရီးမီးယားလိဂ္က ထိပ္တန္းကလပ္အသင္းေတြနဲ႕ စီးရီးေအ နာမည္ေက်ာ္ ကလပ္အသင္းေတြကပါ စိတ္ဝင္စားေနၾကၿပီး ကတ္ေဆးကလည္း စာခ်ဳပ္ သက္တမ္းတိုးဖို႔ထက္ အသင္းေျပာင္းေ႐ြ႕ဖို႔ကိုသာ ဆႏၵရွိလို႔ေနတာ ျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းအေနနဲ႕ကလည္း သူတို႔အလိုရွိေနတဲ့ ကတ္ေဆးကို ေခၚယူလိုပါက အလြတ္ေျပာင္းေ႐ြ႕နဲ႕ ရရွိမယ္ဆိုေပမယ့္ ကတ္ဆရဲ႕ လုပ္ခ လစာကို ‌ေပးေခ်နိဳင္ဖို႔ လစာျမင့္ကစားသမားေတြကို ေရာင္းခ်ရမွာ ျဖစ္ၿပီး ငယ္ေမြးၿခံေပါက္ ကစားသမားတစ္ေယာက္ျဖစ္တဲ့ စပိန္ကြင္းလယ္လူ ဘူးစကတ္ကို အရင္ဆုံး အသင္းကေန ရွင္းထုတ္သြားဖြယ္ ရွိေနပါတယ္။

ဘာစီလိုနာအသင္းဟာ အခုႏွစ္ ေႏြေစ်းကြက္အတြင္းမွာလည္း မန္ဖစ္ဒီပိုင္း ဆာဂ်ီယိုအဂြဲရိုးနဲ႕ အဲရစ္ဂါဆီယာတို႔လို ကစားသမားေတြကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႕ ေခၚယူထားခဲ့တာျဖစ္ၿပီး အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ လီယြန္နယ္မက္ဆီနဲ႕ အန္ထရန္ဂရီးဇ္မန္းတို႔ကို လက္လြတ္ထားခဲ့ပါတယ္။