Spots news

လှပတဲ့ သွင်းဂိုးသွင်းယူပြီးတိုင်း မက်ဆီနဲ့ ယှဉ်ပြီး ချီးကျူးခံနေရတဲ့ ဆာလတ်

Unicode Version

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ လီဗာပူးတို့ ကစားခဲ့တဲ့ပွဲမှာ ဧည့်သည်လီဗာပူးက ဖာမီနိုရဲ့ ဟက်ထရစ်နဲ့အတူ (၅) ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးအတွက် အဖွင့်ဂိုးကို မာနေးက သွင်းယူပေးခဲ့ပြီးနောက် ဖေမီနိုက

လီဗာပူးအတွက် (၂) ဂိုးဆက်သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအတွက် စတုတ္ထမြောက်ဂိုးကို ဆာလတ်က ဖေမီနိုရဲ့ ပေးပို့မှုကနေ လှပတဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့အတူ ပြိုင်ဘက်ကစားသမား (၃) ယောက်လောက်ကို ကျော်ဖြတ်သွင်းယူခဲ့တာပါ။

ဆာလတ်ဟာ ဝက်ဖို့ဒ်ကစားသမားတွေဖြစ်တဲ့ ဟွမ်ဟာနန်ဒက်ဇ်၊ ကူကာနဲ့ ကက်သ်ကာ့တ်တို့ကို ကျော်ဖြတ်ပြီး လှလှပပ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဆာလတ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ မန်စီးတီးနဲ့ တစ်ဖက်နှစ်ဂိုးစီသရေပွဲမှာလည်း အခုလိုမျိုးပဲ သွင်းဂိုးတစ်ဂိုးကို လှလှပပသွင်းယူခဲ့သေးတာပါ။

ဒီဂိုးဟာ ဆာလတ်အတွက် ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ (၁၀) ပွဲကစားပြီးချိန်မှာ (၁၀) ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး (၇) ဂိုးအထိရှိလာခဲ့ပါတယ်။ ဆာလတ်ရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့ ပွဲအစီအစဥ်တင်ဆက်သူ အင်္ဂလန်ဂန္တဝင် ဂယ်ရီလိုင်နီကာက “ဆာလတ်က မက်ဆီဖြစ်သွားတာပဲ” လို့ ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးဂန္တဝင်နောက်ခံလူဟောင်း ကာရေဂါကလည်း “လက်ရှိအချိန်မှာ ဆာလတ်က ကမ္ဘာ့အကောင်းဆုံးကစားသမားပဲ” လို့ မှတ်ချက်ပြုချီးကျူးခဲ့ပါတယ်။ ဆာလတ်ဟာ ဒီပွဲရဲ့ အဖွင့်ဂိုးရှင် မာနေးရဲ့သွင်းဂိုးအတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပြီး ဟက်ထရစ်ရှင် ဖေမီနိုထက်တောင် ပိုမိုချီးကျူးခံနေရတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

Zawgyi Version

မေန႕ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝက္ဖို႔ဒ္နဲ႕ လီဗာပူးတို႔ ကစားခဲ့တဲ့ပြဲမွာ ဧည့္သည္လီဗာပူးက ဖာမီနိုရဲ႕ ဟက္ထရစ္နဲ႕အတူ (၅) ဂိုးျပတ္ အနိုင္ရရွိခဲ့ပါတယ္။ လီဗာပူးအတြက္ အဖြင့္ဂိုးကို မာေနးက သြင္းယူေပးခဲ့ၿပီးေနာက္ ေဖမီနိုက

လီဗာပူးအတြက္ (၂) ဂိုးဆက္သြင္းယူေပးခဲ့ပါတယ္။ လီဗာပူးအတြက္ စတုတၳေျမာက္ဂိုးကို ဆာလတ္က ေဖမီနိုရဲ႕ ေပးပို႔မႈကေန လွပတဲ့ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႕အတူ ၿပိဳင္ဘက္ကစားသမား (၃) ေယာက္ေလာက္ကို ေက်ာ္ျဖတ္သြင္းယူခဲ့တာပါ။

ဆာလတ္ဟာ ဝက္ဖို႔ဒ္ကစားသမားေတြျဖစ္တဲ့ ဟြမ္ဟာနန္ဒက္ဇ္၊ ကူကာနဲ႕ ကက္သ္ကာ့တ္တို႔ကို ေက်ာ္ျဖတ္ၿပီး လွလွပပ ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဆာလတ္အေနနဲ႕ ေနာက္ဆုံးကစားခဲ့တဲ့ မန္စီးတီးနဲ႕ တစ္ဖက္ႏွစ္ဂိုးစီသေရပြဲမွာလည္း အခုလိုမ်ိဳးပဲ သြင္းဂိုးတစ္ဂိုးကို လွလွပပသြင္းယူခဲ့ေသးတာပါ။

ဒီဂိုးဟာ ဆာလတ္အတြက္ ဒီရာသီ လီဗာပူးအတြက္ ၿပိဳင္ပြဲစုံ (၁၀) ပြဲကစားၿပီးခ်ိန္မွာ (၁၀) ဂိုးအထိ သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာလည္း သြင္းဂိုး (၇) ဂိုးအထိရွိလာခဲ့ပါတယ္။ ဆာလတ္ရဲ႕ သြင္းဂိုးနဲ႕ ပတ္သက္လို႔ ပြဲအစီအစဥ္တင္ဆက္သူ အဂၤလန္ဂႏၲဝင္ ဂယ္ရီလိုင္နီကာက “ဆာလတ္က မက္ဆီျဖစ္သြားတာပဲ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဒါ့အျပင္ လီဗာပူးဂႏၲဝင္ေနာက္ခံလူေဟာင္း ကာေရဂါကလည္း “လက္ရွိအခ်ိန္မွာ ဆာလတ္က ကမာၻ႔အေကာင္းဆုံးကစားသမားပဲ” လို႔ မွတ္ခ်က္ျပဳခ်ီးက်ဴးခဲ့ပါတယ္။ ဆာလတ္ဟာ ဒီပြဲရဲ႕ အဖြင့္ဂိုးရွင္ မာေနးရဲ႕သြင္းဂိုးအတြက္လည္း အေကာင္းဆုံး ဖန္တီးေပးနိုင္ခဲ့ၿပီး ဟက္ထရစ္ရွင္ ေဖမီနိုထက္ေတာင္ ပိုမိုခ်ီးက်ဴးခံေနရတယ္လို႔ဆိုရမွာပဲျဖစ္ပါတယ္။