Spots news

ဆာလတ်ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ဆိုလိုက်တဲ့ ကလော့ပ်

Unicode Version

ဝက်ဖိုဒ့်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ မာနေးရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို အသင်းအတွက် စတုတ္ထမြောက်အနိုင်ဂိုးကိုပါ ကိုယ်တိုင်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလတ်ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော ဘောလုံးသမားတစ်ယောက် ဖြစ်လို့နေတယ်လို့ နည်းပြ ယာဂန်ကလော့ပ်က ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဆာလတ်ဟာ ဝက်ဖိုဒ့်အသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒီနှစ်ရာသီအတွင်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၀)ဂိုးအထိ သွင်းယူထားသလို နောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲဆက်တိုက်ကိုလည်း သွင်းဂိုးတွေ ဆက်တိုက်ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ပြသနေလျက် ရှိနေတဲ့ ဆာလာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နည်းပြကလော့ပ်က “သူရဲ့ ဒီကနေ့ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်က တကယ့်ကို ခမ်းနားကြီးကျယ်ခဲ့တယ်။ ပထမဆုံးသွင်းဂိုးအတွက် ပေးပို့ခဲ့တာရော သူရဲ့သွင်းဂိုးကရော အထူးကောင်းမွန်ခဲ့တယ်”

“အခုဆိုရင် သူက ထိပ်ဆုံးနေရာမှာပဲ။ ကျွန်တော်တို့အားလုံးလည်း မြင်နိုင်တယ်။ သူ့ထက် ဘယ်သူက ပိုပြီးကောင်းနေသလဲ။ ကမ္ဘာ့ဘောလုံးလောကနဲ့ သူတိုတွေရဲ့ လွှမ်းမိုးမှုအတွက် မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ ဘာတွေလုပ်ခဲ့လဲဆိုတာ ကျွန်တော်တို့တွေ ပြောစရာမလိုပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဆာလတ်က အကောင်းဆုံး ကစားသမားပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Zawgyi Version

ဝက္ဖိုဒ့္အသင္းနဲ႕ လီဗာပူးအသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္းမွာ မာေနးရဲ႕ အဖြင့္ဂိုးကို ဖန္တီးေပးနိုင္ခဲ့သလို အသင္းအတြက္ စတုတၳေျမာက္အနိုင္ဂိုးကိုပါ ကိုယ္တိုင္သြင္းယူနိုင္ခဲ့တဲ့ တိုက္စစ္ကစားသမား မိုဟာမက္ဆာလတ္ဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးေသာ ေဘာလုံးသမားတစ္ေယာက္ ျဖစ္လို႔ေနတယ္လို႔ နည္းျပ ယာဂန္ကေလာ့ပ္က ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။

ဆာလတ္ဟာ ဝက္ဖိုဒ့္အသင္းကို (၅)ဂိုးျပတ္နဲ႕ အနိုင္ရခဲ့တဲ့ ပြဲစဥ္အတြင္းမွာ အသင္းအတြက္ သြင္းဂိုးတစ္ဂိုးနဲ႕ ဂိုးဖန္တီးမႈ တစ္ႀကိမ္ ျပဳလုပ္နိုင္ခဲ့ၿပီး ဒီႏွစ္ရာသီအတြင္း လီဗာပူးလ္အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ (၁၀)ဂိုးအထိ သြင္းယူထားသလို ေနာက္ဆုံးကစားခဲ့တဲ့ (၈)ပြဲဆက္တိုက္ကိုလည္း သြင္းဂိုးေတြ ဆက္တိုက္ရယူထားနိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီလို ေျခစြမ္းေကာင္းေတြ ျပသေနလ်က္ ရွိေနတဲ့ ဆာလာရဲ႕ စြမ္းေဆာင္ရည္နဲ႕ပတ္သက္ၿပီး နည္းျပကေလာ့ပ္က “သူရဲ႕ ဒီကေန႕ ျပသနိုင္ခဲ့တဲ့ စြမ္းေဆာင္ရည္က တကယ့္ကို ခမ္းနားႀကီးက်ယ္ခဲ့တယ္။ ပထမဆုံးသြင္းဂိုးအတြက္ ေပးပို႔ခဲ့တာေရာ သူရဲ႕သြင္းဂိုးကေရာ အထူးေကာင္းမြန္ခဲ့တယ္”

“အခုဆိုရင္ သူက ထိပ္ဆုံးေနရာမွာပဲ။ ကြၽန္ေတာ္တို႔အားလုံးလည္း ျမင္နိုင္တယ္။ သူ႕ထက္ ဘယ္သူက ပိုၿပီးေကာင္းေနသလဲ။ ကမာၻ႔ေဘာလုံးေလာကနဲ႕ သူတိုေတြရဲ႕ လႊမ္းမိုးမႈအတြက္ မက္ဆီနဲ႕ စီေရာ္နယ္လ္ဒိုတို႔ ဘာေတြလုပ္ခဲ့လဲဆိုတာ ကြၽန္ေတာ္တို႔ေတြ ေျပာစရာမလိုပါဘူး။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ဆာလတ္က အေကာင္းဆုံး ကစားသမားပါပဲ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။