Spots news

ချယ်ဆီး ဂိုးသမားကောင်းလို့ ကံကောင်းလို့ နိုင်တာပါလို့ ပြောတဲ့ ဘရန့်ဖိုဒ့်နည်းပြ

Unicode Version

ဘရန့်ဖို့ဒ်အသင်းဟာ ညက ပရီးမီးယားလိဂ်ပွဲမှာ ချယ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရင်း ၁-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ တန်းတက် အသင်း ဖြစ်ပေမယ့် ဘရန့်ဖို့ဒ်ဟာ အိမ်ကွင်းမှာ ချယ်ဆီးကို ဒုတိယပိုင်းမှာ တော်တော် ယှဉ် ကစားနိုင်ခဲ့ပါသေးတယ်။

ချယ်ဆီးက ပထမပိုင်း ပြီးခါနီးသွင်းခဲ့တဲ့ ဘန်ချေးဝဲလ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ထိုပွဲကို အနိုင်ရရှိသွားခဲ့ပါတယ်။ ဘရန့်ဖို့ဒ် အသင်း မန်နေဂျာ သောမတ်စ် ဖရန့်ကတော့ ပွဲ ရလဒ်အပေါ် မကျေမနပ် ဖြစ်နေပြီး သူ့အသင်းသားတွေ ခြေစွမ်းက ဒီလိုပွဲ ၁၀ ခါ ကစားရင် ၉ခါ နိုင်တယ်လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

” ချယ်ဆီးကို ကျနေ်ာတို့က လွှမ်းမိုး ကစားနိုင်ခဲ့တယ် ဆိုတာ ယုံတောင် မယုံချင်စရာပဲ မဟုတ်လား၊ အထူးသဖြင့် နောက်ဆုံး မိနစ် ၃၀ မှာလေ။ ချယ်ဆီးက တော်တော် ကံကောင်းလို့ပါ။ ပွဲကလည်း ရူးချင်စရာပဲ။

လွန်ခဲ့တဲ့ ၄ လ တုန်းက သူတို့ ချန်ပီယံလိဂ် ဗိုလ်စွဲထားတာလေ၊ အဲဒီတုန်းက ကျနော်တို့ play-offs ကစားပြီး တန်းတက်လာချိန်ပါ။ ဒီနေ့ပွဲမှာဆို သူတို့ ပထမပိုင်းမှာ ဘာအခွင့်ရေးမှ မဖန်တီးနိုင်ဘဲ ဘောလုံး ပိုင်ဆိုင်မှုပဲ အသာစီး ယူထားနိုင်တယ်။ အဲဒီနောက် ကျနေ်ာတို့ အပြောင်းအလဲတွေ လုပ်ပြီး အခွင့်ကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်။

ကျနော်တို့ ဂိုးပေါက် ကန်ချက် ၅ ကြိမ်စီ တူတူပဲ။ ဒါက အထင်ကြီးစရာပဲ။ ဒိထက် ကျနော် ပိုပြီးလည်း မတောင်းဆိုနိုင်တော့ပါဘူး။ ဒီပွဲကို ကျနေ်ာတို့ ၁ဝ ခါ ကစားရင်၊ ၉ ခါက နိုင်ကို နိုင်တယ်။ ” လို့ သောမတ်စ် ဖရန့်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ဂိုးသမား မန်ဒီကတော့ သူတို့အတွက် သိပ်ကောင်းလွန်းနေတဲ့ ပြိုင်ဘက် ဖြစ်ကြောင်းလည်း ၎င်းက ဝန်ခံ စကား ဆိုခဲ့ပါတယ်။ ” မန်ဒီက ထိပ်တန်း ဂိုးသမား တစ်ယောက်ပါ။ ကျနော်တို့ အတွက် သိပ်ကောင်းလွန်းနေတယ်၊ ဒါကို သူ့ကိုလည်း ကျနော် ပြောပြခဲ့ပါတယ်။ သူ ကောင်းကောင်း လုပ်ပြနိုင်ခဲ့တာ ကျနော် ဝမ်းသာပါတယ်။ ” လို့ ဖရန့်က ဆိုပါတယ်။

Zawgyi Version

ဘရန႔္ဖို႔ဒ္အသင္းဟာ ညက ပရီးမီးယားလိဂ္ပြဲမွာ ခ်ယ္ဆီးကို အိမ္ကြင္းမွာ ဧည့္ခံကစားရင္း ၁-၀ နဲ႕ အေရးနိမ့္သြားခဲ့ပါတယ္။ တန္းတက္ အသင္း ျဖစ္ေပမယ့္ ဘရန႔္ဖို႔ဒ္ဟာ အိမ္ကြင္းမွာ ခ်ယ္ဆီးကို ဒုတိယပိုင္းမွာ ေတာ္ေတာ္ ယွဥ္ ကစားနိုင္ခဲ့ပါေသးတယ္။

ခ်ယ္ဆီးက ပထမပိုင္း ၿပီးခါနီးသြင္းခဲ့တဲ့ ဘန္ေခ်းဝဲလ္ရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႕ ထိုပြဲကို အနိုင္ရရွိသြားခဲ့ပါတယ္။ ဘရန႔္ဖို႔ဒ္ အသင္း မန္ေနဂ်ာ ေသာမတ္စ္ ဖရန႔္ကေတာ့ ပြဲ ရလဒ္အေပၚ မေက်မနပ္ ျဖစ္ေနၿပီး သူ႕အသင္းသားေတြ ေျခစြမ္းက ဒီလိုပြဲ ၁၀ ခါ ကစားရင္ ၉ခါ နိုင္တယ္လို႔ ပြဲအၿပီးမွာ ဆိုခဲ့ပါတယ္။

” ခ်ယ္ဆီးကို က်ေန္ာတို႔က လႊမ္းမိုး ကစားနိုင္ခဲ့တယ္ ဆိုတာ ယုံေတာင္ မယုံခ်င္စရာပဲ မဟုတ္လား၊ အထူးသျဖင့္ ေနာက္ဆုံး မိနစ္ ၃၀ မွာေလ။ ခ်ယ္ဆီးက ေတာ္ေတာ္ ကံေကာင္းလို႔ပါ။ ပြဲကလည္း ႐ူးခ်င္စရာပဲ။

လြန္ခဲ့တဲ့ ၄ လ တုန္းက သူတို႔ ခ်န္ပီယံလိဂ္ ဗိုလ္စြဲထားတာေလ၊ အဲဒီတုန္းက က်ေနာ္တို႔ play-offs ကစားၿပီး တန္းတက္လာခ်ိန္ပါ။ ဒီေန႕ပြဲမွာဆို သူတို႔ ပထမပိုင္းမွာ ဘာအခြင့္ေရးမွ မဖန္တီးနိုင္ဘဲ ေဘာလုံး ပိုင္ဆိုင္မႈပဲ အသာစီး ယူထားနိုင္တယ္။ အဲဒီေနာက္ က်ေန္ာတို႔ အေျပာင္းအလဲေတြ လုပ္ၿပီး အခြင့္ေကာင္းေတြ ဖန္တီးနိုင္ခဲ့တယ္။

က်ေနာ္တို႔ ဂိုးေပါက္ ကန္ခ်က္ ၅ ႀကိမ္စီ တူတူပဲ။ ဒါက အထင္ႀကီးစရာပဲ။ ဒိထက္ က်ေနာ္ ပိုၿပီးလည္း မေတာင္းဆိုနိုင္ေတာ့ပါဘူး။ ဒီပြဲကို က်ေန္ာတို႔ ၁ဝ ခါ ကစားရင္၊ ၉ ခါက နိုင္ကို နိုင္တယ္။ ” လို႔ ေသာမတ္စ္ ဖရန႔္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ဂိုးသမား မန္ဒီကေတာ့ သူတို႔အတြက္ သိပ္ေကာင္းလြန္းေနတဲ့ ၿပိဳင္ဘက္ ျဖစ္ေၾကာင္းလည္း ၎က ဝန္ခံ စကား ဆိုခဲ့ပါတယ္။ ” မန္ဒီက ထိပ္တန္း ဂိုးသမား တစ္ေယာက္ပါ။ က်ေနာ္တို႔ အတြက္ သိပ္ေကာင္းလြန္းေနတယ္၊ ဒါကို သူ႕ကိုလည္း က်ေနာ္ ေျပာျပခဲ့ပါတယ္။ သူ ေကာင္းေကာင္း လုပ္ျပနိုင္ခဲ့တာ က်ေနာ္ ဝမ္းသာပါတယ္။ ” လို႔ ဖရန႔္က ဆိုပါတယ္။