Spots news

လတ်စတာနဲ့ ပွဲအပြီးမှာ ဒေါိသတကြီး ကွင်းထဲကထွက်ဖို့ ကြိုးစားခဲ့တဲ့ ရော်နယ်ဒို

Unicode Version

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက လက်စတာကို ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဒေါသပေါက်ကွဲခဲ့ပြီး အဝတ်လဲခန်းထဲ ချက်ချင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဝေးကွင်းမှာလာရောက်ကစားခဲ့တဲ့ ယူနိုက်တက်ဟာ ဂရင်းဝုဒ်ရဲ့ လှပတဲ့ကန်ချက်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်

မက်ဂွိုင်းရားရဲ့ အမှားကတစ်ဆင့် လက်စတာအတွက် တိုင်လီမန့်စ်ရဲ့ချေပဂိုးကို ခွင့်ပြုခဲ့ရတာပါ။ အဲ့ဒီနောက် ဆိုယန်ကူရဲ့ လက်စတာအတွက် ဦးဆောင်ဂိုးကို လူစားဝင်ကစားသမား ရပ်ရှ်ဖို့ဒ် ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ဗာဒီက လက်စတာအတွက် ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။

လက်စတာအတွက် ပွဲသိမ်းဂိုးကိုတော့ လူစားဝင်ကစားသမားက ဒါကာက သွင်းယူပေးခဲ့ပြီး ယူနိုက်တက်တို့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။ ဒီရှုံးပွဲကြောင့် ယူနိုက်တက်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲဆက်နိုင်ပွဲပျောက်ခဲ့သလို (၂၀၂၀) ဇန်နဝါရီနောက်ပိုင်း ပထမဆုံး အဝေးကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ရှုံးပွဲအပေါ် ဒေါသပေါက်ကွဲခဲ့ပြီး ပွဲသိမ်းခရာမှုတ်တာနဲ့ အဝတ်လဲခန်းထဲ တန်းဝင်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် နည်းပြဆိုးလ်ရှားက ရော်နယ်ဒိုကို တားမြစ်ခဲ့ပြီး အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ယူနိုက်တက်ပရိသတ်တွေဆီ သွားရောက်နှုတ်ဆက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ်တွေဟာ မန်ချက်စတာမြို့ကနေ မိုင် (၁၀၀) ကွာဝေးတဲ့ လက်စတာအိမ်ကွင်းအထိ လိုက်ပါအားပေး ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကလည်း ဆိုးလ်ရှားရဲ့ညွှန်ကြားချက်ကို လိုက်နာကာ ယူနိုက်တက် ပရိသတ်တွေရှိရာဆီ လက်ခုပ်တီး နှုတ်ဆက်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် အဝေးကွင်း (၂၉) ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုအတွက်တော့ ဒီလိုဒေါသထွက်ရတာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း ရော်နယ်ဒိုက စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း အိုးထရက်ဖို့ဒ်ကွင်းထဲက ထွက်သွားခဲ့ဖူးပါသေးတယ်။

Zawgyi Version

ယူနိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ မေန႕ညက လက္စတာကို ၄-၂ ဂိုးနဲ႕ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ေဒါသေပါက္ကြဲခဲ့ၿပီး အဝတ္လဲခန္းထဲ ခ်က္ခ်င္းဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ အေဝးကြင္းမွာလာေရာက္ကစားခဲ့တဲ့ ယူနိုက္တက္ဟာ ဂရင္းဝုဒ္ရဲ႕ လွပတဲ့ကန္ခ်က္နဲ႕ ဦးေဆာင္နိုင္ခဲ့ေပမယ့္

မက္ဂြိုင္းရားရဲ႕ အမွားကတစ္ဆင့္ လက္စတာအတြက္ တိုင္လီမန့္စ္ရဲ႕ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာပါ။ အဲ့ဒီေနာက္ ဆိုယန္ကူရဲ႕ လက္စတာအတြက္ ဦးေဆာင္ဂိုးကို လူစားဝင္ကစားသမား ရပ္ရွ္ဖို႔ဒ္ ျပန္လည္ေခ်ပနိုင္ခဲ့ေပမယ့္ ခ်က္ခ်င္းဆိုသလိုပဲ ဗာဒီက လက္စတာအတြက္ ဦးေဆာင္ဂိုးထပ္မံသြင္းယူခဲ့ပါတယ္။

လက္စတာအတြက္ ပြဲသိမ္းဂိုးကိုေတာ့ လူစားဝင္ကစားသမားက ဒါကာက သြင္းယူေပးခဲ့ၿပီး ယူနိုက္တက္တို႔ အေဝးကြင္းမွာ ရႈံးနိမ့္ခဲ့တာပါ။ ဒီရႈံးပြဲေၾကာင့္ ယူနိုက္တက္အေနနဲ႕ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၃) ပြဲဆက္နိုင္ပြဲေပ်ာက္ခဲ့သလို (၂၀၂၀) ဇန္နဝါရီေနာက္ပိုင္း ပထမဆုံး အေဝးကြင္းရႈံးပြဲနဲ႕ ရင္ဆိုင္ခဲ့ရတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုကေတာ့ ရႈံးပြဲအေပၚ ေဒါသေပါက္ကြဲခဲ့ၿပီး ပြဲသိမ္းခရာမႈတ္တာနဲ႕ အဝတ္လဲခန္းထဲ တန္းဝင္ဖို႔ ႀကိဳးစားခဲ့တာပါ။ ဒါေပမယ့္ နည္းျပဆိုးလ္ရွားက ေရာ္နယ္ဒိုကို တားျမစ္ခဲ့ၿပီး အေဝးကြင္းကို လိုက္ပါအားေပးတဲ့ ယူနိုက္တက္ပရိသတ္ေတြဆီ သြားေရာက္ႏႈတ္ဆက္ဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

ယူနိုက္တက္ ပရိသတ္ေတြဟာ မန္ခ်က္စတာၿမိဳ႕ကေန မိုင္ (၁၀၀) ကြာေဝးတဲ့ လက္စတာအိမ္ကြင္းအထိ လိုက္ပါအားေပး ခဲ့တာျဖစ္ၿပီး ေရာ္နယ္ဒိုကလည္း ဆိုးလ္ရွားရဲ႕ၫႊန္ၾကားခ်က္ကို လိုက္နာကာ ယူနိုက္တက္ ပရိသတ္ေတြရွိရာဆီ လက္ခုပ္တီး ႏႈတ္ဆက္ခဲ့ပါတယ္။

ယူနိုက္တက္အတြက္ အေဝးကြင္း (၂၉) ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ ရပ္တန့္ခဲ့ရတာျဖစ္ၿပီး ေရာ္နယ္ဒိုအတြက္ေတာ့ ဒီလိုေဒါသထြက္ရတာ ပထမဆုံးေတာ့ မဟုတ္ပါဘူး။ အဲဗာတန္နဲ႕ သေရက်ခဲ့တဲ့ အိမ္ကြင္းပြဲမွာလည္း ေရာ္နယ္ဒိုက စိတ္ပ်က္လက္ပ်က္နဲ႕ တစ္ေယာက္တည္း အိုးထရက္ဖို႔ဒ္ကြင္းထဲက ထြက္သြားခဲ့ဖူးပါေသးတယ္။