Spots news

နယူးကာဆယ်နဲ့ ပွဲမှာ အသင်းအတွက် လိဂ်ဂိုးစတင်ရယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်း

Unicode Version

မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတို့ရဲ့ ပွဲစဉ်မှာ စပါးအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နယူးကာဆယ်ရဲ့ ဦးဆောင်ဂိုးအား ဂိုးပေါက်ပျောက်နေတာ ကြာပြီဖြစ်တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက စပါးအသင်းအတွက် ဟိုဘ်ဂျက်ရဲ့ ဖန်တီးမှုကနေ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

အဆိုပါ ဂိုးအတွက် လူကျွံဘောဖြစ်သလို မသေချာခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ ဂိုးအဖြစ် ခွင့်ပြု ခဲ့ပါတယ်။ အင်္ဂလန် ပရိးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူးတစ်ယောက် ဖြစ်တာနဲ့အညီ  ဟယ်ရီကိန်းဟာ ယခုနှစ် အတွင်း ကစားထားတဲ့ ၆ပွဲ ဆက် ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံနဲ့ ကလပ်အတွက် ခြေစွမ်း ပျောက်ဆုံးနေပေမယ့် သူရဲ့ အရည်အသွေးနဲ့ ပက်သက်လို့သံသယမဖြစ်မိဘူးလို့ ရက်နပ်က ပြောပါတယ်။ “ဟိုဘ်ဂျက်ဆီက ဘောလုံးရတာနဲ့ကိန်းက လျင်လျင်မြန်မြန် လှုပ်ရှားခဲ့တယ် သိပ်လှတဲ့ အဆုံးဖြစ်ပါတယ်။ သူအတွက်ကတော့ အသာအယာကန်သွင်းလိုက်သလိုပါဘဲ ခြေစွမ်း ထိပ်တန်းအဆင့်က တည်မြဲပါတယ် ” လို့ဆိုပါတယ်။

မန်စီးတီး အသင်းက ဟယ်ရီကိန်းကို ပြီးခဲ့တဲ့ အပြောင်း ‌အရွေ့မှာ ခေါ်ယူဖို့ ပြင်းပြင်ထန်ထန် ကြိုးစားခဲ့ပြီး ဟယ်ရီကိန်းကလဲ မန်စီးတီးကို ပြောင်းရွေ့ရန် စိတ်ဝင်စားခဲ့ပေမယ့် စပါးအသင်းက လက်မလွှတ်ခဲ့တဲ့ အတွက် ဆုဖလားအောင်မြင်မှု လိုချင်တဲ့ ဟယ်ရီကိန်းဟာ စိတ်ဓာတ် ကျဆင်းနေသယောင် ဖြစ်ခဲ့ပြီး ရာသီအစ စပါးရဲ့ ပွဲတွေမှာ သွင်းဂိုးတွေ ပျောက်ဆုံး နေခဲ့တာ ဖြစ်ပါတယ်။

အခုတော့ နယူးကာဆယ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ဂိုးစရခဲ့ပြီ ဖြစ်လို့ ဟယ်ရီကိန်းအနေနဲ့ ယုံကြည်မှုတွေ ရှိလာဖို့ ပရိတ်သတ်များက မျှော်လင့်နေပြီး လာမယ့်ပွဲတွေမှာ ပုံမှန်ဂိုးသွင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ပြီးခဲ့တဲ့ရာသီက ကိန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၃ဂိုးအထိ စပါးအသင်းအတွက် သွင်းယူပေးခဲ့ပါတယ်။

Zawgyi Version

မေန႕ညကယွဥ္ၿပိဳင္ကစားခဲ့တဲ့ နယူးကာဆယ္နဲ႕ ေတာ့တင္ဟမ္ ေဟာ့စပါး အသင္းတို႔ရဲ႕ ပြဲစဥ္မွာ စပါးအသင္းက ၃ ဂိုး ၂ ဂိုးနဲ႕ အနိုင္ရရွိခဲ့ၿပီး နယူးကာဆယ္ရဲ႕ ဦးေဆာင္ဂိုးအား ဂိုးေပါက္ေပ်ာက္ေနတာ ၾကာၿပီျဖစ္တဲ့ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းက စပါးအသင္းအတြက္ ဟိုဘ္ဂ်က္ရဲ႕ ဖန္တီးမႈကေန ေခ်ပဂိုး သြင္းယူေပးခဲ့ပါတယ္။

အဆိုပါ ဂိုးအတြက္ လူကြၽံေဘာျဖစ္သလို မေသခ်ာခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ ဂိုးအျဖစ္ ခြင့္ျပဳ ခဲ့ပါတယ္။ အဂၤလန္ ပရိးမီးယားလိဂ္ရဲ႕ ထိပ္တန္း တိုက္စစ္မႉးတစ္ေယာက္ ျဖစ္တာနဲ႕အညီ  ဟယ္ရီကိန္းဟာ ယခုႏွစ္ အတြင္း ကစားထားတဲ့ ၆ပြဲ ဆက္ ဂိုးမသြင္းနိုင္ခဲ့လို႔ ေဝဖန္မႈေတြ ရွိေနခဲ့တာ ျဖစ္ပါတယ္။

နိုင္ငံနဲ႕ ကလပ္အတြက္ ေျခစြမ္း ေပ်ာက္ဆုံးေနေပမယ့္ သူရဲ႕ အရည္အေသြးနဲ႕ ပက္သက္လို႔သံသယမျဖစ္မိဘူးလို႔ ရက္နပ္က ေျပာပါတယ္။ “ဟိုဘ္ဂ်က္ဆီက ေဘာလုံးရတာနဲ႕ကိန္းက လ်င္လ်င္ျမန္ျမန္ လႈပ္ရွားခဲ့တယ္ သိပ္လွတဲ့ အဆုံးျဖစ္ပါတယ္။ သူအတြက္ကေတာ့ အသာအယာကန္သြင္းလိုက္သလိုပါဘဲ ေျခစြမ္း ထိပ္တန္းအဆင့္က တည္ၿမဲပါတယ္ ” လို႔ဆိုပါတယ္။

မန္စီးတီး အသင္းက ဟယ္ရီကိန္းကို ၿပီးခဲ့တဲ့ အေျပာင္း ‌အေ႐ြ႕မွာ ေခၚယူဖို႔ ျပင္းျပင္ထန္ထန္ ႀကိဳးစားခဲ့ၿပီး ဟယ္ရီကိန္းကလဲ မန္စီးတီးကို ေျပာင္းေ႐ြ႕ရန္ စိတ္ဝင္စားခဲ့ေပမယ့္ စပါးအသင္းက လက္မလႊတ္ခဲ့တဲ့ အတြက္ ဆုဖလားေအာင္ျမင္မႈ လိုခ်င္တဲ့ ဟယ္ရီကိန္းဟာ စိတ္ဓာတ္ က်ဆင္းေနသေယာင္ ျဖစ္ခဲ့ၿပီး ရာသီအစ စပါးရဲ႕ ပြဲေတြမွာ သြင္းဂိုးေတြ ေပ်ာက္ဆုံး ေနခဲ့တာ ျဖစ္ပါတယ္။

အခုေတာ့ နယူးကာဆယ္နဲ႕ပြဲမွာ ပရီးမီးယားလိဂ္ဂိုးစရခဲ့ၿပီ ျဖစ္လို႔ ဟယ္ရီကိန္းအေနနဲ႕ ယုံၾကည္မႈေတြ ရွိလာဖို႔ ပရိတ္သတ္မ်ားက ေမွ်ာ္လင့္ေနၿပီး လာမယ့္ပြဲေတြမွာ ပုံမွန္ဂိုးသြင္းနိုင္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ရာသီက ကိန္းဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၂၃ဂိုးအထိ စပါးအသင္းအတြက္ သြင္းယူေပးခဲ့ပါတယ္။