Spots news

အပြောင်းအလဲ ကြီးကြီးမားမားလုပ်သင့်ကြောင်း ဆိုးရှားကို ဒဲ့ဆော်လိုက်တဲ့ ပေါ့ဘာ

Unicode Version

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူပေါ့ဘာကတော့ အသင်းရဲ့ ဆိုးရွားနေတဲ့ ရလဒ်တွေနဲ့ အခြေအနေတွေကို ခွင့်လွှတ် သည်းခံနိုင်ခြင်းမရှိတော့ပါဘူး။ အသင်းမှာ အားနည်းချက်တွေများလွန်းနေပြီ၊ အပြောင်းအလဲကတော့ ပြုလုပ်ရတော့မယ်လို့ တပ်လှန့်နှိုးဆော်လိုက်ပါပြီ။

ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲရှုံး၊ ၁ ပွဲသရေကျပြီး နိုင်ပွဲပျောက်ဆုံးနေပါတယ်။ အိမ်ကွင်းမှာ ဗီလာကိုရှုံးနိမ့်၊ အဲဗာတန်ကိုအနိုင်မရခဲ့တဲ့နောက် လက်စတာနဲ့ပွဲမှာ နိုင်ပွဲပြန်ရှာဖွေနိုင်မလားလို့ မျှော်လင့်ခဲ့ရပေမယ့် လက်စတာနဲ့ပွဲမှာလည်း ၄-၂ နဲ့အရေးနိမ့်ခဲ့ရပြန်ပါတယ်။

ယူနိုက်တက် ရှုံးနိမ့်ခဲ့တာဟာ ကံဆိုးစွာနဲ့ရှုံးရတာမဟုတ်၊ ခြေစွမ်း သာလွန်ပါလျက်နဲ့ အရေးနိမ့်ရတာမျိုးမဟုတ်ဘဲ ကစားကွက်မရှိ ယုံကြည်မှု မရှိပဲ ရှုံးသင့် ရှုံးထိုက်စွာနဲ့ကို ထိုက်တန်စွာ ရှုံးနိမ့်ခဲ့ရတာပါ။ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကတော့ အသင်းမှာ ပြုပြင်ပြောင်းလဲမှု လုပ်သင့်ပြီ ဖြစ်ကြောင်းနဲ့ အရှုံးကိုလက်ခံနိုင်ကြောင်း ပြောဆို ခဲ့ပါတယ်။

ပေါ့ဘာက ” ရိုးရိုးသားသားပြောရရင်တော့ ကျွန်တော်တို့ အသင်းဟာ ဒီလိုပွဲမျိုးတွေပဲ ကစားဖြစ်နေတာ အချိန်တွေကြာနေခဲ့ပါပြီ။ အခုထက်ထိ ကျွန်တော်တို့တွေ အဖြေကို ရှာမတွေ့သေးဘူး။ ဂိုးတွေကို လွယ်လွယ်ကူကူပဲ ပေးနေရတယ်။ မပေးသင့်တဲ့ဂိုးတွေပါ။ ကျွန်တော်တို့တွေ ဒီထက်ပိုပြီး ရင့်ကျက်ဖို့ လိုအပ်နေပါပြီ။

အတွေ့အကြုံတွေကို အသုံးချပြီးကစားနိုင်ဖို့ လိုအပ်နေပါပြီ။ ကောင်းကောင်း ကစားနိုင်ဖို့လိုတယ်။ ကျွန်တော်တို့ အဖြေတစ်ခုတော့ ရှာရမယ်။ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုအပ်နေပါတယ် ” လို့ ပေါ့ဘာက ယူနိုက်တက်ရဲ့အရှုံးရလဒ်နဲ့ ပတ်သက်လို့ အမှန်အတိုင်းသုံးသပ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်စတာကိုအရေးနိမ့်ပြီးနောက် အဝေးကွင်းမှာ ရှုံးပွဲမရှိခဲ့တာ ၂၉ ပွဲနဲ့ ရပ်တန့် သွားခဲ့ရပါတယ်။ ဒီပွဲပြီးရင် လီဗာပူး၊ စပါး၊ မန်စီးတီး၊ ဝက်ဖို့ဒ်၊ ချဲလ်ဆီးတို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ဆက်တိုက်ကစားရတော့မှာ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့အရေးတကြီး လိုအပ်နေတယ်လို့ ဆိုရပါလိမ့်မယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္လူေပါ့ဘာကေတာ့ အသင္းရဲ႕ ဆိုး႐ြားေနတဲ့ ရလဒ္ေတြနဲ႕ အေျခအေနေတြကို ခြင့္လႊတ္ သည္းခံနိုင္ျခင္းမရွိေတာ့ပါဘူး။ အသင္းမွာ အားနည္းခ်က္ေတြမ်ားလြန္းေနၿပီ၊ အေျပာင္းအလဲကေတာ့ ျပဳလုပ္ရေတာ့မယ္လို႔ တပ္လွန့္ႏွိုးေဆာ္လိုက္ပါၿပီ။

ယူနိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး ၃ ပြဲမွာ ၂ ပြဲရႈံး၊ ၁ ပြဲသေရက်ၿပီး နိုင္ပြဲေပ်ာက္ဆုံးေနပါတယ္။ အိမ္ကြင္းမွာ ဗီလာကိုရႈံးနိမ့္၊ အဲဗာတန္ကိုအနိုင္မရခဲ့တဲ့ေနာက္ လက္စတာနဲ႕ပြဲမွာ နိုင္ပြဲျပန္ရွာေဖြနိုင္မလားလို႔ ေမွ်ာ္လင့္ခဲ့ရေပမယ့္ လက္စတာနဲ႕ပြဲမွာလည္း ၄-၂ နဲ႕အေရးနိမ့္ခဲ့ရျပန္ပါတယ္။

ယူနိုက္တက္ ရႈံးနိမ့္ခဲ့တာဟာ ကံဆိုးစြာနဲ႕ရႈံးရတာမဟုတ္၊ ေျခစြမ္း သာလြန္ပါလ်က္နဲ႕ အေရးနိမ့္ရတာမ်ိဳးမဟုတ္ဘဲ ကစားကြက္မရွိ ယုံၾကည္မႈ မရွိပဲ ရႈံးသင့္ ရႈံးထိုက္စြာနဲ႕ကို ထိုက္တန္စြာ ရႈံးနိမ့္ခဲ့ရတာပါ။ ယူနိုက္တက္ ကြင္းလယ္လူ ေပါ့ဘာကေတာ့ အသင္းမွာ ျပဳျပင္ေျပာင္းလဲမႈ လုပ္သင့္ၿပီ ျဖစ္ေၾကာင္းနဲ႕ အရႈံးကိုလက္ခံနိုင္ေၾကာင္း ေျပာဆို ခဲ့ပါတယ္။

ေပါ့ဘာက ” ရိုးရိုးသားသားေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔ အသင္းဟာ ဒီလိုပြဲမ်ိဳးေတြပဲ ကစားျဖစ္ေနတာ အခ်ိန္ေတြၾကာေနခဲ့ပါၿပီ။ အခုထက္ထိ ကြၽန္ေတာ္တို႔ေတြ အေျဖကို ရွာမေတြ႕ေသးဘူး။ ဂိုးေတြကို လြယ္လြယ္ကူကူပဲ ေပးေနရတယ္။ မေပးသင့္တဲ့ဂိုးေတြပါ။ ကြၽန္ေတာ္တို႔ေတြ ဒီထက္ပိုၿပီး ရင့္က်က္ဖို႔ လိုအပ္ေနပါၿပီ။

အေတြ႕အႀကဳံေတြကို အသုံးခ်ၿပီးကစားနိုင္ဖို႔ လိုအပ္ေနပါၿပီ။ ေကာင္းေကာင္း ကစားနိုင္ဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ အေျဖတစ္ခုေတာ့ ရွာရမယ္။ အေျပာင္းအလဲ တစ္ခုခုလုပ္ဖို႔ လိုအပ္ေနပါတယ္ ” လို႔ ေပါ့ဘာက ယူနိုက္တက္ရဲ႕အရႈံးရလဒ္နဲ႕ ပတ္သက္လို႔ အမွန္အတိုင္းသုံးသပ္ခဲ့ပါတယ္။

ယူနိုက္တက္ဟာ လက္စတာကိုအေရးနိမ့္ၿပီးေနာက္ အေဝးကြင္းမွာ ရႈံးပြဲမရွိခဲ့တာ ၂၉ ပြဲနဲ႕ ရပ္တန့္ သြားခဲ့ရပါတယ္။ ဒီပြဲၿပီးရင္ လီဗာပူး၊ စပါး၊ မန္စီးတီး၊ ဝက္ဖို႔ဒ္၊ ခ်ဲလ္ဆီးတို႔နဲ႕ ပရီးမီးယားလိဂ္ပြဲေတြ ဆက္တိုက္ကစားရေတာ့မွာ ျဖစ္ၿပီး ယူနိုက္တက္ အေနနဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ဖို႔အေရးတႀကီး လိုအပ္ေနတယ္လို႔ ဆိုရပါလိမ့္မယ္။