Spots news

အဝေးကွင်းမှာ ဂိုးပြတ်ခြေပြတ် နဲ့ ထင်တိုင်းဆုံးမခဲ့တဲ့ လီဗာပူးလ်

Unicode Version

စနေနေ့ရဲ့ ပရီးမီးယားလိဂ်အစောဆုံးပွဲစဉ်အဖြစ်ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ လီဗာပူးလ်ပွဲစဉ်မှာတော့ ကလော့ပ်ရဲ့ လီဗာပူးလ်က အဝေးကွင်းမှာ စိတ်ထင်တိုင်းသောင်းကျန်းသွားခဲ့ပါတယ်။

ဝက်ဖို့ဒ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ဖူးတဲ့ အရသာကို ခံစားဖူးတဲ့ လီဗာပူးလ်ဟာ ဒီတစ်ကြိမ်မှာတော့ ပြိုင်ဘက်ကို ဘယ်လို အခွင့်အရေးမှမပေးဘဲ ပွဲအစအဆုံးသူတို့စိတ်ကြိုက်လွှမ်းမိုးခြယ်လှယ်သွားခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းမှု၊ ထောင့်ကန်ဘော၊ ပေးပို့မှုတွေကအစ လီဗာပူးလ်က အကုန်အသာစီးရရှိခဲ့ပြီး ဆာလာက ထူးရှယ်ခြေစွမ်းပြခဲ့ကာ မာနေးနဲ့ ဖာမီနိုတို့လည်း ဂိုးတွေအသီးသီး

ရရှိခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ အရင်တုန်းကလိုမျိုး လီဗာပူးလ်ကို ဖိအားမပေးနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပြီး ပွဲအစအဆုံးမှာ လီဗာပူးလ်က အားသာချက်မျိုးစုံနဲ့ ကစားသွားခဲ့ပါတယ်။

မာနေးက ဆာလာရဲ့ဖန်တီးပေးမှုကနေ စောစောစီးစီး အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးက သူ့အတွက်တော့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ဂိုးဖြစ်ပြီး အမှတ်ရစရာဖြစ်ခဲ့ရပါတယ်။

ဒီနောက်မှာ ဖာမီနိုက တစ်ဂိုးထပ်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးလ်တို့ ၂-၀ နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ လီဗာပူးလ်တို့ နောက်တစ်ဂိုး ထပ်ရခဲ့ကာ ဖာမီနိုကပဲသွင်းပေးခဲ့တာပါ

ဒီနောက်မှာ ဆာလာက မန်စီးတီးနဲ့ပွဲစဉ်က သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဆင်တူတဲ့ဂိုးမျိုးကို လှလှပပသွင်းယူပြီး လီဗာပူးလ် အတွက် ၄ ဂိုးမြောက်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။ ရာနီရေးနီကတော့ သူ့ရဲ့ ပထမဆုံး ဝက်ဖို့ဒ် နည်းပြပွဲမှာပဲ

ခြေပြတ် ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ကလော့ပ်ကတော့ သူ့အသင်းကို အကောင်းဆုံးပုံစံ၊ အကောင်းဆုံးလူစာရင်းရအောင် ဖန်တီးနိုင်တဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးလ်ဟာ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် အဝေးကွင်းမှာ ၃ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်အသင် းဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့တိုက်စစ် ကစားသမား အားလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး

ခံစစ်ကလည်း ပေးဂိုးမရှိခဲ့တာမို့ ကလော့ပ်အတွက် ကျေနပ်စရာ ညတစ်ညဖြစ်ခဲ့ရပြီး ဒီပွဲကို အနိုင်ယူအပြီးမှာ အမှတ်ပေးဇယားကိုပါ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဖာမီနိုက သူ့အတွက် ဟက်ထရစ် ရရှိစေမယ့် ဂိုးကို ထပ်မံသွင်းယူခဲ့လို့ လီဗာပူးလ်ရဲ့ နိုင်ပွဲက ပိုမိုပြတ်သားသွားခဲ့ကာ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိ ခဲ့ပါတယ်။

Zawgyi Version

စေနေန႕ရဲ႕ ပရီးမီးယားလိဂ္အေစာဆုံးပြဲစဥ္အျဖစ္ကစားခဲ့တဲ့ ဝက္ဖို႔ဒ္နဲ႕ လီဗာပူးလ္ပြဲစဥ္မွာေတာ့ ကေလာ့ပ္ရဲ႕ လီဗာပူးလ္က အေဝးကြင္းမွာ စိတ္ထင္တိုင္းေသာင္းက်န္းသြားခဲ့ပါတယ္။

ဝက္ဖို႔ဒ္ကြင္းမွာ ဂိုးျပတ္ရႈံးနိမ့္ဖူးတဲ့ အရသာကို ခံစားဖူးတဲ့ လီဗာပူးလ္ဟာ ဒီတစ္ႀကိမ္မွာေတာ့ ၿပိဳင္ဘက္ကို ဘယ္လို အခြင့္အေရးမွမေပးဘဲ ပြဲအစအဆုံးသူတို႔စိတ္ႀကိဳက္လႊမ္းမိုးျခယ္လွယ္သြားခဲ့ပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈ၊ ဂိုးေပါက္ကန္သြင္းမႈ၊ ေထာင့္ကန္ေဘာ၊ ေပးပို႔မႈေတြကအစ လီဗာပူးလ္က အကုန္အသာစီးရရွိခဲ့ၿပီး ဆာလာက ထူးရွယ္ေျခစြမ္းျပခဲ့ကာ မာေနးနဲ႕ ဖာမီနိုတို႔လည္း ဂိုးေတြအသီးသီး

ရရွိခဲ့ပါတယ္။ ဝက္ဖို႔ဒ္ကေတာ့ အရင္တုန္းကလိုမ်ိဳး လီဗာပူးလ္ကို ဖိအားမေပးနိုင္ခဲ့ဘဲ ႐ုန္းကန္ခဲ့ရၿပီး ပြဲအစအဆုံးမွာ လီဗာပူးလ္က အားသာခ်က္မ်ိဳးစုံနဲ႕ ကစားသြားခဲ့ပါတယ္။

မာေနးက ဆာလာရဲ႕ဖန္တီးေပးမႈကေန ေစာေစာစီးစီး အဖြင့္ဂိုးသြင္းယူခဲ့ပါတယ္။ ဒီဂိုးက သူ႕အတြက္ေတာ့ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္ခဲ့တဲ့ ဂိုးျဖစ္ၿပီး အမွတ္ရစရာျဖစ္ခဲ့ရပါတယ္။

ဒီေနာက္မွာ ဖာမီနိုက တစ္ဂိုးထပ္သြင္းခဲ့လို႔ ပထမပိုင္းအၿပီးမွာ လီဗာပူးလ္တို႔ ၂-၀ နဲ႕ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းျပန္စၿပီး မၾကာခင္မွာပဲ လီဗာပူးလ္တို႔ ေနာက္တစ္ဂိုး ထပ္ရခဲ့ကာ ဖာမီနိုကပဲသြင္းေပးခဲ့တာပါ

ဒီေနာက္မွာ ဆာလာက မန္စီးတီးနဲ႕ပြဲစဥ္က သြင္းယူခဲ့တဲ့ ဂိုးနဲ႕ ဆင္တူတဲ့ဂိုးမ်ိဳးကို လွလွပပသြင္းယူၿပီး လီဗာပူးလ္ အတြက္ ၄ ဂိုးေျမာက္သြင္းဂိုးကို ရယူေပးခဲ့ပါတယ္။ ရာနီေရးနီကေတာ့ သူ႕ရဲ႕ ပထမဆုံး ဝက္ဖို႔ဒ္ နည္းျပပြဲမွာပဲ

ေျချပတ္ ဂိုးျပတ္နဲ႕ အေရးနိမ့္ခဲ့ရတာ ျဖစ္ပါတယ္။ ကေလာ့ပ္ကေတာ့ သူ႕အသင္းကို အေကာင္းဆုံးပုံစံ၊ အေကာင္းဆုံးလူစာရင္းရေအာင္ ဖန္တီးနိုင္တဲ့ စြမ္းရည္ကို ျပသနိုင္ခဲ့ပါတယ္။

ဒါ့အျပင္ လီဗာပူးလ္ဟာ ၿပိဳင္ပြဲစုံ ၇ ပြဲဆက္တိုက္ အေဝးကြင္းမွာ ၃ ဂိုးနဲ႕အထက္ သြင္းယူနိုင္တဲ့ ပထမဆုံး အဂၤလန္အသင္ းျဖစ္လာခဲ့ပါတယ္။ သူ႕ရဲ႕တိုက္စစ္ ကစားသမား အားလုံး ဂိုးသြင္းယူနိုင္ခဲ့ၿပီး

ခံစစ္ကလည္း ေပးဂိုးမရွိခဲ့တာမို႔ ကေလာ့ပ္အတြက္ ေက်နပ္စရာ ညတစ္ညျဖစ္ခဲ့ရၿပီး ဒီပြဲကို အနိုင္ယူအၿပီးမွာ အမွတ္ေပးဇယားကိုပါ ဦးေဆာင္နိုင္ခဲ့ပါတယ္။

ပြဲၿပီးခါနီးမွာ ဖာမီနိုက သူ႕အတြက္ ဟက္ထရစ္ ရရွိေစမယ့္ ဂိုးကို ထပ္မံသြင္းယူခဲ့လို႔ လီဗာပူးလ္ရဲ႕ နိုင္ပြဲက ပိုမိုျပတ္သားသြားခဲ့ကာ ၅-၀ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ရရွိ ခဲ့ပါတယ္။