Spots news

ကစားကွက်မရှိ စည်းလုံးမှုနတ္ထိ မန်ယူကို အိမ်ကွင်းမှာ ဆုံးမခဲ့တဲ့ လတ်စတာ

Unicode Version

ဆီပုလင်း ခါးချိတ်ကာ ကြက်ဥပါဆယ်ထုပ်ပြီး မြေခွေးပြာတွေကို သွားရောက်ရင်ဆိုင်တဲ့ ကစားကွက်မရှိ အရှက်မရှိ အပြုံးမပျက်တဲ့ နည်းပြ မောင်ဆိုးလ်ရှားဦးဆောင်တဲ့ ယူနိုက်တက် အသင်းကတော့ ခြေလဲမသာ ကစားကွက်လဲ မသာ အရာရာ မသာပဲ လက်စတာအသင်းကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ယူမယ် UCL ယူမယ် လေကြီးပေကြီး ပြောနေပေမယ့် ဘယ်သူကမှ ချန်ပီယံစာရင်းထဲ ထည့်မတွက် တော့ပါဘူး။

ပရိတ်သတ်တွေ မျှော်လင့်တဲ့ အတိုင်း ဘရာဇီးဂျင်း‌ကောင် ဖရတ် ပါဝင်မလာခဲ့ပဲ တန်ဖိုးအကြီးဆုံး လူစာရင်း တန်ဖိုး အကြီးဆုံး ၁၁ ယောက် နဲ့ လတ်စတာ ကိုရင်ဆိုင်ဖို့ ပွဲထွက်လာတဲ့ ယူနိုက်တက်ဟာ လူသာငယ်ပေမယ့် တစ်ကိုယ်ကောင်းသိပ်ဆန်တဲ့ ဂရင်းဝုဒ်ရဲ့ ထင်ရာကန်သွင်းမှုကြောင့် ဦးဆောင် ဂိုးရခဲ့ကာ ဒဏ်ရာကြောင့်လား ဘောလုံးမကန်ချင်တာလား မသိတဲ့ ကပ္ပတိန် မက်ဂွိုင်းယားရဲ့ ယောက်ဖ ကြက်ဥတိုက်မှုမှ တဆင့် ပြန်လည်ချေပခံလိုက်ရပါတယ်။

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်ဟာ အပြုံးမပျက်တဲ့ ဆိုးလ်ရှားရဲ့ KMKL ကစားကွက်မှာ ဘယ်နေရာမှ သုံးစားမရခဲ့ပဲ နှစ်ချို့ဝိုင်ကြီး ရော်နယ်ဒိုဟာလဲ သွင်းဂိုးမရှိ ဖန်တီးမှု မရှိနဲ့ အသင်းဟောင်းက ပြန်လည် အရှက်ခွဲခြင်း ခံနေရပါတယ်။ ဒုတိယပိုင်းမှာ လက်စတာကပဲ တရစပ် ထိုးဖောက်နေပြီး ပွဲကစားချိန် ၇၈ မိနစ်အရောက်မှာတော့ ထောင့်ကန်ဘောကနေ တဆင့် ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။

ယခုရာသီမှာ ဒဏ်ရာရနေလို့ မန်ယူရဲ့ အဆဲမခံရသေးတဲ့ တစ်ဦးတည်း‌ သော ကစားသမား အဖြစ် ကျန်နေသေးတဲ့ လျှပ်စစ်လူသား ရက်ဖို့ဒ်က လူစားဝင်ကာ အလျင်မြန်ဆုံး ချေပဂိုး သွင်းယူပြီး ၂-၂ ဖြစ်သွားပေမယ့် အသင်းကြီးတွေဆိုရင် အပီကြိတ်ချင်တဲ့ ဂျင်မီဗာဒီက လတ်စတာရဲ့ ထိုးဖောက်မှုကနေပဲ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အချိန်ပိုမှာတော့ လူစားဝင်ကစားသမား ဒါကာက ဆိုးလ်ရှားကို ထုတ်သင့်ပြီ ဖြစ်ကြောင်း မန်ယူ ဘုတ်အဖွဲ့တွေကို သွင်းဂိုး တစ်ဂိုးနဲ့ ဝင်ရောက် သက်သေပြ သွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ယူနိုက်တက်ဟာ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဆီပုလင်းလေး ခါးထိုး အရှက်တကွဲ အိမ်ပြန်ခဲ့ရပြီး ယူနိုက်တက်ဖန်တွေ အတွက် ဝမ်းသာစာရာ သတင်းတစ်ခုကတော့ Plan B တောင်းဆိုနေပေမယ့် တကယ်က Plan A လဲ မရှိ ဦးနှောက်လဲမရှိတဲ့ နည်းပြဆိုးလ်ရှားကို ယူနိုက်တက် ဘုတ်အဖွဲ့က ရလဒ်တွေ ပြန်ကောင်းမွန်လာစေဖို့ ‌ယုံကြည်နေပြီး ချန်ပီယံရှစ်ကို တန်းဆင်းသည်အထိ ဆက်လက် လက်တွဲ နေဦးမယ်လို့ သိရပါတယ်။

Zawgyi Version




