Unicode Version
၂၁ ရာစုအတွင်းမှာ ဟက်ထရစ် သွင်းယူမှုအများဆုံး ကစားသမားအဖြစ် ရော်နယ်ဒိုက ထိပ်ဆုံးမှာ ရပ်တည် နေတယ်လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံး
ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့အနီးကပ် ပြိုင်ဘက် မက်ဆီကို ငါးကြိမ်အထိ အသာစီး ရရှိခဲ့တယ်လို့ အချက်အလက် တွေအရ သိရပါတယ်။
လူဇင်ဘတ်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ ဦးဆောင်မှုက ပိုမိုပြတ်သားလာတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၁ ရာစုအတွင်းမှာ ဟက်ထရစ်
စုစုပေါင်း ၅၈ ကြိမ်အထိ သွင်းယူနိုင်ခဲ့ပြီး မက်ဆီက ၅၃ ကြိမ်နဲ့ ဒုတိယနေရာမှာ ရှိနေကာ လူးဝစ္စဆွာရက်ဇ်က ၂၉ ကြိမ်၊ လီဝန်ဒေါစကီးက ၂၆ ကြိမ်နဲ့ နေမာက အကြိမ် ၂ဝရှိကာ အသီးသီး ရပ်တည် နေကြပါတယ်။
ဒါကြောင့် ရော်နယ်ဒိုနဲ့ မက်ဆီတို့က သူတို့ရဲ့ပြိုင်ဘက်တွေကို အပြတ်အသတ် အသာစီးရကာ ဦးဆောင်နေပြီး ၂၁ ရာစုအတွင်းမှာ သူတို့နှစ်ဦးတည်း ဘာကြောင့်အထင်ပေါ်ဆုံး၊ အကျော်ကြားဆုံး ဖြစ်နေရတယ်
ဆိုတာကိုပါ သက်သေပြနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးကြား ပြိုင်ဆိုင်မှုတွေကလည်း အကြိတ်အနယ် ရှိနေခဲ့ပြီး သွင်းဂိုး၊ ဆုဖလား အောင်မြင်မှု၊ တစ်ဦးချင်း ဆုတံဆိပ်တွေမှာပါ ပြိုင်ဆိုင် နေခဲ့ကြပါတယ်။
အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ နိုင်ငံတကာ သွင်းဂိုး အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင် ထားပြီးဖြစ်သလို ဟက်ထရစ် ၁၀ ကြိမ်အထိ နိုင်ငံအသင်းအတွက်ရယူကာ ဟက်ထရစ် အများဆုံးစံချိန်ကိုလည်း
ထပ်မံသိမ်းပိုက် ခဲ့ပါတယ်။ သူ့ရဲ့ ဒီစံချိန်တွေကို လိုက်မီဖို့ကတော့ တော်တော်လေး မလွယ်ကူတဲ့အနေအထားမှာ ရှိနေပြီး ပေါ်တူဂီသားရဲ့ အမြဲတမ်း နံပါတ်တစ် ဖြစ်နေရမယ်ဆိုတဲ့ ပြောဆိုမှုနဲ့အညီ ရှိနေခဲ့ပါတယ်။
Zawgyi Version
၂၁ ရာစုအတြင္းမွာ ဟက္ထရစ္ သြင္းယူမႈအမ်ားဆုံး ကစားသမားအျဖစ္ ေရာ္နယ္ဒိုက ထိပ္ဆုံးမွာ ရပ္တည္ ေနတယ္လို႔ The Sun ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ေဘာလုံးေလာကရဲ႕ ထာဝရအေကာင္းဆုံး
ကစားသမားေတြထဲက တစ္ဦးျဖစ္တယ္လို႔ သတ္မွတ္ခံထားရတဲ့ ေရာ္နယ္ဒိုဟာ သူ႕ရဲ႕အနီးကပ္ ၿပိဳင္ဘက္ မက္ဆီကို ငါးႀကိမ္အထိ အသာစီး ရရွိခဲ့တယ္လို႔ အခ်က္အလက္ ေတြအရ သိရပါတယ္။
လူဇင္ဘတ္နဲ႕ ကစားခဲ့တဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲမွာ ဟက္ထရစ္ သြင္းယူနိုင္ခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုရဲ႕ ဦးေဆာင္မႈက ပိုမိုျပတ္သားလာတာလည္းျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ၂၁ ရာစုအတြင္းမွာ ဟက္ထရစ္
စုစုေပါင္း ၅၈ ႀကိမ္အထိ သြင္းယူနိုင္ခဲ့ၿပီး မက္ဆီက ၅၃ ႀကိမ္နဲ႕ ဒုတိယေနရာမွာ ရွိေနကာ လူးဝစၥဆြာရက္ဇ္က ၂၉ ႀကိမ္၊ လီဝန္ေဒါစကီးက ၂၆ ႀကိမ္နဲ႕ ေနမာက အႀကိမ္ ၂ဝရွိကာ အသီးသီး ရပ္တည္ ေနၾကပါတယ္။
ဒါေၾကာင့္ ေရာ္နယ္ဒိုနဲ႕ မက္ဆီတို႔က သူတို႔ရဲ႕ၿပိဳင္ဘက္ေတြကို အျပတ္အသတ္ အသာစီးရကာ ဦးေဆာင္ေနၿပီး ၂၁ ရာစုအတြင္းမွာ သူတို႔ႏွစ္ဦးတည္း ဘာေၾကာင့္အထင္ေပၚဆုံး၊ အေက်ာ္ၾကားဆုံး ျဖစ္ေနရတယ္
ဆိုတာကိုပါ သက္ေသျပနိုင္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦးၾကား ၿပိဳင္ဆိုင္မႈေတြကလည္း အႀကိတ္အနယ္ ရွိေနခဲ့ၿပီး သြင္းဂိုး၊ ဆုဖလား ေအာင္ျမင္မႈ၊ တစ္ဦးခ်င္း ဆုတံဆိပ္ေတြမွာပါ ၿပိဳင္ဆိုင္ ေနခဲ့ၾကပါတယ္။
အသက္ ၃၆ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုဟာ နိုင္ငံတကာ သြင္းဂိုး အမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ ထားၿပီးျဖစ္သလို ဟက္ထရစ္ ၁၀ ႀကိမ္အထိ နိုင္ငံအသင္းအတြက္ရယူကာ ဟက္ထရစ္ အမ်ားဆုံးစံခ်ိန္ကိုလည္း
ထပ္မံသိမ္းပိုက္ ခဲ့ပါတယ္။ သူ႕ရဲ႕ ဒီစံခ်ိန္ေတြကို လိုက္မီဖို႔ကေတာ့ ေတာ္ေတာ္ေလး မလြယ္ကူတဲ့အေနအထားမွာ ရွိေနၿပီး ေပၚတူဂီသားရဲ႕ အၿမဲတမ္း နံပါတ္တစ္ ျဖစ္ေနရမယ္ဆိုတဲ့ ေျပာဆိုမႈနဲ႕အညီ ရွိေနခဲ့ပါတယ္။