Unicode Version
မန်စီးတီးအသင်းဟာ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုရဲ့ နေရာကို အစားထိုးဖို့ အတွက် ဝက်စ်ဟမ်းနဲ့ အင်္ဂလန်ကြယ်ပွင့် ဒီကလန်ရိုက်စ်ကို ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် အသင်းတို့နဲ့ အပြိုင် ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းမီဒီယာ များက ဖော်ပြထားပါတယ်။
အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်လူကြီး ဖာနန်ဒင်ဟိုဟာ မန်စီးတီးအသင်းကို ၂၀၁၃ ကတည်းက ရောက်ရှိနေခဲ့တာ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တိုးထားခဲ့ပေမယ့် လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတဲ့အတွက် မန်စီးတီးဘက်က ဖာနန်ဒင်ဟိုနေရာမှာ အစားထိုးဖို့ ကစားသမားတစ်ဦး ပြန်လည်အလိုရှိနေတာ ဖြစ်ပါတယ်။
ဖာနန်ဒင်ဟိုနေရာမှာ အစားထိုးဖို့အတွက် ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်ကို မန်စီးတီး အသင်းက ယခင်ကတည်းက စိတ်ဝင်စားနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် ဝါရင့်ကွင်းလယ်လူကြီး ဖာနန်ဒင်ဟိုကိုသာ တစ်နှစ်သက်တမ်းတိုးဖို့ကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့တာကြောင့် ကမ်းလှမ်းမှုတွေ ဖြစ်မလာခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဖာနန်ဒင်ဟိုနဲ့ လက်တွဲဖြုတ်ရချိန် ရောက်လာရင်တော့ သူရဲ့နေရာအတွက် အသက် ၂၂ နှစ်အရွယ်သာ ရှိသေးပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရင့် အင်္ဂလန်ကြယ်ပွင့် ဒီကလန်ရိုက်စ်နဲ့သာ ပြန်လည်အစားထိုးဖို့ စီစဉ်ထားပြီး ရိုက်စ်ကလည်း ဖာနန်ဒင်ဟိုရဲ့နေရာမှာ အကောင်းဆုံး အစားထိုး ဝင်ရောက်နိုင်လိမ့်မယ်လို့ မန်စီးတီးဘက်က ယုံကြည်နေပါတယ်။
ဒါပေမယ့် ရိုက်စ်က ဝက်စ်ဟမ်းအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ သက်တမ်းတစ်ရပ် ကျန်ရှိနေသေးသလို လတ်တလောမှာလည်း သူ့ကို ထိပ်တန်း ကလပ်တွေကနေ စိတ်ဝင်စားလျက်လည်း ရှိနေတာဖြစ်လို့ မန်စီးတီးအသင်းအနေနဲ့ ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးပေါင်းများစွာ အသုံးပြုပြီး ကမ်းလှမ်းရဖွယ် ရှိနေရပါတယ်။
Zawgyi Version
မန္စီးတီးအသင္းဟာ ရာသီကုန္မွာ အသင္းနဲ႕ လမ္းခြဲေတာ့မယ့္ ဝါရင့္ကြင္းလယ္လူ ဖာနန္ဒင္ဟိုရဲ႕ ေနရာကို အစားထိုးဖို႔ အတြက္ ဝက္စ္ဟမ္းနဲ႕ အဂၤလန္ၾကယ္ပြင့္ ဒီကလန္ရိုက္စ္ကို ခ်ယ္လ္ဆီး ၊ မန္ခ်က္စတာ ယူနိုက္တက္ အသင္းတို႔နဲ႕ အၿပိဳင္ ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းမီဒီယာ မ်ားက ေဖာ္ျပထားပါတယ္။
အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ဝါရင့္ကြင္းလယ္လူႀကီး ဖာနန္ဒင္ဟိုဟာ မန္စီးတီးအသင္းကို ၂၀၁၃ ကတည္းက ေရာက္ရွိေနခဲ့တာ ျဖစ္ၿပီး အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္တိုးထားခဲ့ေပမယ့္ လက္ရွိ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္မွာ အသင္းနဲ႕ လက္တြဲျဖဳတ္ဖြယ္ ရွိေနတဲ့အတြက္ မန္စီးတီးဘက္က ဖာနန္ဒင္ဟိုေနရာမွာ အစားထိုးဖို႔ ကစားသမားတစ္ဦး ျပန္လည္အလိုရွိေနတာ ျဖစ္ပါတယ္။
ဖာနန္ဒင္ဟိုေနရာမွာ အစားထိုးဖို႔အတြက္ ဝက္စ္ဟမ္း ကြင္းလယ္ကစားသမား ဒီကလန္ ရိုက္စ္ကို မန္စီးတီး အသင္းက ယခင္ကတည္းက စိတ္ဝင္စားေနတာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြေစ်းကြက္ကတည္းက ေခၚယူဖို႔ စီစဥ္ခဲ့ေပမယ့္ ဝါရင့္ကြင္းလယ္လူႀကီး ဖာနန္ဒင္ဟိုကိုသာ တစ္ႏွစ္သက္တမ္းတိုးဖို႔ကိုသာ ဦးစားေပး လုပ္ေဆာင္ခဲ့တာေၾကာင့္ ကမ္းလွမ္းမႈေတြ ျဖစ္မလာခဲ့ရတာ ျဖစ္ပါတယ္။
ဒါေပမယ့္ ဖာနန္ဒင္ဟိုနဲ႕ လက္တြဲျဖဳတ္ရခ်ိန္ ေရာက္လာရင္ေတာ့ သူရဲ႕ေနရာအတြက္ အသက္ ၂၂ ႏွစ္အ႐ြယ္သာ ရွိေသးၿပီး ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရင့္ အဂၤလန္ၾကယ္ပြင့္ ဒီကလန္ရိုက္စ္နဲ႕သာ ျပန္လည္အစားထိုးဖို႔ စီစဥ္ထားၿပီး ရိုက္စ္ကလည္း ဖာနန္ဒင္ဟိုရဲ႕ေနရာမွာ အေကာင္းဆုံး အစားထိုး ဝင္ေရာက္နိုင္လိမ့္မယ္လို႔ မန္စီးတီးဘက္က ယုံၾကည္ေနပါတယ္။
ဒါေပမယ့္ ရိုက္စ္က ဝက္စ္ဟမ္းအသင္းနဲ႕ ၂၀၂၄ ခုႏွစ္အထိ သက္တမ္းတစ္ရပ္ က်န္ရွိေနေသးသလို လတ္တေလာမွာလည္း သူ႕ကို ထိပ္တန္း ကလပ္ေတြကေန စိတ္ဝင္စားလ်က္လည္း ရွိေနတာျဖစ္လို႔ မန္စီးတီးအသင္းအေနနဲ႕ ရိုက္စ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္းမ်ားစြာ အသုံးျပဳၿပီး ကမ္းလွမ္းရဖြယ္ ရွိေနရပါတယ္။