Spots news

အဂွဲရိုး ကို ခေါ်ယူတော့မည့် နည်းပြ ပိုချက်တီနို ရဲ့ ပီအက်စ်ဂျီ

Unicode Version

ပီအက်စ်ဂျီရဲ့ ပူပူ နွေးနွေး နည်းပြ သစ် ပိုချက်တီနို ဟာ ပြင်သစ် လီဂူး သို့ တပည့်ဟောင်း များနဲ့ ပရီးမီးယားလိဂ် မှ ကစား သမားများကို ခေါ်ယူ ဖို့ ကြံ ရွယ် နေပါတယ်။

လက်ရှိမှာ ဆိုရင်လဲ သူ့ရဲ့ ပထမ ဆုံးသော ကစားသမား သစ် ခေါ်ယူမှု အဖြစ် မန်စီးတီး အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး တော့မယ့် တိုက်စစ်မှူး ဆာဂျီယို အဂွဲရိုး ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေ ပါတယ်။

အဂွဲရိုး နဲ့ ပိုချက် တို့ဟာ တစ်နိုင်ငံ တည်းသား တွေ ဖြစ်ကြပြီး အဲရစ်ဆင် ၊ ဟယ်ရီကိန် စတဲ့တပည့်ဟောင်း‌ တွေကိုပါ ခေါ်ယူဖို့ ပြင်ဆင် နေတာ ဖြစ် ပါတယ်။

မန်စီးတီး အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့ အဂွဲရိုးဟာ မန်စီးတီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ပြီး မန်စီးတီး အသင်းက စာချုပ် သက်တမ်း တိုးတော့မှာ  မဟုတ်ပဲ အဂွဲရိုး ရဲ့ နေရာမှာ အစား ထိုးဖို့ ဟာလန်း ၊ ဟယ်ရီကိန်း တို့ကိုပါ စုံစမ်းမှု ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အဂွဲရိုး ဟာ ရာသီ ကုန်မှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပြီး ဒီနှစ် ဘောလုံး ရာသီအတွင်းမှာလည်း ဒဏ်ရာ ပြသာနာ တွေရဲ့ နှိပ်စက်မှု တွေ ကြောင့် အသင်း အတွက် ပွဲအနည်းငယ် သာ ပါဝင် ကစား ထားခဲ့ ရသလို သွင်းဂိုး လည်း ၂ ဂိုးသာ သွင်းယူ ထားနိုင် ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွေ့ သွား ခဲ့တဲ့ ကာဗာနီ ရဲ့ နေရာကို ‌အစားထိုးဖို့ ကြံရွယ် နေတာ ဖြစ်ပြီး လပိုင်းသာ ကျန်ရှိ တော့တဲ့ စာချုပ် အ‌ခြေ အနေအရ အဂွဲရိုး နဲ့ ပီအက်စ်ဂျီ တို့ လွတ်လွတ် လပ်လပ် ဆွေးနွေး မှု ပြုလုပ်လို့ ရပါတယ်။

ပိုချက်တီနိုဟာ တပည့်ဟောင်း တွေ ဖြစ်တဲ့ အင်တာမီလန် မှာ ရောက်ရှိ နေတဲ့ အဲရစ်ဆင် ၊ ရီးရဲနဲ့  သတင်း ထွက် နေတဲ့ ဘာပေ ရဲ့ နေရာကို အစားထိုး ဖို့ စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်း တို့ အပြင် နည်းပြ မော်ရင်ဟို နဲ့ အဆင် မပြေမှု ကြောင့် ပွဲထွက်ခွင့် မရနေတဲ့ ဒယ်လီ အလီတို့ကိုပါ ခေါ်ယူဖို့ စီစဉ် နေကြောင်း သတင်းများ အရ သိ ရပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီရဲ႕ ပူပူေႏြးေႏြး နည္းျပ သစ္ ပိုခ်က္တီနို ဟာ ျပင္သစ္ လီဂူး သို႔ တပည့္ေဟာင္းမ်ားနဲ႕ ပရီးမီးယားလိဂ္ မွ ကစားသမားမ်ားကို ေခၚယူ ဖို႔ ႀကံ ႐ြယ္ ေနပါတယ္။ လက္ရွိမွာ ဆိုရင္လဲ သူ႕ရဲ႕ ပထမ ဆုံးေသာ ကစားသမား သစ္ ေခၚယူမႈ အျဖစ္ မန္စီးတီး အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း ကုန္ဆုံး ေတာ့မယ့္ တိုက္စစ္မႉး ဆာဂ်ီယို အဂြဲရိုးကို ေခၚယူဖို႔ ပစ္မွတ္ ထားေန ပါတယ္။

အဂြဲရိုး နဲ႕ ပိုခ်က္တို႔ဟာ တစ္နိုင္ငံ တည္းသား ေတြ ျဖစ္ၾကၿပီး အဲရစ္ဆင္ ၊ ဟယ္ရီကိန္ စတည့္ တပည့္ေဟာင္း‌ ေတြကိုပါ ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

မန္စီးတီး အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာ ျဖစ္တဲ့ အဂြဲရိုးဟာ မန္စီးတီး အသင္းရဲ႕ ဂိုးသြင္း အမ်ားဆုံး ကစားသမား ျဖစ္ၿပီး မန္စီးတီး အသင္းက စာခ်ဳပ္သက္တမ္း တိုးေတာ့မွာ မဟုတ္ပဲ အဂြဲရိုး ရဲ႕ ေနရာမွာ အစားထိုးဖို႔ ဟာလန္း ၊ ဟယ္ရီကိန္း တို႔ကိုပါ စုံစမ္းမႈ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။

အဂြဲရိုးဟာ ရာသီကုန္မွာ အသင္းနဲ႕ စာခ်ဳပ္ ကုန္ဆုံးမွာ ျဖစ္ၿပီး ဒီႏွစ္ ေဘာလုံး ရာသီအတြင္းမွာလည္း ဒဏ္ရာျပသာနာ ေတြရဲ႕ ႏွိပ္စက္မႈေတြ ေၾကာင့္ အသင္းအတြက္ ပြဲအနည္းငယ္သာ ပါဝင္ ကစားထားခဲ့ ရသလို သြင္းဂိုး လည္း ၂ ဂိုးသာ သြင္းယူ ထားနိုင္ ခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္သို႔ ေျပာင္းေ႐ြ႕သြား ခဲ့တဲ့ ကာဗာနီ ရဲ႕ ေနရာကို ‌အစားထိုးဖို႔ ႀကံ႐ြယ္ ေနတာ ျဖစ္ၿပီး လပိုင္းသာ က်န္ရွိေတာ့တဲ့ စာခ်ဳပ္အ‌ေျခ အေနအရ အဂြဲရိုး နဲ႕ ပီအက္စ္ဂ်ီ တို႔ လြတ္လြတ္ လပ္လပ္ ေဆြးေႏြး မႈ ျပဳလုပ္လို႔ ရပါတယ္။

ပိုခ်က္တီနိုဟာ တပည့္ေဟာင္းေတြ ျဖစ္တဲ့ အင္တာမီလန္ မွာ ေရာက္ရွိေနတဲ့ အဲရစ္ဆင္ ၊ ရီးရဲနဲ႕ သတင္းထြက္ ေနတဲ့ ဘာေပ ရဲ႕ ေနရာကို အစားထိုးဖို႔ စပါး တိုက္စစ္မႉး ဟယ္ရီ ကိန္း တို႔ အျပင္ နည္းျပေမာ္ရင္ဟို နဲ႕ အဆင္မေျပမႈ ေၾကာင့္ ပြဲထြက္ခြင့္ မရေနတဲ့ ဒယ္လီ အလီတို႔ကိုပါ ေခၚယူဖို႔ စီစဥ္ေနေၾကာင္း သတင္းမ်ား အရ သိရပါတယ္။