Unicode Version
စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် အသင်းရဲ့ နည်းပြ ရော်နယ်ကိုးမန်းကို ရာသီကုန် အထိ နည်းပြအဖြစ် ဆက်ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ကွယ်မှာ ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ဂွာဒီယိုလာရဲ့ အကြံဥာဏ်တွေ ပါဝင်ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ကိုးမန်းရဲ့ လက်အောက်မှာ ကိုပါဒယ်ရေး ဆုဖလားကို အရယူထားနိုင်ပါတယ်။
ဒါပေမယ့် ကိုးမန်းရဲ့ လက်အောက်မှာ ဘာစီလိုနာအသင်းဟာ စီမံခန့်ခွဲမှုအမှား အများအပြားကို ကျူးလွန်မိခဲ့ပြီး ကိုးမန်းရဲ့ ကစားသမားတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေကလည်း အတော်လေးကို ကျော်ကြားပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဝါးဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပြီး
ဘာစီလိုနာ ဘုတ်အဖွဲ့ဟာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ ကိုးမန်းရဲ့နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကို မရှာဖွေနိုင်ခဲ့သလို
ဥက္ကဌ လာပေါ်တာကလည်း ရာသီတခု ကုန်ဆုံးချိန်မှသာ နည်းပြကို ထုတ်ပယ်ချင်တာကြောင့် ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြအဖြစ် ဆက်လက် ရှိနေတာလည်း ဖြစ်ပါတယ်။
Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားချိန်မှာ နည်းပြဟောင်းတဦးလည်း ဖြစ်တဲ့ ဂွာဒီယိုလာနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ
ပြုလုပ်ခဲ့ပြီး ဂွာဒီယိုလာက ကိုးမန်းကို နည်းပြအဖြစ် ဆက်လက် ခန့်အပ်ဖို့ တိုက်တွန်းခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ကိုးမန်းကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Zawgyi Version
စပိန္လာလီဂါ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ ဘာစီလိုနာအသင္းဟာ ရလဒ္ေတြ ဆိုးဝါးေနေပမယ့္ အသင္းရဲ႕ နည္းျပ ေရာ္နယ္ကိုးမန္းကို ရာသီကုန္ အထိ နည္းျပအျဖစ္ ဆက္ခန႔္ထားဖို႔ ဆုံးျဖတ္ခဲ့တဲ့ ေနာက္ကြယ္မွာ ဘာစီလိုနာအသင္းရဲ႕ နည္းျပေဟာင္း တဦး ျဖစ္သူ ဂြာဒီယိုလာရဲ႕ အႀကံဥာဏ္ေတြ ပါဝင္ေၾကာင္း သိရပါတယ္။
ဘာစီလိုနာအသင္းရဲ႕ ဂႏၲဝင္ ကစားသမား တဦး ျဖစ္သူ ေရာ္နယ္ကိုးမန္းဟာ ဘာစီလိုနာအသင္းကို ၿပီးခဲ့တဲ့ ေဘာလုံးရာသီထဲက စတင္ ကိုင္တြယ္ခဲ့သူ ျဖစ္ၿပီး ဘာစီလိုနာအသင္းဟာ ကိုးမန္းရဲ႕ လက္ေအာက္မွာ ကိုပါဒယ္ေရး ဆုဖလားကို အရယူထားနိုင္ပါတယ္။
ဒါေပမယ့္ ကိုးမန္းရဲ႕ လက္ေအာက္မွာ ဘာစီလိုနာအသင္းဟာ စီမံခန႔္ခြဲမႈအမွား အမ်ားအျပားကို က်ဴးလြန္မိခဲ့ၿပီး ကိုးမန္းရဲ႕ ကစားသမားေတြ အေပၚ ခြဲျခားဆက္ဆံမႈေတြကလည္း အေတာ္ေလးကို ေက်ာ္ၾကားပါတယ္။ လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းဟာ ႏွစ္ေပါင္း ၂၀ အတြင္း အဆိုးဝါးဆုံး ရာသီအစနဲ႕ ရင္ဆိုင္ေနရၿပီး
ဘာစီလိုနာ ဘုတ္အဖြဲ႕ဟာ နည္းျပ အေျပာင္းအလဲ လုပ္ဖို႔ စီစဥ္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းဟာ ကိုးမန္းရဲ႕ေနရာကို အစားဝင္နိုင္မယ့္ နည္းျပတဦးကို မရွာေဖြနိုင္ခဲ့သလို ဥကၠဌ လာေပၚတာကလည္း ရာသီတခု ကုန္ဆုံးခ်ိန္မွသာ နည္းျပကို ထုတ္ပယ္ခ်င္တာေၾကာင့္ ကိုးမန္းဟာ ဘာစီလိုနာအသင္းရဲ႕ နည္းျပအျဖစ္ ဆက္လက္ ရွိေနတာလည္း ျဖစ္ပါတယ္။
Marca သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ ကိုးမန္းကို ရာထူးကေန ထုတ္ပယ္ဖို႔ စတင္ စဥ္းစားခ်ိန္မွာ နည္းျပေဟာင္းတဦးလည္း ျဖစ္တဲ့ ဂြာဒီယိုလာနဲ႕ တိုင္ပင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး ဂြာဒီယိုလာက ကိုးမန္းကို နည္းျပအျဖစ္ ဆက္လက္ ခန႔္အပ္ဖို႔ တိုက္တြန္းခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းဟာ ကိုးမန္းကို ေစာင့္ၾကည့္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။