Spots news

ရော်နယ်ဒိုကို အရံခုံ ထိုင်ခိုင်းဦးမယ့်အကြောင်း ပြောကြားလိုက်တဲ့ ဆိုးလ်ရှား

Unicode Version

ဆိုးလ်ရှားဟာ ယူနိုက်တက်နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ရော်နယ်ဒိုကို အရံခုံထိုင်ခိုင်းခဲ့ပြီး လူစားဝင်ကစားသမားအဖြစ်ပဲ အသုံးပြုခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ လုပ်ရပ်ကို

ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကပါ ဝေဖန်ခဲ့ရပေမယ့် ဆိုးလ်ရှားကတော့ ရော်နယ်ဒိုနဲ့ပတ်သက်လို့ သူ့ရဲ့ နောက်ထပ်ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ထပ်မံချမှတ်သွားဦးမယ့်ပုံပါပဲ။

ရော်နယ်ဒိုဟာ နိုင်ငံတကာရက်သတ္တပတ်အတွင်း ပေါ်တူဂီအတွက် ကစားပေးခဲ့တဲ့ ပွဲစဥ် (၂) ပွဲမှာ (၄) ဂိုးအထိ သွင်းယူခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုရဲ့

ပွဲကစားချိန်ကို စနစ်တကျ သတ်မှတ်သွားမယ်လို့ဆိုခဲ့ဖူးတဲ့အတိုင်း ဆိုးလ်ရှားကတော့ ဆက်လက်ခေါင်းမာသွားဖို့ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆိုးလ်ရှားက အခုလိုပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက “ရော်နယ်ဒိုက ထူးခြားကောင်းမွန်တဲ့ ကစားသမား၊ ထူးချွန်တဲ့ အဆုံးသတ်သမား၊ ထူးခြားကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ သူ့ကို ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ခဲ့ရတာ တကယ်ခက်ခဲပါတယ်။ လူတိုင်းကတော့ သူကစားတာကို မြင်ချင်မှာပဲ”

“တကယ်လို့ ခင်ဗျားသာဆိုရင်ရော (၆) ရက်အတွင်း (၆) ပွဲကစားရမယ်ဆိုရင် တစ်ချိန်လုံး တူညီတဲ့ ကစားသမား (၁၁) ယောက်ကိုပဲ သုံးမလား? ရော်နယ်ဒိုက ထိပ်တန်း ကစားသမား

ဟုတ်ပါတယ်။ ဒါပေမယ့် အလှည့်ကျစနစ်နဲ့သွားရပါမယ်။ လာမယ့်ဧပြီ၊ မေမှာ ကျွန်တော်တို့ ကစားသမားတွေအကုန်လုံး မီးကုန်ယမ်းကုန် ကစားနိုင်ဖို့ လိုအပ်ပါတယ်”

“ပြီးခဲ့တဲ့ရာသီက မေလည်းရောက်ရော ကျွန်တော်တို့ အရမ်းပင်ပန်းနေပါပြီ။ ကျွန်တော်က အသင်းအတွက် ကစားသမားတွေကို စီမံခန့်ခွဲရတဲ့သူပါ။ ရော်နယ်ဒို ကွင်းထဲမှာ ရှိနေတာ

ကောင်းပါတယ်။ သူက အကောင်းဆုံးဆိုတာတွေနဲ့ပဲ ရောက်လာသူပါ။ အဲ့ဒီတော့ သူ့ကိုကွင်းထဲမှာ ပိုထားနိုင်ရင် ပိုမကောင်းဘူးလား” လို့ ပြောကြားသွားခဲ့ပါတယ်။

Zawgyi Version

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် အသင်းရဲ့ နည်းပြ ရော်နယ်ကိုးမန်းကို ရာသီကုန် အထိ နည်းပြအဖြစ် ဆက်ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ကွယ်မှာ ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ဂွာဒီယိုလာရဲ့ အကြံဥာဏ်တွေ ပါဝင်ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ကိုးမန်းရဲ့ လက်အောက်မှာ ကိုပါဒယ်ရေး ဆုဖလားကို အရယူထားနိုင်ပါတယ်။

ဒါပေမယ့် ကိုးမန်းရဲ့ လက်အောက်မှာ ဘာစီလိုနာအသင်းဟာ စီမံခန့်ခွဲမှုအမှား အများအပြားကို ကျူးလွန်မိခဲ့ပြီး ကိုးမန်းရဲ့ ကစားသမားတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေကလည်း အတော်လေးကို ကျော်ကြားပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဝါးဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပြီး

ဘာစီလိုနာ ဘုတ်အဖွဲ့ဟာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ ကိုးမန်းရဲ့နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကို မရှာဖွေနိုင်ခဲ့သလို ဥက္ကဌ လာပေါ်တာကလည်း ရာသီတခု ကုန်ဆုံးချိန်မှသာ နည်းပြကို ထုတ်ပယ်ချင်တာကြောင့် ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြအဖြစ် ဆက်လက် ရှိနေတာလည်း ဖြစ်ပါတယ်။

Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားချိန်မှာ နည်းပြဟောင်းတဦးလည်း ဖြစ်တဲ့ ဂွာဒီယိုလာနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဂွာဒီယိုလာက ကိုးမန်းကို နည်းပြအဖြစ် ဆက်လက် ခန့်အပ်ဖို့ တိုက်တွန်းခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ကိုးမန်းကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။