Spots news

မန်စီးတီးကို ရောက်ရှိဖို့ နီးစပ်နေပြီ ဖြစ်တဲ့ နှစ်ချို့ဝိုင်တစ်လုံး လီဝန်ဒေါစကီး

Unicode Version

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ အေးဂျင့် ဇဟာဗီက သူ့ကစားသမားဟာ မန်စီးတီးကို ရောက်ရှိလာနိုင်တယ်လို့ Bild ကိုဖွင့်ဟပြောကြားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နွေရာသီတည်းက ဘိုင်ယန်မြူးနစ်က ထွက်ခွာဖို့ ဆန္ဒရှိခဲ့ပေမယ့် အသင်းက လက်မလွှတ်ခဲ့တာကြောင့် ဂျာမန်မြေမှာပဲဆက်ရှိနေခဲ့တာပါ။

လီဝန်ဒေါစကီးဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ အမြဲတမ်းဆန္ဒရှိခဲ့ပြီး အသက် ၃၃ နှစ်ရှိသည့်တိုင် အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ပြသနေဆဲဖြစ်ပါတယ်။ လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် မန်စီးတီးအပြင် ချဲလ်ဆီးကလည်း စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးတို့ ဟာလန်းကိုခေါ်ယူဖို့ ကြိုးစားမှုမအောင်မြင်ခဲ့တာကြောင့် လီဝန်ဒေါစကီးရဲ့ အေးဂျင့် ဇဟာဗီဆီ ချဥ်းကပ်ခဲ့ပါသေးတယ်။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစား၊ ၄၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သလို ၂၀၂၁ Ballon d’Or အတွက်လည်း ရေပန်းစားနေပါတယ်။ လက်ရှိဘောလုံးရာသီမှာလည်း လီဝန်ဒေါစကီးရဲ့ ဂိုးသွင်းခြေစွမ်းက မကျသွားဘဲ (၁၀) ပွဲကစား၊ (၁၃) ဂိုးသွင်းထားပြီးပါပြီ။

လီဝန်ဒေါစကီးကိုယ်တိုင်ကလည်း “ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းက အကောင်းဆုံးပုံစံမှာရှိနေဆဲဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာလည်း အတူတူပါပဲ။ နောက်ထပ် နှစ်ပေါင်းများစွာ ကစားနိုင်ပြီး သေချာပေါက် နောက်ထပ် (၄) နှစ် အနည်းဆုံး ဆက်ကစားနိုင်ပါတယ်။ အဲ့ဒီထက် ပိုကြာကြာကစားနိုင်မလား စောင့်ကြည့်ရမှာပေါ့”

“လွန်ခဲ့တဲ့တစ်နှစ်လောက်ကသာ ကျွန်တော်က အသက် (၂၇) ဆိုရင် အခု ကျွန်တော့်အသက်က (၂၅) (၂၆) လောက်ဖြစ်နေတာမျိုးပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော့် မှတ်တမ်းတွေက အခုချိန်မှာ အကောင်းဆုံးဖြစ်နေလို့လေ” ဆိုပြီး ပြောကြားခဲ့ပါသေးတယ်။

Zawgyi Version

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးရဲ႕ ေအးဂ်င့္ ဇဟာဗီက သူ႕ကစားသမားဟာ မန္စီးတီးကို ေရာက္ရွိလာနိုင္တယ္လို႔ Bild ကိုဖြင့္ဟေျပာၾကားခဲ့ပါတယ္။ လီဝန္ေဒါစကီးဟာ ၿပီးခဲ့တဲ့ေႏြရာသီတည္းက ဘိုင္ယန္ျမဴးနစ္က ထြက္ခြာဖို႔ ဆႏၵရွိခဲ့ေပမယ့္ အသင္းက လက္မလႊတ္ခဲ့တာေၾကာင့္ ဂ်ာမန္ေျမမွာပဲဆက္ရွိေနခဲ့တာပါ။

လီဝန္ေဒါစကီးဟာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြဖို႔ အၿမဲတမ္းဆႏၵရွိခဲ့ၿပီး အသက္ ၃၃ ႏွစ္ရွိသည့္တိုင္ အေကာင္းဆုံး ဂိုးသြင္းစြမ္းရည္ေတြကို ျပသေနဆဲျဖစ္ပါတယ္။ လီဝန္ေဒါစကီးကို ေခၚယူဖို႔အတြက္ မန္စီးတီးအျပင္ ခ်ဲလ္ဆီးကလည္း စိတ္ဝင္စားေနၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ်ဲလ္ဆီးတို႔ ဟာလန္းကိုေခၚယူဖို႔ ႀကိဳးစားမႈမေအာင္ျမင္ခဲ့တာေၾကာင့္ လီဝန္ေဒါစကီးရဲ႕ ေအးဂ်င့္ ဇဟာဗီဆီ ခ်ဥ္းကပ္ခဲ့ပါေသးတယ္။

လီဝန္ေဒါစကီးဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၄၀ ကစား၊ ၄၈ ဂိုးသြင္းယူနိုင္ခဲ့ၿပီး ဥေရာပေ႐ႊဖိနပ္ဆုကို ဆြတ္ခူးနိုင္ခဲ့သလို ၂၀၂၁ Ballon d’Or အတြက္လည္း ေရပန္းစားေနပါတယ္။ လက္ရွိေဘာလုံးရာသီမွာလည္း လီဝန္ေဒါစကီးရဲ႕ ဂိုးသြင္းေျခစြမ္းက မက်သြားဘဲ (၁၀) ပြဲကစား၊ (၁၃) ဂိုးသြင္းထားၿပီးပါၿပီ။

လီဝန္ေဒါစကီးကိုယ္တိုင္ကလည္း “ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္ႀကံ့ခိုင္မႈပိုင္းက အေကာင္းဆုံးပုံစံမွာရွိေနဆဲျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာလည္း အတူတူပါပဲ။ ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာ ကစားနိုင္ၿပီး ေသခ်ာေပါက္ ေနာက္ထပ္ (၄) ႏွစ္ အနည္းဆုံး ဆက္ကစားနိုင္ပါတယ္။ အဲ့ဒီထက္ ပိုၾကာၾကာကစားနိုင္မလား ေစာင့္ၾကည့္ရမွာေပါ့”

“လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကသာ ကြၽန္ေတာ္က အသက္ (၂၇) ဆိုရင္ အခု ကြၽန္ေတာ့္အသက္က (၂၅) (၂၆) ေလာက္ျဖစ္ေနတာမ်ိဳးေပါ့။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ မွတ္တမ္းေတြက အခုခ်ိန္မွာ အေကာင္းဆုံးျဖစ္ေနလို႔ေလ” ဆိုၿပီး ေျပာၾကားခဲ့ပါေသးတယ္။