Spots news

နယူးကာဆယ်နည်းပြနေရာကို ရယူမယ့် အခြေအနေကို ပြောပြလိုက်တဲ့ ဂျရတ်

Unicode Version

ရိန်းဂျားနည်းပြနဲ့ လီဗာပူးဂန္တဝင်ဖြစ်တဲ့ စတီဗင်ဂျရတ်က နယူးကာဆယ်မန်နေဂျာအဖြစ် စတိဗ်ဘရုစ်ရဲ့နေရာကို အစားထိုးနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကို တုံ့ပြန်မှု လုပ်လာခဲ့ပါတယ်။ စပါးနဲ့ တနင်္ဂနွေနေ့ပွဲမှာ နည်းပြဘဝ ပွဲ ၁၀၀၀ ပြည့်တော့မယ့် ဘရုစ်ကို မကြာခင်မှာ

နယူးကာဆယ် ပိုင်ရှင်အသစ်တွေက ထုတ်ပယ်ဖို့ ရှိနေတာပါ။ နယူးကာဆယ်ဟာ မနှစ်က တန်းဆင်းဇုန်ထဲမှာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာ အမှတ်ပေးဇယား အဆင့် ၁၂ ကို တက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာလဲ အဆင့် ၁၉ ကို ရောက်ရှိနေပြီး နိုင်ပွဲတစ်ပွဲမှ မရသေးတာ ဖြစ်ပါတယ်။

ကလပ်ပိုင်ရှင် အပြောင်းအလဲအပြီး ကွန်တီ၊ ဖေဗရီနဲ့ လမ်းပတ်တို့အားလုံးဟာ နည်းပြသစ် ဖြစ်လာဖို့ ချိတ်ဆက်ခံခဲ့ရပေမယ့် ဂျရတ်ရဲ့ နာမည်ကလည်း ထင်ကြေးပေးမှုတွေ မြင့်တက်လာစေခဲ့တာပါ။ မနှစ်က ရိန်းဂျားကို စကော့တစ် ဖလားရရှိစေခဲ့တဲ့ ဂျရတ်ဟာ နယူးကာဆယ် မန်နေဂျာသစ် ဖြစ်နိုင်ခြေကို စိတ်ဝင်စားကြောင်း ဝန်ခံခဲ့တယ်။

ဒါပေမယ့် လက်ရှိမှာ သူ့အနေနဲ့ ဟတ်စ်အသင်းနဲ့ ဇယားထိပ်လုပွဲအပေါ်မှာသာ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂျရတ်က လက်ရှိ ကာဆယ်နည်းပြ ဘရုစ် အပေါ်မှာလည်း လေးစားမှုရှိပြီး ဒီတစ်ပတ်မှာ နည်းပြဘဝ ပွဲ ၁၀၀၀ ပြည့်ကို နယူးကာဆယ်အသင်းမှာ ဘရုစ် ကိုင်တွယ်ခွင့်ရဖို့ မျှော်လင့်ကြောင်း လီဗာပူးဂန္တဝင်က ပြောကြားခဲ့တာပါ။

“ ကျွန်တော် ဘယ်လို ထင်ကြေးပေးမှုတွေ အပေါ်မှာမှ မတုံ့ပြန်ချင်ပါဘူး။ အထူးသဖြင့် အဲ့ဒီ့အလုပ်မှာ ကျွန်တော် အလေးစားဆုံး နည်းပြတစ်ယောက် ရှိနေတာကြောင့်ပေါ့။ ကျွန်တော့် အနေနဲ့ ဒီမှာ သိပ်ကိုကြီးမားတဲ့ အလုပ်နဲ့ တာဝန်ကို ရရှိထားပါတယ်။ ဒီအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားတာပါ။ ဒီတစ်ပတ်မှာ ဇယားထိပ်တိုက်ပွဲ ကစားရဖို့ရှိတယ်။ အဲ့ဒီ့ပွဲအတွက် ကျွန်တော် အရမ်းကို မျှော်လင့်နေပါတယ်။

နယူးကာဆယ်ကိုလည်း စိတ်ဝင်စားပါတယ်။ ဘရုစီရဲ့ ပွဲ ၁၀၀၀ ပြည့်ကို စောင့်ကြည့်ဖို့ပေါ့။ သူက ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသို ကျွန်တော် အလေးစားဆုံး နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပွဲ ၁၀၀၀ ပြည့်ကို ကြည့်ရဖို့ ကျွန်တော် တကယ်ကို မျှော်လင့်နေပါတယ်။ ဒါက သိပ်ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင် တစ်ခုပါပဲ။

ကျွန်တော်သာ နယူးကာဆယ် နည်းပြဆိုရင် ကျွန်တော့်အလုပ်အကြောင်း အမျိုးမျိုး ထင်ကြေးပေးနေကြတာကို ကြိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် အခု ဘရုစ်ရှိနေတဲ့ မန်နေဂျာရာထူးနဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကို ကျွန်တော် တုံ့ပြန်မှာ မဟုတ်ဘူး။

နယူးကာဆယ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေက စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ကာဆယ်ပရိသတ်တွေက ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးကတည်းက မနားကြတော့ဘူး။ အဲ့ဒီ့မှာ စိတ်လှုပ်ရှားမှု ပုံစံတွေက အရမ်းမြင့်မားနေမယ်ဆိုတာ သေချာပါတယ်။

လူတိုင်းက သူတို့ ဘယ်လိုတိုးတက်လာမလဲ ဆိုတာ မြင်တွေ့ရဖို့ စိတ်ဝင်စားနေကြတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအမြင်အရ ကျွန်တော့်အနေနဲ့ ဘယ်လို ထင်ကြေးပေးမှုတွေမှာမှ မပါဝင်ပါဘူး။ စတိဗ်အတွက် အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးပါတယ် ” လို့ ဂျရတ်က ပြောဆိုခဲ့တာပါ။

Zawgyi Version

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် အသင်းရဲ့ နည်းပြ ရော်နယ်ကိုးမန်းကို ရာသီကုန် အထိ နည်းပြအဖြစ် ဆက်ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ကွယ်မှာ ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ဂွာဒီယိုလာရဲ့ အကြံဥာဏ်တွေ ပါဝင်ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ကိုးမန်းရဲ့ လက်အောက်မှာ ကိုပါဒယ်ရေး ဆုဖလားကို အရယူထားနိုင်ပါတယ်။

ဒါပေမယ့် ကိုးမန်းရဲ့ လက်အောက်မှာ ဘာစီလိုနာအသင်းဟာ စီမံခန့်ခွဲမှုအမှား အများအပြားကို ကျူးလွန်မိခဲ့ပြီး ကိုးမန်းရဲ့ ကစားသမားတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေကလည်း အတော်လေးကို ကျော်ကြားပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဝါးဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပြီး

ဘာစီလိုနာ ဘုတ်အဖွဲ့ဟာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ ကိုးမန်းရဲ့နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကို မရှာဖွေနိုင်ခဲ့သလို ဥက္ကဌ လာပေါ်တာကလည်း ရာသီတခု ကုန်ဆုံးချိန်မှသာ နည်းပြကို ထုတ်ပယ်ချင်တာကြောင့် ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြအဖြစ် ဆက်လက် ရှိနေတာလည်း ဖြစ်ပါတယ်။

Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားချိန်မှာ နည်းပြဟောင်းတဦးလည်း ဖြစ်တဲ့ ဂွာဒီယိုလာနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဂွာဒီယိုလာက ကိုးမန်းကို နည်းပြအဖြစ် ဆက်လက် ခန့်အပ်ဖို့ တိုက်တွန်းခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ကိုးမန်းကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။