Unicode Version
လီဗာပူး တိုက်စစ်မှူး မိုဟာမက်ဆာလတ်ရဲ့ အေးဂျင့်ဖြစ်သူ ရမ်မီအက်ဘက်စ်ဟာ အင်္ဂလန်ကို စနေနေ့ မနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး ဝက်ဖို့ဒ်နဲ့ လီဗာပူး ပွဲစဉ်ကို ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
အီဂျစ်တိုက်စစ်မှူးကတော့ လီဗာပူးအတွက် ခြေစွမ်းပြကစားခဲ့ကာ အရမ်းကောင်းမွန်တဲ့ပုံစံကို ပြသနိုင်ခဲ့ပြီး ဒိရာသီမှာ သူ့အတွက် ၁၀ ဂိုးမြောက် သွင်းဂိုးကို လှလှပပသွင်းယူ နိုင်ခဲ့ပါတယ်။
ဆာလတ်ရဲ့ အထင်ကြီးဖွယ်ရာ စွမ်းဆောင်ရည်နောက်မှာတော့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ကိုလံဘီယာသားက လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ကစားသမားကို တစ်ပတ်လုပ်ခ
ပေါင်ငါးသိန်းအထိ ရရှိစေဖို့ ကြိုးစားပေး နေကြောင်း သိရပြီး ယာဂင်ကလော့ပ်ရဲ့ အားအထားရဆုံးကစားသမားကို ထိုက်တန်တဲ့ ခံစားခွင့် ပေးချေရမယ်လို့ ယုံကြည် နေကြောင်းလည်း Daily Mail က ဆိုပါတယ်။
ကနဦး ဆွေးနွေးမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီလို့ သိရပြီး လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းသာ ဆာလတ်က ရရှိနေပြီး စာချုပ်သက်တမ်းကတော့ ၂၀၂၃ ခုနှစ်အထိ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်သစ် မှာတော့ လစာ ၂ဆကျော်အထိ ရရှိဖို့ကို
အေးဂျင့်က အလိုရှိနေပြီး သက်ဆိုင်ရာ လူတွေနဲ့ ဆွေးနွေးနေကာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် ပိုကောင်းတယ်လို့ ကလော့ပ်ချီးကျူးခဲ့တဲ့နောက် ဆာလတ်ကို မြင့်မားတဲ့လုပ်ခလစာ လီဗာပူးဘက်က ပေးသွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါတယ်။
ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာ ကလော့ပ်က ချီးကျူးပြောဆိုခဲ့တာဖြစ်ပြီး ကမ္ဘာ့အဆင့်သွင်းဂိုးတွေကို သူ့ရဲ့တိုက်စစ်မှူးက သွင်းယူပြနေတာလို့လည်း ဆိုခဲ့ပါတယ်။ မန်စီးတီးနဲ့ ပွဲမှာ ဆာလတ် ဂိုးသွင်းယူပြီးကတည်းက
ကလော့ပ်က မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ ခိုင်းနှိုင်းချီးကျူးခဲ့တာဖြစ်ပြီး အီဂျစ်မက်ဆီလို့ နာမည်ကြီးခဲ့တဲ့ ဆာလတ် ကလည်း ပြိုင်ဘက် ခံစစ် ကစားသမားတွေကို တစ်ဦးပြီးတစ်ဦး ကျော်ဖြတ်ပြကာ ဂိုးသွင်းယူပြ နေခဲ့ပါတယ်။
Zawgyi Version
လီဗာပူး တိုက္စစ္မႉး မိုဟာမက္ဆာလတ္ရဲ႕ ေအးဂ်င့္ျဖစ္သူ ရမ္မီအက္ဘက္စ္ဟာ အဂၤလန္ကို စေနေန႕ မနက္ပိုင္းက ေရာက္ရွိလာခဲ့ၿပီး ဝက္ဖို႔ဒ္နဲ႕ လီဗာပူး ပြဲစဥ္ကို ၾကည့္ရႈခဲ့တယ္လို႔ သိရပါတယ္။
အီဂ်စ္တိုက္စစ္မႉးကေတာ့ လီဗာပူးအတြက္ ေျခစြမ္းျပကစားခဲ့ကာ အရမ္းေကာင္းမြန္တဲ့ပုံစံကို ျပသနိုင္ခဲ့ၿပီး ဒိရာသီမွာ သူ႕အတြက္ ၁၀ ဂိုးေျမာက္ သြင္းဂိုးကို လွလွပပသြင္းယူ နိုင္ခဲ့ပါတယ္။
ဆာလတ္ရဲ႕ အထင္ႀကီးဖြယ္ရာ စြမ္းေဆာင္ရည္ေနာက္မွာေတာ့ သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူ ကိုလံဘီယာသားက လီဗာပူးနဲ႕ စာခ်ဳပ္သစ္ကိစၥ ညွိႏွိုင္းမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ သူ႕ရဲ႕ကစားသမားကို တစ္ပတ္လုပ္ခ
ေပါင္ငါးသိန္းအထိ ရရွိေစဖို႔ ႀကိဳးစားေပး ေနေၾကာင္း သိရၿပီး ယာဂင္ကေလာ့ပ္ရဲ႕ အားအထားရဆုံးကစားသမားကို ထိုက္တန္တဲ့ ခံစားခြင့္ ေပးေခ်ရမယ္လို႔ ယုံၾကည္ ေနေၾကာင္းလည္း Daily Mail က ဆိုပါတယ္။
ကနဦး ေဆြးေႏြးမႈေတြကို ျပဳလုပ္နိုင္ခဲ့ၿပီလို႔ သိရၿပီး လက္ရွိမွာ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းသာ ဆာလတ္က ရရွိေနၿပီး စာခ်ဳပ္သက္တမ္းကေတာ့ ၂၀၂၃ ခုႏွစ္အထိ ရွိေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း စာခ်ဳပ္သစ္ မွာေတာ့ လစာ ၂ဆေက်ာ္အထိ ရရွိဖို႔ကို
ေအးဂ်င့္က အလိုရွိေနၿပီး သက္ဆိုင္ရာ လူေတြနဲ႕ ေဆြးေႏြးေနကာ မက္ဆီ၊ ေရာ္နယ္ဒိုတို႔ထက္ ပိုေကာင္းတယ္လို႔ ကေလာ့ပ္ခ်ီးက်ဴးခဲ့တဲ့ေနာက္ ဆာလတ္ကို ျမင့္မားတဲ့လုပ္ခလစာ လီဗာပူးဘက္က ေပးသြားမလားဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းလာခဲ့ပါတယ္။
ဝက္ဖို႔ဒ္နဲ႕ပြဲအၿပီးမွာ ကေလာ့ပ္က ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ၿပီး ကမာၻ႔အဆင့္သြင္းဂိုးေတြကို သူ႕ရဲ႕တိုက္စစ္မႉးက သြင္းယူျပေနတာလို႔လည္း ဆိုခဲ့ပါတယ္။ မန္စီးတီးနဲ႕ ပြဲမွာ ဆာလတ္ ဂိုးသြင္းယူၿပီးကတည္းက
ကေလာ့ပ္က မက္ဆီ၊ ေရာ္နယ္ဒိုတို႔နဲ႕ ခိုင္းႏွိုင္းခ်ီးက်ဴးခဲ့တာျဖစ္ၿပီး အီဂ်စ္မက္ဆီလို႔ နာမည္ႀကီးခဲ့တဲ့ ဆာလတ္ ကလည္း ၿပိဳင္ဘက္ ခံစစ္ ကစားသမားေတြကို တစ္ဦးၿပီးတစ္ဦး ေက်ာ္ျဖတ္ျပကာ ဂိုးသြင္းယူျပ ေနခဲ့ပါတယ္။