Spots news

မက်ဆီ နဲ့ ရော်နယ်ဒိုမရှိလဲ ဘာစီနဲ့ မက်ဒရစ်ဒါဘီက ပြင်းထန်နေမှာပဲ ‌ဆိုတဲ့ ဘန်ဇီမာ

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီမာ ကတော့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ မရှိတော့ပေမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်ကလပ်စီကို ဒါဘီပွဲစဉ်ဟာ ကမ္ဘာ့အကောင်းဆုံး ဒါဘီ ဖြစ်နေဆဲပါလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ မြို့ခံပြိုင်ဘက်တွေ မဟုတ်ပေမယ့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ကို အယ်ကလပ်စီကိုဒါဘီ အဖြစ် သတ်မှတ်ထားကြပြီး အယ်ကလပ်စီကိုပွဲစဉ်ဟာ ကမ္ဘာ့အကောင်းဆုံး ဒါဘီပွဲစဉ်တွေထဲက တခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၃နှစ် အတွင်းမှာ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ သူတို့အသင်းတွေရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေ ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ဆုံးရှုံးခဲ့ရတာကြောင့် အယ်ကလပ်စီကို ပွဲစဉ်ဟာ အရင်ကလို ကမ္ဘာ့အကောင်းဆုံး ဒါဘီပွဲစဉ်တခု မဟုတ်တော့ဘူး ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဘန်ဇီမာ ကတော့ အဆိုပါ သုံးသပ်ချက်တွေ မှားယွင်းကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ မရှိတော့ပေမယ့် အယ်ကလပ်စီကိုက ကမ္ဘာ့အကောင်းဆုံး ဒါဘီ အဖြစ် ရှိနေဆဲပါလို့ ပြောကြားခဲ့ပါတယ်။

ဘန်ဇီမာက “ကျွန်တော့်အတွက် အယ်ကလပ်စီကိုပွဲက အတူတူပါပဲ။ အယ်ကလပ်စီကိုဟာ ကမ္ဘာ့အကောင်းဆုံး ဒါဘီပွဲ ဖြစ်နေဆဲပါ။ အယ်ကလပ်စီကိုပွဲ ကောင်းတယ် ၊ မကောင်းဘူး ဆိုတာက ကစားသမားတွေနဲ့ မဆိုင်ပါဘူး။ ဒါဟာ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ရဲ့ သမိုင်းဝင် ဒါဘီပွဲပါ။

ကစားသမားတွေ တယောက်ပြီး တယောက် ပြောင်းသွားလည်း အယ်ကလပ်စီကိုက အကောင်းဆုံး ဖြစ်နေဆဲပါပဲ။ ဇီဒန်း ၊ ရော်နယ်ဒင်ဟို ၊ ရော်နယ်ဒို ၊ အီတူးတို့ မရှိတော့လည်း ရီးရဲလ်နဲ့ ဘာစီလိုနာပွဲက အရင်လိုပါပဲ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ကာရင္ ဘန္ဇီမာ ကေတာ့ လီယြန္နယ္ မက္ဆီနဲ႕ ခရစၥတီယာနို ေရာ္နယ္ဒိုတို႔ မရွိေတာ့ေပမယ့္ ဘာစီလိုနာနဲ႕ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ အယ္ကလပ္စီကို ဒါဘီပြဲစဥ္ဟာ ကမာၻ႔အေကာင္းဆုံး ဒါဘီ ျဖစ္ေနဆဲပါလို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာအသင္းနဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းတို႔ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ေတြ မဟုတ္ေပမယ့္ သူတို႔ႏွစ္သင္း ထိပ္တိုက္ ေတြ႕ဆုံတဲ့ ပြဲစဥ္ကို အယ္ကလပ္စီကိုဒါဘီ အျဖစ္ သတ္မွတ္ထားၾကၿပီး အယ္ကလပ္စီကိုပြဲစဥ္ဟာ ကမာၻ႔အေကာင္းဆုံး ဒါဘီပြဲစဥ္ေတြထဲက တခုပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ၃ႏွစ္ အတြင္းမွာ ဘာစီလိုနာအသင္းနဲ႕ ရီးရဲလ္မက္ဒရစ္အသင္းတို႔ဟာ သူတို႔အသင္းေတြရဲ႕ သမိုင္းတေလွ်ာက္ အေကာင္းဆုံး ကစားသမားေတြ ျဖစ္တဲ့ မက္ဆီနဲ႕ ေရာ္နယ္ဒိုတို႔ကို ဆုံးရႈံးခဲ့ရတာေၾကာင့္ အယ္ကလပ္စီကို ပြဲစဥ္ဟာ အရင္ကလို ကမာၻ႔အေကာင္းဆုံး ဒါဘီပြဲစဥ္တခု မဟုတ္ေတာ့ဘူး ဆိုတဲ့ သုံးသပ္ခ်က္ေတြ ထြက္ေပၚလာပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဘန္ဇီမာ ကေတာ့ အဆိုပါ သုံးသပ္ခ်က္ေတြ မွားယြင္းေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ၿပီး မက္ဆီနဲ႕ ေရာ္နယ္ဒိုတို႔ မရွိေတာ့ေပမယ့္ အယ္ကလပ္စီကိုက ကမာၻ႔အေကာင္းဆုံး ဒါဘီ အျဖစ္ ရွိေနဆဲပါလို႔ ေျပာၾကားခဲ့ပါတယ္။

ဘန္ဇီမာက  “ကြၽန္ေတာ့္အတြက္ အယ္ကလပ္စီကိုပြဲက အတူတူပါပဲ။ အယ္ကလပ္စီကိုဟာ ကမာၻ႔အေကာင္းဆုံး ဒါဘီပြဲ ျဖစ္ေနဆဲပါ။ အယ္ကလပ္စီကိုပြဲ ေကာင္းတယ္ ၊ မေကာင္းဘူး ဆိုတာက ကစားသမားေတြနဲ႕ မဆိုင္ပါဘူး။ ဒါဟာ ရီးရဲလ္နဲ႕ ဘာစီလိုနာတို႔ရဲ႕ သမိုင္းဝင္ ဒါဘီပြဲပါ။

ကစားသမားေတြ တေယာက္ၿပီး တေယာက္ ေျပာင္းသြားလည္း အယ္ကလပ္စီကိုက အေကာင္းဆုံး ျဖစ္ေနဆဲပါပဲ။ ဇီဒန္း ၊ ေရာ္နယ္ဒင္ဟို ၊ ေရာ္နယ္ဒို ၊ အီတူးတို႔ မရွိေတာ့လည္း ရီးရဲလ္နဲ႕ ဘာစီလိုနာပြဲက အရင္လိုပါပဲ” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။