Spots news

ဒဏ်ရာရ ကစားသမားတွေရှိနေပေမယ့် ဇန်နဝါရီမှာ လုံးဝလူမဝယ်တော့မယ့် လီဗာပူး

Unicode Version

လီဗာပူး နည်းပြ ကလော့ပ်ဟာ လီဗာပူး အနေနဲ့ ယခု ဇန်နဝါရီ အပြောင်းအရွေ့ ကာလ မှာ မည်သည့် ကစားသမား မှ ခေါ်ယူမည် မဟုတ်ကြောင်း ပြောဆို လိုက်ပါတယ်။

လီဗာပူးဟာ အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင် နိုင်ခဲ့ ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲ မှာတော့ နိုင်ပွဲ ပျောက်ဆုံး သွားတဲ့ အပြင် ၊ အမှတ်ပေး ဇယားမှာ ဒုတိယ နေရာက မန်ချက်စတာ ယူနိုက်တက် ရဲ့ တစ်ပွဲလျော့ အမှတ်တူ နဲ့ ထပ်ကြပ် မကွာ ဖိအား ပေးခြင်းကို ခံနေ ရတာပါ။

ခံစစ် မှာလဲ ဒဏ်ရာ ပြသနာတွေ ဆက်တိုက် ရင်ဆိုင် နေရပြီး အဓိက နောက်ခံ လူတွေ ဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ် တို့ဟာ ဒူး ဒဏ်ရာတွေ ကြောင့် ကာလရှည် အနားယူ နေရတာ ဖြစ်ပြီး မာတစ် ကလဲ ဇန်နဝါရီ လကုန်မှ ပြန်ကစားနိုင်ဖွယ် ရာ ရှိနေ ပါတယ်။

အသင်းရဲ့ လက်ရှိ အနေအထား အရ ခံစစ်ကစားသမား တစ်ဦး မဖြစ်မနေ ဝယ်ယူ ရမည် ဖြစ်သော်လဲ နည်းပြ ကလော့ပ် က ကိုဗစ် အခြေအနေ အရ အသင်းရဲ့ ဘဏ္ဍာရေး  ကို ငှဲ့ ကြည့်၍ ကစားသမား သစ် လုံးဝ မဝယ် တော့ပါ ဟု ကြေငြာ ခဲ့တာပါ။

“ အသင်းရဲ့ လက်ရှိ အခြေအနေ တွေအရ ခေါ်ဖို့ မဖြစ်နိုင် လောက်ဘူး ။ အခု အခြေ အနေဟာ ဘောလုံးသမား တွေ အတွက် ရော သာမန်ပြည်သူတွေ အတွက်ပါ ခက်ခဲတဲ့ အချိန် ဆိုတာ အားလုံး အသိပါ။

ငွေကြေး အခက် အခဲ မရှိ တဲ့ အသင်း တွေတော့ ရှိပေမယ့် လီဗာပူး ပိုင်ရှင်တွေ အတွက် တော့ အခက် အခဲ ရှိနေ နိုင်ပါတယ်။ တကယ်လို့ ပုံမှန် အခြေအနေမှာ ဆိုရင်တော့ နောက်တန်း ခံစစ်မှူး သုံးဦး လောက် ဒဏ်ရာရရင် ကျိန်းသေ တစ်ယောက် ဝယ်မှာပေါ့။

ဒါပေမယ့် လက်ရှိ အချိန်မှာ တော့ မဖြစ်နိုင်ပါဘူး ။ ကျွန်တော်က ရေတို ဖြေရှင်းတဲ့ နည်းလမ်းကိုတော့ သဘော မကျ ပါဘူး။ ကလပ်အသင်းအတွက် မကောင်းဘူး ”ဟု ကလော့ပ်က ပြောဆိုခဲ့ ပါတယ်။

လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးတွေ ဖြစ်တဲ့ ကာရေဂါ ၊ ဂျွန်ဘန်းစ် တို့က‌ တော့ လီဗာပူး အနေနဲ့ ခံစစ် ပြသနာ ကို အမြန်ဆုံး မဖြေရှင်းခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆု ကို လွှဲပြောင်း ပေးရနိုင် ကြောင်း ပြောဆို ခဲ့ပါတယ်။

Zawgyi Version

လီဗာပူး နည္းျပ ကေလာ့ပ္ဟာ လီဗာပူး အေနနဲ႕ ယခု ဇန္နဝါရီ အေျပာင္းအေ႐ြ႕ ကာလ မွာ မည္သည့္ ကစားသမား မွ ေခၚယူမည္ မဟုတ္ေၾကာင္း ေျပာဆို လိုက္ပါတယ္။

လီဗာပူးဟာ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ဦးေဆာင္ နိုင္ခဲ့ေပမယ့္ ေနာက္ဆုံး ကစားခဲ့တဲ့ 3 ပြဲ မွာေတာ့ နိုင္ပြဲ ေပ်ာက္ဆုံးသြားတဲ့ အျပင္ ၊ အမွတ္ေပးဇယားမွာ ဒုတိယေနရာက မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ တစ္ပြဲေလ်ာ့ အမွတ္တူ နဲ႕ ထပ္ၾကပ္မကြာ ဖိအား ေပးျခင္းကို ခံေန ရတာပါ။

ခံစစ္ မွာလဲ ဒဏ္ရာ ျပသနာေတြ ဆက္တိုက္ ရင္ဆိုင္ ေနရၿပီး အဓိက ေနာက္ခံလူေတြ ျဖစ္ၾကတဲ့ ဗန္ဒိုက္နဲ႕ ဂိုးမက္စ္ တို႔ဟာ ဒူးဒဏ္ရာေတြ ေၾကာင့္ ကာလရွည္ အနားယူ ေနရတာ ျဖစ္ၿပီး မာတစ္ကလဲ ဇန္နဝါရီ လကုန္မွ ျပန္ကစားနိုင္ဖြယ္ရာ ရွိေနပါတယ္။

အသင္းရဲ႕ လက္ရွိ အေနအထား အရ ခံစစ္ကစားသမား တစ္ဦး မျဖစ္မေန ဝယ္ယူရမည္ ျဖစ္ေသာ္လဲ နည္းျပ ကေလာ့ပ္ က ကိုဗစ္ အေျခအေနအရ အသင္းရဲ႕ ဘ႑ာေရး ေအခုအေန ကို ငွဲ႕ ၾကည့္၍ ကစားသမားသစ္ လုံးဝ မဝယ္ေတာ့ပါ ဟု ေၾကျငာခဲ့တာပါ။

“ အသင္းရဲ႕ လက္ရွိ အေျခအေန ေတြအရ ေခၚဖို႔ မျဖစ္နိုင္ ေလာက္ဘူး ။ အခု အေျခအေနဟာ ေဘာလုံးသမား ေတြအတြက္ ေရာ သာမန္ျပည္သူေတြ အတြက္ပါ ခက္ခဲတဲ့ အခ်ိန္ဆိုတာ အားလုံး အသိပါ။ ေငြေၾကး အခက္ အခဲ မရွိ တဲ့ အသင္း ေတြေတာ့ ရွိေပမယ့္ လီဗာပူး ပိုင္ရွင္ေတြ အတြက္ ေတာ့ အခက္ အခဲ ရွိေန နိုင္ပါတယ္။ တကယ္လို႔ ပုံမွန္ အေျခအေနမွာ ဆိုရင္ေတာ့ ေနာက္တန္း ခံစစ္မႉး သုံးဦး ေလာက္ ဒဏ္ရာရရင္ က်ိန္းေသ တစ္ေယာက္ ဝယ္မွာေပါ့။ ဒါေပမယ့္ လက္ရွိ အခ်ိန္မွာ ေတာ့ မျဖစ္နိုင္ပါဘူး ။ ကြၽန္ေတာ္က ေရတို ေျဖရွင္းတဲ့ နည္းလမ္းကိုေတာ့ သေဘာမက် ပါဘူး။ ကလပ္အသင္းအတြက္ မေကာင္းဘူး ”ဟု ကေလာ့ပ္က ေျပာဆိုခဲ့ ပါတယ္။

လီဗာပူး အသင္းရဲ႕ ဂႏၲဝင္ ကစားသမားေဟာင္းႀကီးေတြ ျဖစ္တဲ့ ကာေရဂါ ၊ ဂြၽန္ဘန္းစ္ တို႔က‌ ေတာ့ လီဗာပူး အေနနဲ႕ ခံစစ္ ျပသနာ ကို အျမန္ဆုံး မေျဖရွင္းခဲ့ရင္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ကို လႊဲေျပာင္း ေပးရနိုင္ ေၾကာင္း ေျပာဆို ခဲ့ပါတယ္။