Spots news

ယူနိုက်တက်နည်းပြနေရာကို ဝင်ရောက်ဖို့ အသင့်ရှိနေတဲ့ ဇီဒန်း

Unicode Version

ကမ္ဘာကျော် အီတလီအားကစားသတင်းထောက် တစ်ဦးဖြစ်သူ Fabrizio Romano ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်နဲ့ ပတ်သက်ပြီး၊ ဇီဒန်းရဲ့ အခြေအနေကို တရားဝင် ထုတ်ဖော်လိုက်ပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂမ်နာ ဆိုးလ်ရှားကတော့ နောက်ပိုင်းမှာ ရလဒ်ပိုင်း ဆိုးရွားနေမှုတွေကြောင့် လက်ရှိ နည်းပြရာထူးကနေ ထုတ်ပါယ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့သလို၊ ပြိုင်ပွဲစုံ နောက်ဆုံး(၁၉)ပွဲဆက်တိုက် ခံစစ်က ပေးဂိုးတွေ ခွင့်ပြုပေးနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ထူထုတ်ပုံနဲ့ ကစားကွက် အခင်းအကျင်း အားနည်းမှုတွေကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာလည် ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အောက်တိုဘာလတစ်လလုံးမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ အပါအဝင်၊ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်၊ စပါး၊ မန်စီးတီး၊ ချဲလ်ဆီး အစရှိတဲ့ အင်အားကြီးအသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး၊ ခက်ခဲတဲ့ ပွဲကျပ်ကာလတစ်ခုကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ နီးစပ်သူတွေကတော့ ဆိုးလ်ရှားအတွက် နောက်ဆုံး(၃)ပွဲလောက် ရလဒ်ပိုင်းကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး၊ ရလဒ်ကောင်း မစွမ်းဆောင်နိုင်ခဲ့ပါက နည်းပြရာထူးကနေ ထုတ်ပါယ်သွားမှာ ဖြစ်ပြီး၊ နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ ဆိုကြပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ အသစ်ခန့်အပ်မယ့် နည်းပြသစ် သတင်းတွေနဲ့ ပတ်သက်ပြီး၊ Fabrizio Romano ကတော့ တရားဝင် ပြောပြသွားခဲ့ပါတယ်။ “ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိမှာ ဇီဒန်းကို နည်းပြရာထူးအတွက် တရားဝင် ဆက်သွယ်လာတာမျိုး မပြုလုပ်ရသေးပါဘူး။”

“ ဇီဒန်း ဘက်ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကသာ နည်းပြ ရာထူးအတွက် ကမ်းလှမ်း လာမယ်ဆိုရင် လက်ခံဖို့ အဆင်သင့် ပါပဲ” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းရက်တွေမှာ Fabrizio ကိုယ်တိုင် ယူနိုက်တက်ရဲ့ နည်းပြသစ်ခန့်အပ်မှု သတင်းတွေကို ငြင်းဆန်ခဲ့ပေမယ့်၊ ယခုအချိန်မှာတော့ အချက်အလက် အတိအကျဖြင့် သူကိုယ်တိုင်က ဖွင့်ဟခဲ့တာ ဖြစ်ပါ တယ်။

ယူနိုက်တက်အသင်းအတွက် လတ်တလော သတင်းတွေအရ နည်းပြသစ်အတွက် ကွန်တီကို အလေးပေးဖော်ပြနေကြပေမယ့်၊ Fabrizio ကတော့ ဇီဒန်းရဲ့ ယူနိုက်တက်အတွက် လမ်းဖွင့်ထားတဲ့ သတင်းကို ထုတ်ဖော် လိုက်တာ ဖြစ်ပါတယ်။

Zawgyi Version

ကမာၻေက်ာ္ အီတလီအားကစားသတင္းေထာက္ တစ္ဦးျဖစ္သူ Fabrizio Romano ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပသစ္နဲ႕ ပတ္သက္ၿပီး၊ ဇီဒန္းရဲ႕ အေျခအေနကို တရားဝင္ ထုတ္ေဖာ္လိုက္ပါတယ္။

လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ အိုေလဂမ္နာ ဆိုးလ္ရွားကေတာ့ ေနာက္ပိုင္းမွာ ရလဒ္ပိုင္း ဆိုး႐ြားေနမႈေတြေၾကာင့္ လက္ရွိ နည္းျပရာထူးကေန ထုတ္ပါယ္ခံရနိုင္တယ္ဆိုတဲ့ သတင္းေတြ ေတာက္ေလွ်ာက္ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး(၃)ပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးေနခဲ့သလို၊ ၿပိဳင္ပြဲစုံ ေနာက္ဆုံး(၁၉)ပြဲဆက္တိုက္ ခံစစ္က ေပးဂိုးေတြ ခြင့္ျပဳေပးေနခဲ့ရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းရဲ႕ ထူထုတ္ပုံနဲ႕ ကစားကြက္ အခင္းအက်င္း အားနည္းမႈေတြေၾကာင့္ ေဝဖန္မႈေတြ ျမင့္တက္ေနတာလည္ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းအေနနဲ႕ ေအာက္တိုဘာလတစ္လလုံးမွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြ အပါအဝင္၊ ပရီးမီးယားလိဂ္မွာ လီဗာပူးလ္၊ စပါး၊ မန္စီးတီး၊ ခ်ဲလ္ဆီး အစရွိတဲ့ အင္အားႀကီးအသင္းေတြနဲ႕ ရင္ဆိုင္ရဖို႔ ရွိေနၿပီး၊ ခက္ခဲတဲ့ ပြဲက်ပ္ကာလတစ္ခုကို ျဖတ္သန္းရဦးမွာ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းရဲ႕ နီးစပ္သူေတြကေတာ့ ဆိုးလ္ရွားအတြက္ ေနာက္ဆုံး(၃)ပြဲေလာက္ ရလဒ္ပိုင္းကို ေစာင့္ၾကည့္သြားမွာ ျဖစ္ၿပီး၊ အကယ္၍မ်ား ရလဒ္ေကာင္း မစြမ္းေဆာင္နိုင္ခဲ့ပါက နည္းျပရာထူးကေန ထုတ္ပါယ္သြားမွာ ျဖစ္ၿပီး၊ နည္းျပသစ္တစ္ဦး ခန့္အပ္ဖို႔ စီစဥ္ေနတယ္လို႔ ဆိုၾကပါတယ္။

လက္ရွိ ယူနိုက္တက္ရဲ႕ အသစ္ခန့္အပ္မယ့္ နည္းျပသစ္ သတင္းေတြနဲ႕ ပတ္သက္ၿပီး၊ Fabrizio Romano ကေတာ့ တရားဝင္ ေျပာျပသြားခဲ့ပါတယ္။ “ယူနိုက္တက္အသင္းအေနနဲ႕ လက္ရွိမွာ ဇီဒန္းကို နည္းျပရာထူးအတြက္ တရားဝင္ ဆက္သြယ္လာတာမ်ိဳး မျပဳလုပ္ရေသးပါဘူး။”

“ ဇီဒန္း ဘက္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကသာ နည္းျပ ရာထူးအတြက္ ကမ္းလွမ္း လာမယ္ဆိုရင္ လက္ခံဖို႔ အဆင္သင့္ ပါပဲ” ဆိုၿပီး ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အေစာပိုင္းရက္ေတြမွာ Fabrizio ကိုယ္တိုင္ ယူနိုက္တက္ရဲ႕ နည္းျပသစ္ခန့္အပ္မႈ သတင္းေတြကို ျငင္းဆန္ခဲ့ေပမယ့္၊ ယခုအခ်ိန္မွာေတာ့ အခ်က္အလက္ အတိအက်ျဖင့္ သူကိုယ္တိုင္က ဖြင့္ဟခဲ့တာ ျဖစ္ပါ တယ္။

ယူနိုက္တက္အသင္းအတြက္ လတ္တေလာ သတင္းေတြအရ နည္းျပသစ္အတြက္ ကြန္တီကို အေလးေပးေဖာ္ျပေနၾကေပမယ့္၊ Fabrizio ကေတာ့ ဇီဒန္းရဲ႕ ယူနိုက္တက္အတြက္ လမ္းဖြင့္ထားတဲ့ သတင္းကို ထုတ္ေဖာ္ လိုက္တာ ျဖစ္ပါတယ္။