Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားက ပခုံးခွဲစိတ်ထားတဲ့ ဒဏ်ရာမှ သက်သာလာပြီဖြစ်တဲ့ အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် တိုက်စစ်မှူး ရက်ဖို့ဒ်အနေဖြင့် ယခုအချိန်မှစ၍ ဘောလုံးအတွက် ဦးစားပေးရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ယခုလကုန်မှာ အသက် ၂၄ နှစ်ပြည့်မယ့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များကို စာသင်ကျောင်းများ၌ အခမဲ့စားသောက်ခွင့် ရရှိရေး၊ ကလေးသူငယ် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတဲ့
ကွင်းပြင်ပ လူမှုရေးလုပ်ငန်း များကြောင့် ထင်ရှားကျော်ကြားပြီး ပြီးခဲ့တဲ့ နှစ်အတွင်း ဗြိတိန်ဘုရင်မကြီး ချီးမြှင့်တဲ့ ဘွဲ့ရရှိထားသလို ယခုလအတွင်းမှာပံ မန်ချက်စတာတက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဆွတ်ခူးရရှိ ထားပါတယ်။
နည်းပြ ဆိုးလ်ရှားက “သူက ဘောလုံးသမား တစ်ယောက်အတွက် အကောင်းဆုံးအသက်အရွယ်ကို ရောက်လာပါပြီ။ သူ့အတွက် မန်ချက်စတာ ယူနိုက်တက်မှာ စိန်ခေါ်မှုတစ်ခု ရှိသလို အင်္ဂလန်အတွက် ကစားဖို့ဆိုတဲ့ စိန်ခေါ်မှုတစ်ခုလည်း ရှိပါတယ်။ မားကပ်စ်က အရမ်းထူးခြားပြီး ကောင်းမွန်တဲ့ ကိစ္စတချို့ကို လုပ်ထားတဲ့ သူပါ။
ဒါပေမဲ့ အခုအချိန်မှာ သူ့အတွက် ဘောလုံးကို ဦးစားပေးဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ သူ့ဆီကနေ လိုချင်တာတွေ အများကြီး ရှိတယ်ဆိုတာ မားကပ်စ်လည်း သိပါတယ်။ ဒါပေမဲ့ သူ့ကို အရင်အတိုင်းပြန် ဖြစ်လာစေဖို့ အချိန်တော့ ပေးရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွားက ပခုံးခြဲစိတ္ထားတဲ့ ဒဏ္ရာမွ သက္သာလာၿပီျဖစ္တဲ့ အသင္းရဲ႕ အဂၤလန္ၾကယ္ပြင့္ တိုက္စစ္မႉး ရက္ဖို႔ဒ္အေနျဖင့္ ယခုအခ်ိန္မွစ၍ ေဘာလုံးအတြက္ ဦးစားေပးရန္ လိုအပ္ေၾကာင္း တိုက္တြန္း ေျပာၾကားခဲ့ပါတယ္။
ယခုလကုန္မွာ အသက္ ၂၄ ႏွစ္ျပည့္မယ့္ အဂၤလန္ လက္ေ႐ြးစင္ တိုက္စစ္မႉး ရက္ဖို႔ဒ္ဟာ ဆင္းရဲႏြမ္းပါးတဲ့ ကေလးငယ္မ်ားကို စာသင္ေက်ာင္းမ်ား၌ အခမဲ့စားေသာက္ခြင့္ ရရွိေရး၊ ကေလးသူငယ္ ဆင္းရဲႏြမ္းပါးမႈ တိုက္ဖ်က္ေရး စတဲ့
ကြင္းျပင္ပ လူမႈေရးလုပ္ငန္း မ်ားေၾကာင့္ ထင္ရွားေက်ာ္ၾကားၿပီး ၿပီးခဲ့တဲ့ ႏွစ္အတြင္း ၿဗိတိန္ဘုရင္မႀကီး ခ်ီးျမႇင့္တဲ့ ဘြဲ႕ရရွိထားသလို ယခုလအတြင္းမွာပံ မန္ခ်က္စတာတကၠသိုလ္က ခ်ီးျမႇင့္သည့္ ဂုဏ္ထူးေဆာင္ ေဒါက္တာဘြဲ႕ ဆြတ္ခူးရရွိ ထားပါတယ္။
နည္းျပ ဆိုးလ္ရွားက “သူက ေဘာလုံးသမား တစ္ေယာက္အတြက္ အေကာင္းဆုံးအသက္အ႐ြယ္ကို ေရာက္လာပါၿပီ။ သူ႕အတြက္ မန္ခ်က္စတာ ယူနိုက္တက္မွာ စိန္ေခၚမႈတစ္ခု ရွိသလို အဂၤလန္အတြက္ ကစားဖို႔ဆိုတဲ့ စိန္ေခၚမႈတစ္ခုလည္း ရွိပါတယ္။ မားကပ္စ္က အရမ္းထူးျခားၿပီး ေကာင္းမြန္တဲ့ ကိစၥတခ်ိဳ႕ကို လုပ္ထားတဲ့ သူပါ။
ဒါေပမဲ့ အခုအခ်ိန္မွာ သူ႕အတြက္ ေဘာလုံးကို ဦးစားေပးဖို႔ လိုပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ အေနနဲ႕ သူ႕ဆီကေန လိုခ်င္တာေတြ အမ်ားႀကီး ရွိတယ္ဆိုတာ မားကပ္စ္လည္း သိပါတယ္။ ဒါေပမဲ့ သူ႕ကို အရင္အတိုင္းျပန္ ျဖစ္လာေစဖို႔ အခ်ိန္ေတာ့ ေပးရမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။