Spots news

မန်စီးတီးနဲ့ သန်း ၅၀ တန်စာချုပ်သစ် ချုပ်ဆိုတော့မယ့် လူငယ်ကြယ်ပွင့် ဖိုဒန်

Unicode Version

မန်စီးတီးကွင်းလယ်လူ ဖိုဒန်ဟာ မန်စီးတီးမှာ အကျိုးအမြတ်များမယ့် စာချုပ်သစ်တစ်ခုကို လက်မှတ် ရေးထိုးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။ ဖိုဒန်ရဲ့ ကိုယ်စားလှယ်နဲ့ မန်စီးတီးရဲ့ ကိုယ်စားလှယ်တို့ ကြားမှာ ညိနှိုင်းမှုတွေ စတင်နေတာဖြစ်ပြီး တစ်ပတ်လုပ်ခ

ပေါင်  တစ်သိန်းခွဲ ပေးချေမယ့် ၆ နှစ် စာချုပ်ဖြစ်ကာ ပေါင် ၅၀ သန်း တန်ကြေးရှိမယ်လို့ သိရပါတယ်။ စီးတီးဘက်က ဖိုဒန်ဟာ ကလပ်ရဲ့ အရေးပါဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် ၂၀၁၈ တုန်းက သက်တမ်းတိုးထားမှုကို အခုချိန်မှာ ပြင်ဆင် စာချုပ်ပေးမယ့် အနေအထား ဖြစ်ပါတယ်။

နိုင်ငံတကာ သီတင်းပတ်မှာပဲ စာချုပ်သစ်အတွက် မူအရတော့ သဘောတူညီမှု ရထားပြီဖြစ်ကာ လာမယ့် ရက်တွေမှာတော့ အတည်ပြုမှုအတွက် ဆက်ပြီး ညိနှိုင်းကြမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဒဏ်ရာကြောင့် မန်စီးတီးပွဲတွေကို နောက်ကျပြီးမှ ကစားလာနိုင်တဲ့ ဖိုဒန်ဟာ ကြံ့ခိုင်မှုကောင်းတွေ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၁၇ မှာ မန်စီးတီးအတွက် စတင် ပွဲထွက်ပေးလာတာဖြစ်ပြီး လက်ရှိမှာ ပွဲပေါင်း ၁၃၀ ကစားပေးထားကာ သွင်းဂိုး ၃၃ ဂိုး သွင်းယူထားနိုင်ပါပြီ။ သူဟာ အင်္ဂလန်အသင်းအတွက်လည်း ၁၁ ပွဲ ကစားပေးထားပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ်တို့ကို အောင်မြင်ထားတဲ့ ဖိုဒန်ဟာ အီဒါဆန်၊ ဂျွန်စတုန်း၊ ဒီယက်စ်နဲ့ ဒီဘရိုင်းတို့ နောက်ပိုင်း ကာလရှည် သက်တမ်းတိုးမယ့် အသင်းသား တစ်ဦးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

Zawgyi Version

မန္စီးတီးကြင္းလယ္လူ ဖိုဒန္ဟာ မန္စီးတီးမွာ အက်ိဳးအျမတ္မ်ားမယ့္ စာခ်ဳပ္သစ္တစ္ခုကို လက္မွတ္ေရးထိုးနိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။ ဖိုဒန္ရဲ႕ ကိုယ္စားလွယ္နဲ႕ မန္စီးတီးရဲ႕ ကိုယ္စားလွယ္တို႔ ၾကားမွာ ညိႏွိုင္းမႈေတြ စတင္ေနတာျဖစ္ၿပီး တစ္ပတ္လုပ္ခ

ေပါင္ ၁၅၀၀၀၀ ေပးေခ်မယ့္ ၆ ႏွစ္ စာခ်ဳပ္ျဖစ္ကာ ေပါင္ ၅၀ သန္း တန္ေၾကးရွိမယ္လို႔ သိရပါတယ္။ စီးတီးဘက္က ဖိုဒန္ဟာ ကလပ္ရဲ႕ အေရးပါဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္တာေၾကာင့္ ၂၀၁၈ တုန္းက သက္တမ္းတိုးထားမႈကို အခုခ်ိန္မွာ ျပင္ဆင္ စာခ်ဳပ္ေပးမယ့္ အေနအထား ျဖစ္ပါတယ္။

နိုင္ငံတကာ သီတင္းပတ္မွာပဲ စာခ်ဳပ္သစ္အတြက္ မူအရေတာ့ သေဘာတူညီမႈ ရထားၿပီျဖစ္ကာ လာမယ့္ ရက္ေတြမွာေတာ့ အတည္ျပဳမႈအတြက္ ဆက္ၿပီး ညိႏွိုင္းၾကမွာ ျဖစ္ပါတယ္။ ဒီရာသီမွာ ဒဏ္ရာေၾကာင့္ မန္စီးတီးပြဲေတြကို ေနာက္က်ၿပီးမွ ကစားလာနိုင္တဲ့ ဖိုဒန္ဟာ ႀကံ့ခိုင္မႈေကာင္းေတြ ပိုင္ဆိုင္ေနၿပီ ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ၂၀၁၇ မွာ မန္စီးတီးအတြက္ စတင္ ပြဲထြက္ေပးလာတာျဖစ္ၿပီး လက္ရွိမွာ ပြဲေပါင္း ၁၃၀ ကစားေပးထားကာ သြင္းဂိုး ၃၃ ဂိုး သြင္းယူထားနိုင္ပါၿပီ။ သူဟာ အဂၤလန္အသင္းအတြက္လည္း ၁၁ ပြဲ ကစားေပးထားၿပီ ျဖစ္ပါတယ္။

မန္စီးတီးအသင္းနဲ႕အတူ ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္၊ လိဂ္ဖလား ၄ ႀကိမ္နဲ႕ အက္ဖ္ေအဖလား ၁ ႀကိမ္တို႔ကို ေအာင္ျမင္ထားတဲ့ ဖိုဒန္ဟာ အီဒါဆန္၊ ဂြၽန္စတုန္း၊ ဒီယက္စ္နဲ႕ ဒီဘရိုင္းတို႔ ေနာက္ပိုင္း ကာလရွည္ သက္တမ္းတိုးမယ့္ အသင္းသား တစ္ဦးလည္း ျဖစ္လာမွာ ျဖစ္ပါတယ္။