Spots news

လတ်စတာကို ရှုံးနိမ့်အပြီးမှာ ဖရက်ဒ်ကို လွမ်းမိပါတယ်လို့ ဝန်ခံလိုက်တဲ့ ဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၈)မှာ လက်စတာအသင်းကို မရှုမလှ အရေးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ ဖရက်ဒ်ကို လက်လွှတ်ထားရတာကြောင့် အခုလို အရေးနိမ့်ခဲ့တာပါလို့ ဆင်ခြေပေးလာခဲ့ပြန်ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်၂ပွဲမှာ ၁ပွဲသရေ ၊ ၁ပွဲရှုံး ရလဒ်သာ ရထားတာကြောင့် လက်စတာအသင်းနဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့သလို အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ပေမယ့် ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး အဝေးကွင်း ရှုံးပွဲမရှိ စံချိန်မှတ်တမ်းလည်း ကျိုးပျက်ခဲ့ရပါတယ်။

လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ရိုနယ်ဒို ၊ ဆန်ချို ၊ ဂရင်းဝုဒ် ၊ ပေါ့ဘာ ၊ ဖာနန်ဒက် စတဲ့ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့သလို ဦးဆောင်ဂိုးလည်း ရရှိခဲ့ပေမယ့် လက်စတာအသင်းရဲ့ ကွင်းလယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပဲ ခံစစ်ပိုင်းကလည်း အမှားအယွင်းတွေ များပြားခဲ့တာကြောင့် ပရီးမီးယားလိဂ် ၃ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

အဆိုပါပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဆိုးလ်ရှားက သူတို့အသင်းဟာ သွင်းဂိုးတွေကို ခပ်လွယ်လွယ် ခွင့်ပြုနေရကြောင်း ဝန်ခံသွားခဲ့သလို သူ့အနေနဲ့ လုပ်အားနှုန်း ကောင်းမွန်တဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဖရက်ဒ်ကို သတိရမိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားက “ ကျွန်တော်တို့ ကစားပုံ မကောင်းတာ အတော်လေး ကြာနေပါပြီ။

ပြီးတော့ ရမှတ်တွေ အများအပြားကိုလည်း ဆုံးရှုံးထားရပါတယ်။ ကျွန်တော်တို့ ဒါတွေကို ပြင်ဆင်နိုင်ဖို့ လိုပါမယ်။ ကျွန်တော်တို့ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်။ ဒီပွဲမှာ ဆိုရင် ကျွန်တော်တို့ လုပ်အားနှုန်း ကောင်းမွန်ဖို့ လိုအပ်ခဲ့တာပါ။ ကျွန်တော်တို့ ဘောလုံးရတဲ့ အချိန်မှာရော ၊ ဘောလုံးဆုံးရှုံးတဲ့ အချိန်တွေမှာပါ ကစားပုံ ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။

ဘောလုံးဆုံးရှုံးသွားရင် ပြေးရမယ် ၊ ကာရမယ် ၊ ဖျက်ထုတ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါတွေကို တခုမှ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဖရက်ဒ်နဲ့ ကာဗာနီလို ထိပ်တန်း ကစားသမားတွေကို လွမ်းမိပါတယ်။ ဒီလိုပြောလို့ ကျွန်တော်က ဆင်ခြေပေးတယ်လို့ မထင်စေချင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ အိုေလဂန္နာ ဆိုးလ္ရွား ကေတာ့ ယမန္ေန႕ညမွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္(၈)မွာ လက္စတာအသင္းကို မရႈမလွ အေရးနိမ့္ခဲ့ၿပီးေနာက္ သူတို႔အသင္းဟာ ကြင္းလယ္ခံစစ္ ကစားသမား တဦး ျဖစ္သူ ဖရက္ဒ္ကို လက္လႊတ္ထားရတာေၾကာင့္ အခုလို အေရးနိမ့္ခဲ့တာပါလို႔ ဆင္ေျခေပးလာခဲ့ျပန္ပါတယ္။

ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္၂ပြဲမွာ ၁ပြဲသေရ ၊ ၁ပြဲရႈံး ရလဒ္သာ ရထားတာေၾကာင့္ လက္စတာအသင္းနဲ႕ ပြဲစဥ္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္း အေနနဲ႕ မျဖစ္မေန အနိုင္ရဖို႔ လိုအပ္ခဲ့သလို အဓိက ကစားသမား အစုံအလင္ကို အသုံးျပဳခဲ့ေပမယ့္ ၄-၂ ဆိုတဲ့ ရလဒ္နဲ႕ ဂိုးျပတ္ အေရးနိမ့္ခဲ့ၿပီး အေဝးကြင္း ရႈံးပြဲမရွိ စံခ်ိန္မွတ္တမ္းလည္း က်ိဳးပ်က္ခဲ့ရပါတယ္။

လက္စတာအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္း အေနနဲ႕ ရိုနယ္ဒို ၊ ဆန္ခ်ိဳ ၊ ဂရင္းဝုဒ္ ၊ ေပါ့ဘာ ၊ ဖာနန္ဒက္ စတဲ့ အဓိက ကစားသမား အစုံအလင္ကို အသုံးျပဳခဲ့သလို ဦးေဆာင္ဂိုးလည္း ရရွိခဲ့ေပမယ့္ လက္စတာအသင္းရဲ႕ ကြင္းလယ္ကို ထိန္းခ်ဳပ္နိုင္စြမ္း မရွိခဲ့ပဲ ခံစစ္ပိုင္းကလည္း အမွားအယြင္းေတြ မ်ားျပားခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ ၃ပြဲဆက္ နိုင္ပြဲေပ်ာက္ခဲ့ရပါတယ္။

အဆိုပါပြဲစဥ္အၿပီး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ဆိုးလ္ရွားက သူတို႔အသင္းဟာ သြင္းဂိုးေတြကို ခပ္လြယ္လြယ္ ခြင့္ျပဳေနရေၾကာင္း ဝန္ခံသြားခဲ့သလို သူ႕အေနနဲ႕ လုပ္အားႏႈန္း ေကာင္းမြန္တဲ့ ကြင္းလယ္လူ တဦး ျဖစ္သူ ဖရက္ဒ္ကို သတိရမိေၾကာင္း ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။ ဆိုးလ္ရွားက “ ကြၽန္ေတာ္တို႔ ကစားပုံ မေကာင္းတာ အေတာ္ေလး ၾကာေနပါၿပီ။

ၿပီးေတာ့ ရမွတ္ေတြ အမ်ားအျပားကိုလည္း ဆုံးရႈံးထားရပါတယ္။ ကြၽန္ေတာ္တို႔ ဒါေတြကို ျပင္ဆင္နိုင္ဖို႔ လိုပါမယ္။ ကြၽန္ေတာ္တို႔ ျပဳျပင္ ေျပာင္းလဲဖို႔ လိုအပ္တယ္။ ဒီပြဲမွာ ဆိုရင္ ကြၽန္ေတာ္တို႔ လုပ္အားႏႈန္း ေကာင္းမြန္ဖို႔ လိုအပ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ ေဘာလုံးရတဲ့ အခ်ိန္မွာေရာ ၊ ေဘာလုံးဆုံးရႈံးတဲ့ အခ်ိန္ေတြမွာပါ ကစားပုံ ေကာင္းမြန္ခဲ့ျခင္း မရွိပါဘူး။

ေဘာလုံးဆုံးရႈံးသြားရင္ ေျပးရမယ္ ၊ ကာရမယ္ ၊ ဖ်က္ထုတ္ရမယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒါေတြကို တခုမွ မလုပ္နိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ဖရက္ဒ္နဲ႕ ကာဗာနီလို ထိပ္တန္း ကစားသမားေတြကို လြမ္းမိပါတယ္။ ဒီလိုေျပာလို႔ ကြၽန္ေတာ္က ဆင္ေျခေပးတယ္လို႔ မထင္ေစခ်င္ပါဘူး” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။